မူဆယ်၊ နမ့်ခမ်းတွင် စက်သုံးဆီ တစ်လီတာ ၁၂၀၀၀ ကျပ်အထိရှိလာ၊ အကန့်အသတ်ဖြင့်သာ‌ ရောင်းချ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းနှင့် မူဆယ်မြို့နယ်တို့တွင် စက်သုံးဆီ တစ်လီတာကို ၁၂၀၀၀ ကျပ်အထိ ‌ပေးဝယ်နေရပြီး အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေကြောင်း သတင်းရရှိသည်။

TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နယ်ရှိ စက်သုံးဆီဆိုင်များ အားလုံးနီးပါး ပိတ်ထားပြီး တစ်ရက်လျှင် စက်သုံးဆီဆိုင် တစ်ဆိုင်သာ ဖွင့်လှစ်ကာ စက်သုံးဆီများကိုလည်း အကန့်အသတ်ဖြင့်သာ‌ ရောင်းပေးနေကြောင်း နမ့်ခမ်းမြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့ (မတ်လ ၂၄ ရက်) ကဆိုရင် စက်သုံးဆီဆိုင်က တစ်ဆိုင်ပဲဖွင့်တယ်။ ဆီကတော့ (၁၂၀၀၀) ကျပ်နဲ့ရောင်းနေတာ၊ အကန့်အသတ်နဲ့ပဲ ရောင်းပေးတယ်။တချို့ရက်တွေလည်း ဆိုင်က နှစ်ဆိုင်တော့ ဖွင့်တယ်၊ အပြင်မှာ ဒီတိုင်း ရေသန့်ဘူးနဲ့ ပြန်ရောင်းတဲ့ဟာတွေကတော့ ဈေးကြီးတယ်”ဟု နမ့်ခမ်းမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ နမ့်ခမ်းမြို့နယ်ရှိ လမ်းဘေးဈေးဆိုင်များနှင့် အပြင် မှောင်ခိုရောင်းချနေသည့် စက်သုံးဆီများသည် တစ်လီတာလျှင် (၂၀၀၀၀) ကျပ် အထိဈေးနှုန်း မြင့်တက်နေကြောင်း သိရသည်။

အလားတူ စစ်ကော်မရှင်ထိန်းချုပ် မူဆယ်မြို့နယ်တွင်လည်း စက်သုံးဆီ တစ်လီတာလျှင် ၁၂၀၀၀ ကျပ်အထိဈေးနှုန်းမြင့်တက်နေပြီ ဆီများကို အကန့်အသတ်ဖြင့်သာ ရောင်းချပေးကြောင်း မူဆယ်မြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက ဆက်ပြောသည်။

“ဆီကတော့ ၁၂၀၀၀ အထိ ဈေးရှိတယ်။ ကားတစ်စီးကို ၁၀ လီတာလောက်ထိပဲ ထည့်ပေးတယ်။ ဖွင့်တာ ဆီဆိုင်တွေကလည်း နည်းတယ်”ဟု မူဆယ်မြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

တရုတ်-မြန်မာနယ်စပ်ရှိ နမ့်ခမ်းမြို့နယ်နှင့် မူဆယ်မြို့နယ်တို့တွင် ယခင်က စက်သုံးဆီ တစ်လီတာလျှင် ၄၈၀၀ ကျပ် မှ ၅၀၀၀ ဝန်းကျင်ခန့်သာ ပေးဝယ်ရကြောင်း ဒေသခံများက ပြောသည်။

အရှေ့အလယ်ပိုင်း စစ်ပွဲအခြေအနေကြောင့် ကမ္ဘာ့ စက်သုံးဆီ သယ်ယူခွင့် ကန့်သတ်ခံထားရပြီး မြန်မာနိုင်ငံ အပါအဝင် နိုင်ငံအများစုတွင်လည်း စက်သုံးဆီ ဈေးနှုင့်မြင့်တက်ကာ အကန့်အသတ်ဖြင့် ရောင်းချနေရကြောင်း သိရသည်။

TNLA ထိန်းချုပ် နမ့်ခမ်းမြို့နယ်သည် တရုတ်နိုင်ငံမှ တင်သွင်းသည့် စက်သုံးဆီများကို အဓိက မှီခို အသုံးပြုနေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ် ကားစက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွား

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကား ၃ စီးနှင့် ထရန်စဖော်မာများ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဩဂုတ်လ ၂၅ ရက်) မနက် ၈ နာရီခွဲဝန်းကျင်တွင် မူဆယ်မြို့တော်ရွက်ရပ်ကွက်တွင်ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးစတင်လောင်ကျွမ်းကာအနီးရှိ ကားများနှင့် ထရန်စဖော်မာများသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း...

မူဆယ် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါ လူ ၂၀ ဦး ထပ်မံ ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားတစ်ဦး အပါအဝင် လူ ၂၀ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၂၃ ရက်) တွင် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ကောင်းမူးလွယ်နယ်မြေရှိ နေအိမ်တလုံးကို လုံခြုံရေးပူးပေါင်းအဖွဲ့များက...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...