စက်သုံးဆီ ဂယက်ကြားက ကုန်စျေးနှုန်းမြင့်တက်မှုနှင့် အလုပ်လက်မဲ့ဘဝ

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် စက်သုံးဆီပြတ်လပ်မှုကြောင့် ကုန်စျေးနှုန်းများတရိပ်ရိပ်တက်လာပြီး၊ အချို့သော ဆိုင်ကယ်ပြင်ဆိုင်များနှင့် စားသောက်ဆိုင် အချို့ ပိတ်လိုက်ရသည့် အဆင့်ဖြစ်လာကြောင်း စုံစမ်းသိရသည်။

အရှေ့အလယ်ပိုင်းဒေသ အီရန်စစ်ပွဲကြောင့် ကမ္ဘာတဝှမ်း လောင်စာဆီဂယက် ဖြစ်လာကာ ထိုထဲတွင် သျှမ်းတောင် အပါအဝင် မြန်မာနိုင်ငံသည်လည်း လောင်စာဆီ ပြဿနာကြုံနေရသည်၊၊

မြန်မာနိုင်ငံသည် စစ်အာဏသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ကုန်စျေးနှုန်း တရိပ်ရိပ်တက်လာချိန် လက်ရှိ အရှေ့အလယ်ပိုင်း စစ်ရေးကြောင့် ကုန်စျေးနှုန်းများသည့် အဆမတန် မြင့်တက်မှုလာကြောင့် တောင်ကြီးဒေသခံ များ စိုးရိမ်ထိတ်လန့်မှု ဖြစ်နေကြသည်။

“ခုဆို စားသောက်ဆိုင် တချို့ ပိတ်ထားရတယ်၊ လူတွေက ဆီမရှိတော့ သွားလာဖို့ကလည်း ခက်နေတယ်။ ၊ အရေးကြီးတာလောက်ပဲ သွားကြတော့တာ၊ တစ်နေ့ တစ်နေ့ ဆီတန်းစီမယ် ကုန်ဈေးနှုန်းတက်တော့ အပိုကုန်မဲ့ဟာ မစားတော့ဘူး ပိုက်ဆံပဲ စုပြီး ဆီတွေဝယ်ထားကြတာ၊ကျမလည်း အသုပ်ထဆိုင်ဖွင့်ထားတာ ပိတ်ထားလိုက်ရတယ်။” ဟု တောင်ကြီးဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် လက်ရှိ တောင်ကြီးမြို့တွင် ကြက်ဥတစ်လုံးလျှင် ငွေကျပ် (၆၅၀)၊ ပေါ်ဆန်းမွှေး ဆန်တစ်ပြည် ငွေကျပ်(၅၆၀၀) ၊ စားသုံးဆီနှစ်ဆယ်သား တစ်ဗူးလျှင် ငွေကျပ် (၈၀၀၀)နှင့် ကန်စွန်းရွက် တစ်စည်းလျှင် ငွေကျပ် (၁၀၀၀)အထိ ရှိနေပြီဖြစ်ကြောင်း သျှမ်းသံတော်ဆင့်ကောက်ယူထားသည့် စာရင်းဖြစ်သည်။

အလားတူ ဆိုင်ကယ်ပြင်ဆိုင်အချို့လည်း စက်ပစ္စည်း ပြတ်လပ်မှုနှင့် စက်ပြင်သူများ မရှိသောကြောင့် ဆိုင်ပိတ်ထားရသည့် အဆင်ဖြစ်နေကြောင်း ဆိုင်ကယ်ပြင်ဆိုင်ဖွင့်ထားသည့် အမျိုးသားတစ်ဉီး သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ဆိုင်ကယ်ပြင်ဆိုင် ဖွင့်ထားတာ အခုပိတ်ထားရတယ် ၊ပစ္စည်းကလည်း ဈေးကြီး ပြင်မဲ့သူတွေကလည်း မရှိတော့ ပိတ်ထားရတယ်။ ဆိုင်ပိတ်ပြီး ဆီတန်းထွက်လိုက်တော့တယ် ရတဲ့ ပိုက်ဆံကို စားချင်တာ မစားရက်တော့ဘူး၊ဆီပဲ ဝယ်စုရမလိုလို ဆန်ပဲ ဝယ်စုရမလိုလိုနဲ့ အဆင်မပြေပါဘူး၊ မိသားစု စားဝတ်နေရေးက ဒီဆိုင်ကနေပဲ ရတာဆိုတော့ အခုဝင်ငွေမရှိတော့ဘူး။” ဟု ၎င်းဆိုင်ကယ်ပြင်ဆိုင်ရှင်က ဆိုသည်။

ထို့အပြင် ဆိုင်ကယ်ဆီပြတ်လပ်မှုနှင့် စစ်ကော်မရှင်တပ်၏ စုံ၊မ ရက်ခွဲခြား ယာဉ်မောင်းနှင်ခိုင်းမှုကြောင့် နွေရာသီ ဘာသာစကား သင်တန်းတက်မည့် ကျောင်းသား၊ကျောင်းသူများ သင်တန်းမပို့ရတော့ကြောင်း အဆိုပါ အမျိုးသားတစ်ဦးက ပြောသည်။

ယခုလက်ရှိ သျှမ်းတောင်မှ မြို့နယ်အများစုတွင် စက်သုံးဆီပြတ်လပ်မှုကြောင့် စိုက်ပျိုးရေးသမားများ အခက်ကြုံနေရပြီး ထွန်ယက်သည့် စက်အစားထိုး နွားများကို ပြန်လည် အသုံးပြုလာသူ များလာသောကြောင့် နွားပေါက်စ တစ်ကောင်ဈေးနှုန်းငွေကျပ် သိန်း(၃၀) ဝန်းကျင်အထိ ပေါက်ဈေးရှိကြောင်း သိရသည်။

ယခင်က ပေါင်မုန့်တစ်လုံးလျှင် ငွေကျပ် (၅၀၀)သာ ရှိခဲ့သော်လည်း ယခု အစစအရာရာ စျေးနှုန်း မြင့်တက် လာမှုကြောင့် ပေါင်မုန့်တစ်လုံး၏ စျေးနှုန်းသည် ငွေကျပ် သုံးထောင် ထိ ရှိကာ ခေါက်ဆွဲတစ်ပွဲလျှင် ငွေကျပ် ၆ထောင်ထိရှိသည်။

“ ကုန်စျေးနှုန်းက နေတိုင်းမြင့်တက်နေတော့ ဘာမှ တောင် မဝယ်စားရဲဘူး။ အလုပ်တွေကလည်း ရှားပါးလာတယ်။ ရှေ့ဆက်ပိုကြပ်တည်လာနိုင်တယ်။ ဝယ်စုဆောင်းရဖို့လည်း ပိုက်ဆံအပိုမရှိဘူးလေ” ဟု တောင်ကြီးမြို့ အိမ်ရှင်မ တစ်ဉီး က သျှမ်းသံတော်ဆင့်ကိုပြောသည်။

ထို့ကြောင့် လက်ရှိ အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခကြောင့် မြန်မာနိုင်ငံအတွင်း စက်သုံးဆီပြတ်လပ်မှုသာမက လူသုံးကုန်ပစ္စည်း၊ စားသောက်ကုန်ပစ္စည်း၊ ဆေးဝါးပစ္စည်း တို့ လည်း ပြတ်လပ်လာပြီး ကုန်စျေးနှုန်းများလည်း မြင့်တက်လာသည့်အတွက် လခစား ဝန်ထမ်းများအတွက်လည်း အလုပ်လက်မဲ့ဖြစ်လာနိုင်ကြောင်း တောင်ကြီးဒေသခံများကပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လေယာဉ်ခရီးစဉ်များ ရုတ်တရက်ဖျက်သိမ်းမှုကြောင့် ခရီးသွားလုပ်ငန်းရှင်များ ဆုံးရှုံးမှုကြီးမား

0
လောင်စာဆီဈေး မြင့်တက်မှုကြောင့် ထိုင်းနှင့် ပြည်ပလေကြောင်းလိုင်းများက လေယာဉ်ခရီးစဉ်များကို ရုတ်တရက် ဖျက်သိမ်းနေခဲ့ကြောင်း သတင်းရရှိသည်။​ ထိုဖျက်သိမ်းမှုကြောင့် ခရီးသွားလုပ်ငန်းရှင်များမှာ ဟိုတယ်နှင့် ခရီးသွားစရိတ်များ ဆုံးရှုံးနေရသဖြင့် အစိုးရက ကြားဝင်ဖြေရှင်းပေးရန် ထိုင်းခရီးသွားလုပ်ငန်းကိုယ်စားလှယ်များအသင်း (TTAA) က တောင်းဆိုကြောင်း ဘန်ကောက်ပို့စ်တွင် ဖော်ပြသည်။ ယခုလအတွင်း Thai AirAsia X၊ Vietjet...

စက်သုံးဆီ ကန့်သတ်ရောင်းချမှုကြောင့် မိုင်းလား-ကျိုင်းတုံ ကားခ ဈေးနှုန်းမြင့်တက်လာ

0
သျှမ်းပြည် အရှေ့ပိုင်းတွင် စက်သုံးဆီဈေးနှုန်းမြင့်တက်ပြီး အကန့်သတ်ဖြင့် ဝယ်နေရခြင်းကြောင့် မိုင်းလား - ကျိုင်းတုံ ကားခများ ဈေးနှုန်းမြင့်တက်လာကြောင်း စုံစမ်းသိရသည်။ လက်ရှိ အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခကြောင့် စက်သုံးဆီစျေး ပြဿနာဖြစ်လာပြီး စျေးနှုန်းမြင့်တက်လာသည့်အပြင် စက်သုံးဆီ ရှားပါးမှု ဖြစ်လာသည့်အတွက် မိုင်းလား-ကျိုင်းတုံ ပြေးဆွဲနေသည့် ကားများသည် တနေ့လျှင့်...

စက်သုံးဆီပြဿနာကြောင့် ကွတ်ခိုင်-မန္တလေး အရေးပေါ်လူနာပို့ခ ကျပ်သိန်း ၂၀ ထိရှိလား

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့မှ အရေးပေါ်လူနာများကို မန္တလေးမြို့အထိ သယ်ယူပို့ဆောင်ရာတွင် ကုန်ကျစရိတ် ကျပ်သိန်း ၂၀ အထိ ရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်မြောက်ပိုင်းရှိ ကွတ်ခိုင်မြို့ကို “၁၀၂၇ စစ်ဆင်ရေး” အတွင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)...

စက်သုံးဆီရှားပါးမှုကြောင့် ပရဟိတကားများ ဆီမထည့်နိုင်၊ လူနာချက်ချင်းသွားမခေါ်နိုင်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်အတွင်း စက်သုံးဆီ ရှားပါးလာမှုကြောင့် ပရဟိတ အရေးပေါ်လူနာတင်ယာဉ်များသည် စက်သုံးဆီ အလွယ်တကူ မထည့်နိုင်တော့ဘဲ လူနာကိုလည်း ချက်ချင်းသွားရောက်မခေါ်နိုင်တော့ကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည်အပါအဝင် မြန်မာတစ်နိုင်ငံလုံးနီးပါး ရင်ဆိုင်နေရသည့် စက်သုံးဆီပြတ်လပ်မှု ပြဿနာနှင့် ကုန်ဈေးနှုန်းမြင့်တက်လာမှု အပါအဝင် အဘက်ဘက်မှ ပိုမိုကြပ်တည်း ခက်ခဲလာသည့်အခြေအနေထိ ရောက်ရှိလာသည်။ ထိုသို့ စက်သုံးဆီပြတ်လပ်မှုနှင့်...

မူဆယ်၊ နမ့်ခမ်းတွင် စက်သုံးဆီ တစ်လီတာ ၁၂၀၀၀ ကျပ်အထိရှိလာ၊ အကန့်အသတ်ဖြင့်သာ‌ ရောင်းချ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းနှင့် မူဆယ်မြို့နယ်တို့တွင် စက်သုံးဆီ တစ်လီတာကို ၁၂၀၀၀ ကျပ်အထိ ‌ပေးဝယ်နေရပြီး အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေကြောင်း သတင်းရရှိသည်။ TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နယ်ရှိ စက်သုံးဆီဆိုင်များ အားလုံးနီးပါး ပိတ်ထားပြီး တစ်ရက်လျှင် စက်သုံးဆီဆိုင် တစ်ဆိုင်သာ ဖွင့်လှစ်ကာ စက်သုံးဆီများကိုလည်း အကန့်အသတ်ဖြင့်သာ‌ ရောင်းပေးနေကြောင်း နမ့်ခမ်းမြို့နယ်...