Tuesday, January 27, 2026

မိုးကုတ်နှင့်မိုးမိတ်မြို့ကို စစ်တပ်ထံ ပြန်ပေးရခြင်းကြောင့် ရင်ထဲနာကျင်ရကြောင်း TNLA ဗိုလ်ချုပ်ပြော

သျှမ်းပြည်မြောက်ပိုင်းနှင့် မန္တလေးနယ်စပ်ရှိ မိုးကုတ်မြို့၊ မိုးမိတ်မြို့တို့ကို စစ်ကော်မရှင်တပ်ထံ ပြန်လည်ပေးအပ်လိုက်ရခြင်းကြောင့် အမှန်တကယ် ပေးဆပ်နစ်နာသူများကို အနူးအညွတ် တောင်းပန်ပြီး ရင်ထဲ လှိုက်လှိုက်လှဲလှဲ နာကျင်ရကြောင်း TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က ပြောဆိုလိုက်သည်။

မိုးကုတ်မြို့နှင့် မိုးမိတ်မြို့ ပြန်ပေးလိုက်ရသည့်အပေါ် နိုင်ငံရေး ဖျာခင်းသူနှင့် ဘာမှန်းမသိ ဆဲချင်သူများကို ရှင်းပြချင်ကြောင်း “မိုးကုတ် ဋီကာ” ခေါင်းစဉ်ဖြင့် TNLA ဗိုလ်ချုပ် တာဘုန်းကျော် ၏ Mai Tea Land ဖေ့စ်ဘုတ် လူမှုကွန်ရက်ပေါ်တွင် ယမန်နေ့ (ဒီဇင်ဘာလ ၁ ရက်) ညသန်းခေါင်တွင် ရေးသားထားသည်။

မိုးကုတ်မြို့ကို တအာင်း(ပလောင်) ဘာသာစကားဖြင့် “မိုဂူႈ-လင်းလက်တဲ့ကျောက်”အဖြစ် တင်စားထားပြီး မြို့ထိန်းချုပ်နိုင်ရေးမှာ TNLA ၏ နိုင်ငံရေးပန်းတိုင်တစ်ခုအဖြစ် ရည်မှန်းထားပြီး ကံမကုန်သေးသည့် ကြိုးစားသူအတွက် ရလာဒ်ရှိစမြဲဟု ယုံကြည်ကြောင်း ဆိုထားသည်။

“အခုတော့ လက်ထဲရောက်တဲ့ ကိတ်မုန့်ကို မစားရပဲ ပုတ်ချခံလိုက်ရသလိုမျိုး အသည်းကွဲရပါတယ်” ဟု ဗိုလ်ချုပ် တာဘုန်းကျော်က ဥပမာပြုသည်။

နွေဦးတော်လှန်ရေးကို TNLA အနေဖြင့် (၁၀) နှစ်ကျော် တည်ဆောက်ထားသည့် အရင်းအမြစ်များဖြင့် အကောင်းဆုံး ပံ့ပိုးခဲ့ခြင်းကြောင့် သစ္စာဖောက်ဟု ပက်ပက်စက်စက် ပြောသူများကို တော်လှန်ရေးနှလုံး သေချာပြန်သုံးသပ်ပြီး အရှိတရား လက်ကိုင်ထားစေချင်ကြောင်း ရှင်းပြထားသည်။

“လက်သုံးချောင်းထောင်သူတွေကို လစဉ် ဆန်အိတ် ထောင်ကြီးပိုင်း ကျွေးမွေးမြှင့်တင် လေ့ကျင့်ထားတယ်။ ၃-၄ နှစ် ကာလအတွင်း ရဲဘော်အင်အားထောင်ချီ ပေးဆပ် အရင်းပြုခဲ့တယ်။ လက်နက်အကြွေး ဒေါ်လာဘီလီယံချီ အကြွေးတင်ခဲ့တယ်”ဟု မိုးကုတ်ဋီကာ အတွင်း ထည့်သွင်းရေးသားထားသည်။

“၁၀၂၇ စစ်ဆင်ရေး” နောက်ဆုံးတွင် TNLA တစ်ဖွဲ့တည်း အထီးကျန်ခဲ့ပြီး ထိန်းချုပ်ဒေသအတွင်း လေယာဉ်ဗုံးဒဏ်သင့်ရခြင်း၊ ကျည်မရှိ ဘတ်ဂျတ်မရှိ သေစရာ လူသူနည်းလာခြင်းကြောင့် မိုးကုတ်၊ မိုးမိတ်မြို့တို့နှင့် ညှိနှိုင်းပြီး အပစ်ရပ်ခဲ့ရကြောင်း ဆိုထားသည်။

လက်ရှိတွင် ပွဲမပြီးသေးသော်လည်း အဆဲတွေက စုံလွန်းလှကြောင်း၊ TNLA ကျွေးမွေးမြှင့်တင် လေ့ကျင့်ပေးခဲ့သူများမှ မိုးကုတ်မြို့ကို ပြန်သိမ်းသည်ကို မြင်ချင်ကြောင်း၊ TNLA ကို ဆဲသူများ မောရင်ဖြင့် နားနားပြီး ဆဲသလို စစ်အာဏာရှင်ကိုလည်း နားနားပြီး တိုက်ကြပါဟု ဗိုလ်ချုပ် တာဘုန်းကျော်က ရေးသားထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၂၉) ရက်မှ စတင်ပြီး မိုးကုတ်မြို့နှင့် မိုးမိတ်မြို့များသို့ စစ်ကော်မရှင်တပ် အင်အားထောင်နှင့်ချီ TNLA လုံခြုံရေးဖြင့် ပြန်လည်ဝင်ရောက်လာခဲ့ပြီး မြို့သိမ်းတိုက်ပွဲများတွင် အတူပါဝင် တိုက်ခိုက်ခဲ့ကြသည့် တော်လှန်ရေးအင်အားစု PDF တပ်ဖွဲ့များမှာ မြို့ပြင်ဘက် ဆုတ်ခွာထားရသည်။

နိုဝင်ဘာလ (၃၀) ရက်တွင် တော်လှန်ရေးအင်အားစု PDF တပ်ဖွဲ့များ တပ်စွဲထားသည့် မိုးကုတ်အနောက်ပိုင်း မြို့ပြင်နေရာများအထိ စစ်ကော်မရှင်ဘက်မှ တပ်စခန်းအခြေစိုက်ရန် လုပ်ဆောင်လာခြင်းကြောင့် PDF တပ်ဖွဲ့များနှင့် နှစ်ရက်ဆက်တိုက် ထိတွေ့တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကော်မရှင်တပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေကြောင်း မိုးကုတ်ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးကုတ်ရဲစခန်း တိုက်ခိုက်ခံရ၊ မိုးမိတ်တွင် စစ်ကော်မရှင် အုပ်ချုပ်ရေးယန္တရား မလည်ပတ်နိုင်သေး

0
သျှမ်းပြည်-မန္တလေးတိုင်းနယ်စပ် မိုးကုတ်မြို့ရှိ စစ်ကော်မရှင်တပ် ပြန်လည်ဝင်ရောက် တပ်စွဲထားသည့် ရဲစခန်းတွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၅ ရက်) နံနက်ပိုင်းတွင် စစ်ကော်မရှင်တပ် ပြန်လည်တပ်စွဲထားသည့် မိုးကုတ်မြို့ အရှေ့ပိုင်းရှိ ရဲစခန်းထဲ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း မိုးကုတ်ဒေသခံများက ပြောသည်။ “ခုနကတော့...

မန္တလေး-မိုးကုတ်လမ်းပိုင်းရှိ စစ်ကော်မရှင်ဂိတ်များတွင် စစ်ဆေးမှုတင်းကြပ်ပြီး ငွေညှစ်တောင်း

0
မန္တလေး-မိုးကုတ် လမ်းပိုင်းရှိ စစ်ကော်မရှင် စစ်ဆေးရေဂိတ်များတွင် စစ်ဆေးတင်းကြပ်ပြီး ခရီးသွားများထံ ငွေညှစ်တောင်းခံနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာ လဆန်းပိုင်းမှ စတင်ပြီး မန္တလေး- မိုးကုတ် လမ်းပိုင်းရှိ ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာအနီး စစ်ကော်မရှင် စစ်ဆေးရေးဂိတ်နှင့် မန္တလေးမြို့အဝင် (၁၆) မိုင်ဂိတ်တို့တွင် စစ်ဆေးမှုများ တင်းကြပ်နေကြောင်း မန္တလေး-မိုးကုတ်...
Mogok_PDF_Attacks_SAC

မိုးကုတ်မြို့တွင် စစ်ကော်မရှင် တပ်စွဲထားသည့် ပြည်သူ့ဆေးရုံ ဒရုန်းဗုံးကြဲတိုက်ခိုက်ခံရ

0
သျှမ်းပြည် - မန္တလေးတိုင်းနယ်စပ် မိုးကုတ်မြို့ရှိ စစ်ကော်မရှင်တပ်ဖွဲ့ ဝင်ရောက်တပ်စွဲထားသည့် ပြည်သူ့ဆေးရုံကို တော်လှန်ရေးအင်အားစု PDF တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၁ ရက်) ညနေပိုင်းတွင် စစ်ကော်မရှင်တပ်ဖွဲ့ ပြန်လည်ဝင်ရောက် တပ်စွဲထားသည့် မိုးကုတ်မြို့ရှိ ပြည်သူ့ဆေးရုံနှင့် အနီးတစ်ဝိုက်ကို တော်လှန်ရေးအင်အားစု...

မိုးမိတ်မြို့နယ်ထဲ နှစ်ရက်ဆက်တိုက် လေကြောင်းဗုံးကြဲခံရ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးအပါအဝင် ၁၁ ဦး သေဆုံး

0
သျှမ်းပြည် မိုးမိတ်မြို့နယ်ရှိ မြစ်ဆုံကျေးရွာအနီးသို့ စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ရာ စစ်ဘေးတိမ်းရှောင်နေသည့် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးအပါအဝင် (၁၁) ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ (၆) ရက် နံနက် ၉ နာရီကျော်တွင် စစ်ကော်မရှင်တပ် ပြန်လည်တပ်စွဲထားသည့် မိုးမိတ်မြို့နယ်နှင့် ကချင်လွတ်လပ်ရေးတပ် KIA ထိန်းချုပ်ထားသည့်...
MDY-PDF In Front of Mong Mit Signboard

မိုးကုတ်-မိုးမိတ်ကြားတွင် စစ်ကော်မရှင်တပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA ပြော

0
သျှမ်းပြည်မြောက်ပိုင်းနှင့် မန္တလေးနယ်စပ်ရှိ မိုးကုတ်မြို့မှ မိုးမိတ်မြို့ဘက်သို့ ချီတက်လာသည့် စစ်ကော်မရှင်တပ်နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ TNLA တပ်ဆုတ်ခွာမည်ဟု ကြေညာထားသည့် မိုးကုတ်မြို့ထဲသို့ စစ်ကော်မရှင်တပ်များ အင်အားထောင်နှင့်ချီ ပြန်လည်ဝင်ရောက်ခဲ့ပြီးနောက် ယမန်နေ့ (နိုဝင်ဘာလ ၃၀ ရက်) ၌ မိုးမိတ်မြို့ဘက်သို့ စစ်ကော်မရှင်တပ် ဆက်လက်ထွက်ခွာသွားစဉ် KIA...