မိုးမိတ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်ရောင်းချ၊ ခရီးသည်တင်ကားများ စစ်တပ်ထံ စာရင်းပေးရ

သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး ခရီးသည်တင်ကားနှင့် ကုန်တင်ကားများ မြို့အဝင်အထွက် ပြုလုပ်ရန် စစ်တပ်ထံ စာရင်းပေးနေရကြောင်း စုံစမ်းသိရသည်။

စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် မိုးမိတ်မြို့တွင် စက်သုံးဆီရောင်းချသည့် မိဘရိပ် ပန့်ဆီဆိုင် တစ်ဆိုင်တည်းသာ ရှိခြင်းကြောင့် မတ်လ ဒုတိယပတ်မှ စတင်၍ အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး စက်သုံးဆီ တစ်လီတာလျှင် ကျပ်ငွေ တစ်သောင်းမှ တစ်သောင်းခွဲအထိ ပေါက်ဈေးရှိကြောင်း ဒေသခံများက ပြောသည်။

“နမ့်မောင်းတံတားထိပ်က မိဘရိပ် တစ်ဆိုင်ပဲ ဖွင့်သေးတော့ စက်သုံးဆီက အကန့်အသတ်နဲ့ ဝယ်နေရတယ်။ ရှေ့ရက်ကတော့ မနက်ပိုင်းကို ဓာတ်ဆီရောင်းပေးပြီး ညနေပိုင်းမှ ဒီဇယ်ရောင်းပေးတာ၊ အဲ့တာကြောင့် မနက်ပိုင်း ဓာတ်ဆီထည့်ဖို့ လူအများနဲ့ တန်းစီရတာ။ အရင်က မိုင်တယ်လ်ဖုန်းလိုင်း ပြန်ဖွင့်ပေမယ့် အခု ဆီမရှိတော့ ဖုန်းလိုင်းလည်း ပြတ်နေတာ လေးငါးရက် ရှိပြီ” ဟု မိုးမိတ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုးမိတ်မြို့နယ်တွင် အသုံးပြုနေသည့် စက်သုံးဆီများကို မန္တလေးနှင့် ပြင်ဦးလွင်ဘက်မှ သယ်ဆောင်လာပါက လမ်းပိုင်းတလျှောက်ရှိ စစ်ကော်မရှင်တပ်နှင့် PDF စစ်ဆေးရေးဂိတ် အများအပြားကို အခွန်ပေးဆောင်ရခြင်းကြောင့် ကုန်သည်များမှာ တွက်ချေမကိုက်ကြောင်း သိရသည်။

ယခင်က တရုတ်နယ်စပ်မှ ဝင်ရောက်လာသည့် စက်သုံးဆီများကို လားရှိုးမြို့မှတဆင့် ဝယ်ယူအသုံးပြုခဲ့သော်လည်း လက်ရှိတွင် TNLA ထိန်းချုပ်နယ်မြေထဲ စက်သုံးဆီ သယ်ဆောင်ဖြတ်သန်းခွင့် ကန့်သတ်ထားခြင်းကြောင့် မိုးမိတ်မြို့နယ်အတွင်း စက်သုံးဆီ အခက်အခဲဖြစ်နေကြောင်း ဒေသခံများက ပြောသည်။

“အခုကျတော့ တရုတ်ဘက်က လာတဲ့ ဆီတွေကို TNLA က သူ့နယ်မြေဖြတ်ပြီး ပေးမသယ်တော့ လားရှိုးကနေလည်း ဝယ်မရတော့ဘူး။ တချို့လည်း ဝယ်လို့ရသေးပေမယ့် ဆီအညံ့တွေ ရောလို့ သုံးလို့သိပ်မကောင်းဘူး၊ ဆီသွားဖြည့်တဲ့လူလည်း နည်းသွားတယ်။ ရွှေမျောရှိတဲ့ဘက်တော့ တရုတ်က ဆီတွေ ရသေးတယ် ပြောတယ်။ သျှမ်းတပ်ဂိတ်လည်း အခွန်များလို့ ကုန်သည်တွေ တွက်ချေမကိုက်ဘူး” ဟု အဆိုပါ မိုးမိတ်ဒေသခံ အမျိုးသားက ဆက်ပြောသည်။

အလားတူ မိုးမိတ်မြို့ထဲ ပြန်လည်တပ်စွဲထားသည့် စစ်ကော်မရှင်တပ်ကလည်း မိုးမိတ်မြို့သို့ ခရီးစဉ် ပြေးဆွဲနေသည့် ခရီးသည်တင်ကားများနှင့် ကုန်တင်ကားများကို နေ့စဉ် နံနက်တိုင်း စာရင်းပို့ခိုင်းပြီး ငွေကြေးကောက်ခံပြီးမှ သွားလာခွင့်ပြုကြောင်း ကားသမားများထံမှ သိရသည်။

“လိုင်းကားနဲ့ ကုန်ကားတွေကို ဗျူဟာမှူး ရုံးထိုင်တဲ့ မြို့ထဲမှာ ထောက်ခံစာသွားယူခိုင်းတယ်။ မြို့အဝင်အထွက်လုပ်ဖို့ မနက်တိုင်း ကားတန်းစီ စာရင်းပေးရတယ်။ ထောက်ခံစာရဖို့ ပိုက်ဆံကလည်း ပေးရသေးတယ်၊ အဲ့တာမရရင်လည်း ကားမထွက်ရဘူး” ဟု မိုးမိတ်-မိုးကုတ်-ကျောက်မဲ ခရီးစဉ် ပြေးဆွဲနေသည့် ကားသမားတစ်ဦးက ပြောသည်။

မိုးမိတ်မြို့မှ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဆုတ်ပေးပြီးနောက် စစ်ကော်မရှင်လက်အောက်ခံ တပ်မ(၁၁) ပြန်လည်ဝင်ရောက် တပ်စွဲထားသည်မှာ လေးလနီးပါး ရှိလာသော်လည်း ကချင်လွတ်လပ်ရေးတပ် KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲဆက်လက် ဖြစ်ပွားနေပြီး အုပ်ချုပ်ရေးယန္တရား မလည်ပတ်နိုင်သေးကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတောင်တွင် စက်သုံးဆီဈေးကျဆင်းလာသော်လည်း ရပ်ကွက်၊ ကျေးရွာမှောင်ခို စျေးကွက်၌ ဈေးမြင့်နေဆဲ

0
သျှမ်းပြည်တောင်ပိုင်းရှိ တောင်ကြီး၊ အောင်ပန်း၊ ပင်းတယနှင့် ရွာငံမြို့များတွင် စက်သုံးဆီဈေးနှုန်းများ ကျဆင်းလာသော်လည်း မှောင်ခိုစျေးကွက် ဆက်လက်စျေးမြင့်တက်နေသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် မေလ ၁ ရက်မှစတင်၍ မြို့ပေါ်စက်သုံးဆီဆိုင်များတွင် ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၅,၀၀၀ ဝန်းကျင်သာရှိလာပြီး လိုသလောက် ဝယ်ယူနိုင်သည့်အခြေအနေဖြစ်လာကြောင်း သိရသည်။ သို့သော် ရပ်ကွက်ထဲနှင့် ကျေးရွာအများစုတွင်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...