လားရှိုးမြို့တွင် TNLA နှင့် စစ်ကောင်စီ ထပ်မံဆွေးနွေးခဲ့၊ တပ်ဆုတ်မည့်အစီအစဉ် အတည်မပြုနိုင်သေး

သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကောင်စီနှင့် TNLA နှစ်ဘက်ကိုယ်စားလှယ်များ ထပ်မံတွေ့ဆုံပြီး မိုးကုတ်မြို့၊ မိုးမိတ်မြို့တို့မှ တပ်ဆုတ်မည့် အစီအစဉ်ကို ဆွေးနွေးခဲ့ကြောင်း စုံစမ်းသိရသည်။

နိုဝင်ဘာလ ၁၂ ရက်တွင် လားရှိုးမြို့ပေါ်၌ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နှင့် စစ်ကောင်စီ ကိုယ်စားလှယ်များ ထပ်မံတွေ့ဆုံခဲ့ပြီး မိုးကုတ်မြို့၊ မိုးမိတ်မြို့တို့မှ တပ်ဆုတ်မည့် အစီအစဉ်များ ဆွေးနွေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပြီးခဲ့တဲ့ ၁၂ ရက်နေ့က လားရှိုးမှာ TNLA နဲ့ စစ်တပ် တွေ့ကြတယ်။ မိုးကုတ်နဲ့ မိုးမိတ်ကနေ တပ်ဆုတ်မယ့်အကြောင်းလည်း ဆွေးနွေးတဲ့အထဲ ပါတယ်။ ဒီလကုန်မှာ TNLA မြို့ကနေ ဘယ်လိုထွက်မလဲ၊ စစ်တပ်က ဘယ်လိုဝင်လာမလဲ ဆိုတာတော့ အသေးစိတ် မသိရဘူး”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အောက်တိုဘာလ ၂၇-၂၈ ရက်နေ့များတွင် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုကြောင့် TNLA နှင့် စစ်ကောင်စီ ကိုယ်စားလှယ်တို့ တရုတ်နိုင်ငံ ကူမင်းမြို့၌ (၉) ကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့ပြီး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးခဲ့သည်။

သဘောတူ သတ်မှတ်ထားသည့် ကာလတွင် မိုးကုတ်နှင့် မိုးမိတ်မြို့နယ်များမှ TNLA တပ်ဆုတ်ခွာပေးမည် ဖြစ်ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ အောက်တိုဘာလ ၂၉ ရက်နေ့တွင် တရားဝင် ထုတ်ပြန်ထားသည်။

ထို့နောက် TNLA နှင့် စစ်ကောင်စီတို့ လားရှိုးမြို့၌ ထပ်မံတွေ့ဆုံပြီး မိုးကုတ်နှင့် မိုးမိတ်မြို့နယ်များမှ TNLA တပ်ဆုတ်ခွာရေး ထပ်မံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

အခြားတစ်ဘက်တွင် မိုးကုတ်မြို့သိမ်းတိုက်ပွဲတွင် အတူပါဝင် တိုက်ခိုက်ခဲ့ကြသည့် တော်လှန်ရေးအင်အားစု PDF တပ်ဖွဲ့များကို TNLA ဘက်မှ နိုဝင်ဘာလ (၁၆) ရက်၌ ခေါ်ယူတွေ့ဆုံခဲ့ပြီး စစ်ကောင်စီတပ် ပြန်လည်ဝင်ရောက်လာပါက သေနတ်ပစ်ဖောက်ခြင်း၊ တိုက်ခိုက်ခြင်း မပြုလုပ်ရန် ပြောဆိုခဲ့ကြောင်း သတင်းထွက်ပေါ်နေသည်။

လာမည့် နိုဝင်ဘာလ ၃၀ ရက်တွင် မိုးကုတ်မြို့ထဲသို့ စစ်ကောင်စီတပ်နှင့် TNLA တပ်တို့ အတူဝင်ရောက်လာမည်ဟု ဒေသခံများက ပြောဆိုနေသော်လည်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦး ထံ မေးမြန်းအတည်ပြုနိုင်ရန် သျှမ်းသံတော်ဆင့်မှ ဆက်သွယ်ခဲ့ရာတွင် ယခင်က လက်ခံဖြေကြားခဲ့သည့် ဖုန်းနံပါတ်မှာ ဖြုတ်ချထားသည်။

“အဲ့လို ခေါ်လာလို့ မရဘူးလေ၊ ခေါ်လာရင် TNLA နဲ့ တော်လှန်ရေးတပ်ကြား မဟာမိတ် ပျက်ပြီး ရန်သူဖြစ်သွားမှာ။ အပစ်ရပ်ပြီလို့ သူတို့ (TNLA) ကြေညာကတည်းက ရုံးတွေကော အိမ်တွေထဲကော နေ့တိုင်း ပစ္စည်းသယ်ထုတ်နေတာ။ အခုလည်း မိုးကုတ်မြို့ထဲမှာ ပြည်သူ တော်တော်များများ ရှောင်သွားကြပြီ”ဟု မိုးကုတ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် စစ်ကောင်စီနှင့် TNLA တပ်အကြား ဆက်ဆံရေးရုံးတစ်ခု ဖွင့်လှစ်ထားပြီး မိုးကုတ်မြို့နှင့် မိုးမိတ်မြို့မှ TNLA တပ်ဆုတ်ပြီးနောက် စစ်ကောင်စီ ပြန်လည်ဝင်ရောက်မည့် အစီအစဉ်များ လုပ်ဆောင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

မိုးကုတ်မြို့ထဲသို့ စစ်ကောင်စီတပ် ပြန်လည်ဝင်ရောက်မည့် အစီအစဉ်နှင့် ပတ်သက်ပြီး TNLA ဘက်မှ ပြည်သူများနှင့် တော်လှန်ရေးအင်အားစု PDF တပ်ဖွဲ့များထံ ပွင့်လင်းမြင်သာစွာ အသိပေးခြင်း မရှိဘဲ စစ်ကောင်စီတပ် ဝင်ရောက်လာပါက နောင်ချို၊ ကျောက်မဲနှင့် သီပေါမြို့ကဲ့သို့ နေအိမ်ချိတ်ပိတ်ခံရပြီး ဖမ်းဆီးခံရမည်ကို စိုးရိမ်နေရကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၆ ရက် ညပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဆုတ်ခွာမည်ဟု ကြေညာထားသည့် မိုးကုတ်မြို့တွင် တော်လှန်ရေးအင်အားစုများ၊ ဒေသခံပြည်သူများမှ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် စစ်ကောင်စီဘက်မှ မြို့ထဲသို့ ပြန်လည်ဝင်ရောက်လာမည်ကို လုံးဝ လက်မခံရေး အတွက် သံပုံးတီး ဆန္ဒပြခဲ့ကြသည်။

မိုးကုတ်မြို့သိမ်း တိုက်ပွဲအတွင်း TNLA နှင့်အတူ ပါဝင်ခဲ့ကြသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး- PDF ၊ မိုးကုတ်ဗျူဟာ၊ မိုးကုတ်နှင့် ပြင်ဦးလွင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့က ထိန်းချုပ်နယ်မြေကို ကာကွယ်ရန် မိတ်ဖက်တော်လှန်ရေး အင်အားစုများနှင့် လက်တွဲ၍ အစွမ်းကုန် ခုခံကာကွယ်သွားမည် ဖြစ်ကြောင်း အောက်တိုဘာ (၃၀) ရက်တွင် ကြေညာထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...