မိုးကုတ်၊ မိုးမိတ်မြို့ထဲ စစ်ကော်မရှင်တပ် ပြန်ဝင်ရေးအတွက် TNLA အင်အားဖြည့် ဖြန့်ကြက်ချထား

သျှမ်းပြည်မြောက်ပိုင်းနှင့် မန္တလေးတိုင်းနယ်စပ်ရှိ မိုးကုတ်၊ မိုးမိတ်မြို့များထဲသို့ စစ်ကော်မရှင်တပ်များ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် TNLA က စစ်အင်အား ဖြန့်ကြက်ချထားကာ လုံခြုံရေး ယူပေးနေကြောင်း ဒေသခံများပြောဆိုမှုအရ သိရသည်။

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က တပ်ဆုတ်ခွာမည်ဟု ကြေညာထားသည့် မိုးကုတ်နှင့် မိုးမိတ်မြို့များထဲသို့ စစ်ကော်မရှင်တပ်များ ပြန်လည်ဝင်ရောက်လာပါက လုံခြုံရေး ယူပေးနိုင်ရန်အတွက် ယခု နိုဝင်ဘာလ နောက်ဆုံးပတ်မှ စတင်၍ TNLA ဘက်က စစ်အင်အားများကို မြို့ပတ်လည်တွင် တိုးမြှင့်ချထားကာ လုံခြုံရေးယူနေသည်ဟု ဒေသခံများက ပြောသည်။

“TNLA က တပ်ဆုတ်မယ်ပြောပေမယ့် စစ်တပ်ဝင်လာရင် လုံခြုံရေးယူဖို့ အင်အား ထပ်တိုးထားတယ်။ မန်ဖွယ်နဲ့ မန်အုံ မြို့ပြင်လိုနေရာတွေရော၊ မြို့ထဲမှာပါ စစ်တပ်ကို လုံခြုံရေးယူပေးဖို့ အများကြီးပဲ အင်အားစုထားတာ။ စစ်တပ်က ဘယ်ဘက်က ဝင်လာမလဲ မသိရသေးဘူး၊ တချို့ကလည်း အထက်ပိုင်းကနေ လာမယ်လို့လည်း ပြောနေကြတယ်” – ဟု မိုးမိတ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုးကုတ်နှင့် မိုးမိတ် နှစ်မြို့လုံးတွင် TNLA နှင့် စစ်ကော်မရှင်ကြား ဆက်ဆံရေးရုံး ဖွင့်လှစ်ထားကြောင်း သိရပြီး ယနေ့ (နိုဝင်ဘာလ ၂၅ ရက်) နောက်ဆုံးထား၍ TNLA လက်အောက်ခံ ရဲတပ်ဖွဲ့နှင့် အခြားရုံး ဝန်ထမ်းများ မြို့ထဲမှ ဆုတ်ခွာနေကြောင်း မိုးမိတ်ဒေသခံများက ပြောသည်။

လက်ရှိ မိုးကုတ်နှင့် မိုးမိတ်မြို့များတွင် စစ်ကောင်စီတပ် ပြန်လည်ဝင်ရောက်လာပါက TNLA ဘက်မှ လုံခြုံရေးယူပေးရန် စစ်အင်အား ဖြည့်တင်းနေခြင်းနှင့် ပတ်သက်၍ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦး ထံ မေးမြန်းအတည်ပြုနိုင်ရန် သျှမ်းသံတော်ဆင့်မှ ဆက်သွယ်ခဲ့သော်လည်း ယခင်က လက်ခံဖြေကြားခဲ့သည့် ဖုန်းနံပါတ်မှာ “တပ်ဆင်ထားခြင်းမရှိပါ” ဖြုတ်ချထားသည်။

“TNLA ရဲနဲ့ သူ့ရုံးဝန်ထမ်းတွေတော့ ၂၅ ရက်နေ့ နောက်ဆုံးထားပြီး မြို့ထဲက ထွက်နေကြပြီ။ တချို့လည်း ၂၅ ရက်နေ့ အပြီးထွက်ဖို့ ပြောကြလို့ မနေ့ကတည်းက ပစ္စည်းသိမ်းပြီး ထွက်နေကြပြီ။ နောင်ချို၊ ကျောက်မဲလို စစ်တပ်ပြန်ရပြီးရင် ဟိုလူဖမ်း ဒီလူဖမ်း အဲလိုလုပ်မှာ ကြောက်လို့ အများကြီး ပြေးကြတယ်။ စိုးရိမ်တာကတော့ PDF နဲ့ တိုက်ပွဲထပ်ဖြစ်မှာ ကြောက်တာ” – ဟု မိုးမိတ်ဒေသခံ ၎င်းအမျိုးသားက ဆက်ပြောသည်။

လာမည့် နိုဝင်ဘာလ ၃၀ ရက်တွင် စစ်ကောင်စီတပ်ကို TNLA ဘက်က လုံခြုံရေးယူပေးကာ မိုးကုတ်မြို့ထဲသို့ အတူဝင်ရောက်မည်ဟု သိရပြီး မိုးကုတ်မြို့သိမ်းတိုက်ပွဲတွင် အတူပါဝင် တိုက်ခိုက်ခဲ့ကြသည့် တော်လှန်ရေးအင်အားစု PDF တပ်ဖွဲ့များမှာ မြို့ပြင်ဘက်သို့ ဆုတ်ခွာထားရကြောင်း မိုးကုတ်ဒေသခံများက ပြောသည်။

“စစ်တပ်ကို TNLA က လုံခြုံရေးယူပေးပြီး မိုးကုတ်ကို ၃၀ ရက်နေ့မှာ ခေါ်လာမယ်။ PDF တွေကိုတော့ သေနတ်မဖောက်ရဘူး၊ စစ်အင်အား မဖြည့်ရဘူးလို့ ပြောထားတာ ကြားတယ်။ အခု မြို့ထဲမှာလည်း မျက်နှာစိမ်းတွေ အများကြီး ရောက်လာတယ်။ သူတို့ (TNLA) ဆက်ဆံရေးရုံးက ဆိုင်းဘုတ် မတင်ထားတော့ လူမသိကြတာ” – ဟု မိုးကုတ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုးမိတ်မြို့အဝင်၌ မန္တလေး-PDF တပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ-MDY PDF)

အခြားတစ်ဖက်တွင် မိုးကုတ်မြို့သိမ်းတိုက်ပွဲတွင် အတူပါဝင် တိုက်ခိုက်ခဲ့ကြသည့် တော်လှန်ရေး အင်အားစု PDF တပ်ဖွဲ့များကို TNLA ဘက်က နိုဝင်ဘာလ ၁၆ ရက်နေ့၌ ခေါ်ယူတွေ့ဆုံခဲ့ပြီး စစ်ကော်မရှင်တပ် ပြန်လည်ဝင်ရောက်လာပါက သေနတ်ပစ်ဖောက်ခြင်း၊ တိုက်ခိုက်ခြင်း မပြုလုပ်ရန် ပြောဆိုခဲ့ကြောင်း သတင်းများ ထွက်ပေါ်နေသည်။

TNLA နှင့် စစ်ကောင်စီ ကိုယ်စားလှယ်များ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် လားရှိုးမြို့ပေါ်၌ ထပ်မံတွေ့ဆုံခဲ့ပြီး မိုးကုတ်နှင့် မိုးမိတ်မြို့တို့မှ တပ်ဆုတ်မည့် အစီအစဉ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၂၇-၂၈ ရက်နေ့များတွင် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုကြောင့် TNLA နှင့် စစ်ကောင်စီ ကိုယ်စားလှယ်တို့ တရုတ်နိုင်ငံ ကူမင်းမြို့၌ (၉) ကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့ပြီး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့သည်။ သဘောတူ သတ်မှတ်ထားသည့် ကာလတွင် မိုးကုတ်နှင့် မိုးမိတ်မြို့နယ်များမှ TNLA တပ်ဆုတ်ခွာပေးမည် ဖြစ်ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ အောက်တိုဘာလ ၂၉ ရက်နေ့တွင် တရားဝင် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၆ ရက် ညပိုင်းတွင် TNLA တပ်ဆုတ်ခွာမည်ဟု ကြေညာထားသည့် မိုးကုတ်မြို့၌ တော်လှန်ရေးအင်အားစုများနှင့် ဒေသခံပြည်သူများက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် စစ်ကောင်စီ ဘက်မှ မြို့ထဲသို့ ပြန်လည်ဝင်ရောက်လာမည်ကို လုံးဝလက်မခံရေးအတွက် သံပုံးတီး ဆန္ဒပြခဲ့ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျေးသီး စစ်ကော်မရှင်တပ် တရုတ်ကုန်ပစ္စည်း စစ်ဆေးတင်းကြပ်၊ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်

0
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်တွင် တရုတ်ကုန်ပစ္စည်းများ သယ်ဆောင်လာသည့် ကားများကို စစ်ကော်မရှင်တပ် စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးတင်းကြပ်မှုကြောင့် ကုန်စျေးနှုန်း အဆမတန် မြင့်တက်လာကြောင်း သတင်းရရှိသည်။ ယခု ဖေဖော်ဝါရီ လဆန်းပိုင်းမှစပြီး ကျေးသီးမြို့နယ်ရှိ စစ်ကော်မရှင်တပ် စစ်ဆေးရေးဂိတ်တွင် မြန်မာ-တရုတ် နယ်စပ်ရှိ ညီနောင်မဟာမိတ်ထိန်းချုပ် နယ်စပ်ဂိတ်များမှ ဖြတ်သန်းတင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများကို စစ်ဆေးတင်းကြပ်နေကြောင်း...

မိုးကုတ် စစ်ကော်မရှင်တပ် အင်အားဖြည့် စစ်ကြောင်းထိုး၊ PDF တပ်များနှင့် ထိတွေ့တိုက်ပွဲပြင်းထန်

0
သျှမ်းပြည်-မန္တလေးတိုင်းနယ်စပ်ရှိ မိုးကုတ်မြို့တွင် စစ်ကော်မရှင်တပ်ဘက်မှ အင်အားဖြည့် စစ်ကြောင်းထိုးခြင်းကြောင့် တော်လှန်ရေးအင်အားစု PDF တပ်များနှင့် ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၈ ရက်) နံနက်ပိုင်းမှ စတင်၍ မိုးကုတ်မြို့နယ်ရှိ ချောင်းကြီးနှင့် ရှမ်းကုန်းစံ ကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးအင်အားစု PDF တပ်များ...

ဖယ်ခုံ စစ်ကော်မရှင်တပ် လက်နက်ကြီး ရမ်းသမ်းပစ် အမျိုးသားတစ်ဦးသေဆုံး ၊တစ်ဉီးဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် အနောက်ဘက်ရှိကျေးရွာကို စစ်ကော်မရှင်တပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး၊ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းရသည်။ ယနေ့ (ဖေဖော်ဝါရီ ၆ ရက်)မနက် ၁၀ နာရီဝန်ကျင် ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းရှိ လတိန်ကျေးရွာကို စစ်ကော်မရှင်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်မှုနေခြင်းကြောင့် ဒေသခံ အမျိုးသားတစ်ဦး...

လားရှိုးမြို့ထဲ စစ်ကော်မရှင်နှင့် MNDAA ထပ်မံဆွေးနွေး၊ ပြည်ထောင်စုလမ်းမကြီးပေါ် MNDAA တပ်ပြန်ထိုင်

0
သျှမ်းပြည် လားရှိုးမြို့ပေါ်ရှိ ဆင်နှစ်ကောင်ဟိုတယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ကိုယ်စားလှယ်များ ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၃၀ ရက်) နံနက်ပိုင်းတွင် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ်ရှိ ဆင်နှစ်ကောင်ဟိုတယ်တွင် စစ်ကော်မရှင်တပ်နှင့် MNDAA ကိုယ်စားလှယ်များ ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက...

မိုးဗြဲမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်

0
သျှမ်း - ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်ရှိ မိုးဗြဲမြို့ အနီးတဝိုက်တွင် စစ်ကော်မရှင်တပ်မှ နေ့စဉ်နီးပါး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ယခု ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲများ ငြိမ်သက်နေသော်လည်း မိုးဗြဲမြို့အခြေစိုက် စစ်ကော်မရှင်တပ် ခြေမြန်တပ်ရင်း ခမရ - ၄၂၂ ဘက်မှ...