စက်သုံးဆီ

တောင်ကြီး လိုင်စင်မဲ့ယာဉ်များကို စက်သုံးဆီရောင်းချခွင့်မပေး

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် လိုင်စင်မဲ့ယာဉ်များကို စက်သုံးဆီရောင်းချ ခွင့်မပေးတော့ကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့တွင် လိုင်စင်မဲ့ ယာဉ်များကို စက်သုံးဆီရောင်းချပေးမည် မဟုတ်ဘဲ စက်သုံးဆီဆိုင်တွင် လိုင်စင်မဲ့ယာဉ်များ တန်းစီဝယ်ယူခြင်းတွေ့ရှိလျှင် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း စစ်ကော်မရှင်က အသိပေးထုတ်ပြန်ထားသည်။ ထိုသို့ စစ်ကော်မရှင်က အသိပေးထုတ်ပြန်ပြီးနောက် ယနေ့ (မတ်လ ၁၂ရက်)တွင် စက်သုံးဆီဆိုင်များက...

ပြက္ခဒိန် စာရွက်ဖြင့် စုံ၊ မ ရက်တွက်နေရသူများ

“စုံ၊ မ ယာဉ်မောင်းနှင်ရက်” ကြောင့် ပြက္ခဒိန် စာရွက်တစ်ရွက်ဖြင့် မသူဇာ(အမည်လွှဲ) တစ်ယောက် ခေါင်းစားနေသည်။ မသူဇာတို့ နေအိမ်တွင် မ အက္ခရာ 3A … နံပါတ်ဖြင့် ကားတစ်စီးသာ ရှိထားသဖြင့် သူ့အနေဖြင့် ကလေးကျောင်းကြို၊ ပို့ရန်နှင့် အလုပ်သွားရန်အတွက် ပြက္ခဒိန်ကို ဟိုလှန်၊ ဒီလှန်ဖြင့်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

စက်သုံးဆီ ပြတ်လပ်မှုကြောင့် ဖယ်ခုံစစ်ရှောင်များအတွက် သောက်သုံးရေ ရရှိရေး ပိုပြီး ခက်ခဲလာ

သျှမ်းပြည် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းတွင် စက်သုံးဆီ အခက်အခဲများကြောင့် စစ်ရှောင်များအတွက် ရေရရှိရန်အခက်အခဲများရှိနေကြောင်း စုံစမ်းသိရသည်။ ဖယ်ခုံမြို့နယ် အတွင်းနေထိုင်သော စစ်ရှောင်များသည် သောက်သုံးရေရရှိရန်အတွက် တနာရီခွဲ ကားဖြင့် သွားရောက်ယူဆောင်ရသည်။ ထို့ကြောင့် လက်ရှိ စက်သုံဆီများ ပြတ်လပ်မှု၊ စျေးနှုန်းမြင့်တက်မှုကြောင့် စစ်ရှောင်များအသုံးပြုသည့် သောက်သုံးရေကို သွားရောက်သယ်ယူရန် ခက်ခဲမှုဖြစ်နေကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့်...

စက်သုံးဆီ ပြတ်လပ်မှုကြောင့် တာချီလိတ် – မိုင်းရှူး ကားခဈေးနှုန်းမြင့်တက်လာ

သျှမ်းပြည်တွင် စက်သုံးဆီပြတ်လပ်မှု နှင့် စက်သုံးဆီ ဈေးမြင့်တက်လာမှုကြောင့် ကားခ ဈေးနှုန်း မြင့်တက်လာကြောင်း စုံစမ်းသိရသည်။ ယခင်က တာချီလိတ်မြို့ မှ မိုင်းရှူးမြို့သို့ တစ်ဦးလျှင် ငွေကျပ် နှစ်သိန်း သာပေးရပြီး လက်ရှိတွင် တစ်ဉီးလျှင် ကျပ်ငွေ နှစ်သိန်းခွဲအထိ ဈေးနှုန်းမြင့်တက်လာကြောင်းကို တာချီလိတ်မြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို...

တောင်ကြီး စက်သုံးဆီရရှိရေး တန်းစီခ နေ့စား သုံးသောင်းကျပ်အထိ ပေါက်ဈေးရှိ

သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် စက်သုံးဆီများကို အလုအယက် ဝယ်ယူနေကြပြီး ကိုယ်စားဝယ်ယူ တန်းစီပေးလျှင် တန်းစီခအဖြစ် ငွေကျပ် သုံးသောင်းအထိ ပေါက်ဈေးရှိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ(၁)ရက်‌နေ့မှ စပြီး ထိုင်းနိုင်ငံမှ စက်သုံးဆီတင်ပို့မှုကို ရပ်ဆိုင်းလိုက်ပြီးနောက် တောင်ကြီးမြို့အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် စက်သုံးဆီများ အလုအယက် ဝယ်ယူနေကြပြီး အချိန်မပေးနိုင်သူများက အငှားတန်းစီခ...

မြန်မာနိုင်ငံတွင် ရက်ပေါင်း (၄၀) စာ စက်သုံးဆီအရန်ရှိ၊ စက်သုံးဆီရှိလျက် မရောင်းပေးသည့် ဆိုင်များကို အရေးယူမည်ဟု စစ်ကော်မရှင်ပြော

မြန်မာနိုင်ငံတွင် စက်သုံးဆီ ပြတ်လပ်မည်ကို စိုးရိမ်၍ ပြည်သူများအကြား ထိတ်လန့်ဝယ်ယူမှုများ ရှိနေသော်လည်း လက်ရှိတွင် ရက်ပေါင်း (၄၀) စာ အရန်စက်သုံးဆီ ရှိနေကြောင်းနှင့် စက်သုံးဆီတင်သင်္ဘောများ ထပ်မံရောက်ရှိရန်ရှိကြောင်း စစ်ကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့ (မတ်လ ၄ ရက်) တွင် ပြောကြားလိုက်သည်။ ပြီးခဲ့သည့်...

သျှမ်းပြည် အချို့မြို့နယ် စက်သုံးဆီ စတင်ပြတ်လပ်

သျှမ်းပြည် မိုင်းရှူးမြို့နယ်၊ ကျေးသီးမြို့နယ်၊ မိုင်းရယ်မြို့နယ်တို့တွင် စက်သုံးဆီ စတင်ပြတ်လပ်လာပြီး အချို့ဆိုင်များအကန့်သတ်ဖြင့်ရောင်းကာ ဓာတ်ဆီတစ်လီတာလျှင် ၅၀၀၀ ကျပ် အထိရှိနေကြောင်း သတင်းရရှိသည်။ ယနေ့ (မတ်လ ၄ ရက်) မိုင်းရှူးမြို့နယ်၊ ကျေးသီးမြို့နယ် နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် SSPP/SSA ဌာနချုပ်ရှိရာ...

တောင်ကြီး စက်သုံးဆီ တစ်လီတာ ၃၆၀၀ကျပ် အထိရှိလာ၊ အကန့်သတ်ဖြင့်သာ ရောင်းချ

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် စက်သုံးဆီ တစ်လီတာ လျှင် ၃၆၀၀ ကျပ်အထိရှိလာပြီး ဆီဆိုင်များက အကန့်သတ်ဖြင့်သာ ရောင်းချပေးနေကြောင်း သတင်းရရှိသည်။ ထိုင်းနိုင်ငံမှ စက်သုံးဆီတင်ပို့ရောင်းချမှုကို ပြီးခဲ့သည့် မတ်လ(၁)ရက်တွင် ရပ်ဆိုင်းလိုက်ပြီးနောက် စက်သုံးဆီပြတ်လပ်သွားမည်ကို စိုးရိမ်သောကြောင့် တောင်ကြီးမြို့အပါအဝင် သျှမ်းပြည်တောင်ပိုင်းတွင် အလုအယက်ဝယ်ယူနေပြီး ဆီဆိုင်များက ဈေးတင်ကာ အကန့်သတ်ဖြင့်သာ ရောင်းချပေးနေကြောင်း...

တာချီလိတ်မြို့နယ် စက်သုံးဆီ တစ်လီတာ ဘတ် ၂၀၀ ထိရှိလာ၊ အလုအယက်ဝယ်ယူနေ

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း စက်သုံးဆီ တစ်လီတာလျှင် ဘတ် (၂၀၀) ထိရှိလာပြီး အလုအယက်ဝယ်ယူနေကြကြောင်း သတင်းရရှိသည်။ ထိုင်းနိုင်ငံမှ စက်သုံးဆီတင်ပို့ရောင်းချမှုကို ယနေ့(မတ် ၂)ရက် မနက်ပိုင်းတွင် ရပ်ဆိုင်းလိုက်ကြောင်း သတင်းထွက်လာပြီးနောက် သျှမ်းပြည် အရှေ့ပိုင်းရှိ စက်သုံးဆီဆိုင်များ၌ ဆီများကို အလုအယက် ဝယ်ယူနေကြပြီး၊ အကန့်အသတ်ဖြင့် ရောင်းချနေကြောင်း...

Latest news