မိုးကုတ်မြို့တွင် စစ်ကော်မရှင် တပ်စွဲထားသည့် ပြည်သူ့ဆေးရုံ ဒရုန်းဗုံးကြဲတိုက်ခိုက်ခံရ

သျှမ်းပြည် – မန္တလေးတိုင်းနယ်စပ် မိုးကုတ်မြို့ရှိ စစ်ကော်မရှင်တပ်ဖွဲ့ ဝင်ရောက်တပ်စွဲထားသည့် ပြည်သူ့ဆေးရုံကို တော်လှန်ရေးအင်အားစု PDF တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဒီဇင်ဘာလ ၁၁ ရက်) ညနေပိုင်းတွင် စစ်ကော်မရှင်တပ်ဖွဲ့ ပြန်လည်ဝင်ရောက် တပ်စွဲထားသည့် မိုးကုတ်မြို့ရှိ ပြည်သူ့ဆေးရုံနှင့် အနီးတစ်ဝိုက်ကို တော်လှန်ရေးအင်အားစု PDF တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့က မိုးကုတ်ဆေးရုံနဲ့ အနီးတစ်ဝိုက်ကို ကြဲသွားတာဗျ။ ထိခိုက်သေဆုံးတာမျိုးတော့ အတိအကျ မသိဘူး။ ၆ လုံးချတယ်လို့လည်း ပြောတယ်။ အခုမနက်လည်း ညောင်သုံးပင်နားနဲ့ အုန်းကိုင်းရွာသစ်ဘက်မှာ ပစ်ခက်တဲ့ အသံကြားတယ် အတိအကျတော့ မသိရသေးဘူး”ဟု မိုးကုတ်မြို့မှ စစ်ရေးသတင်းရင်းမြစ်တစ်ဦး‌က ပြောသည်။

အလားတူ ယနေ့ (ဒီဇင်ဘာလ ၁၂ ရက် ) နံနက်ပိုင်းတွင် မိုးကုတ်မြို့ပြင် အနီးတဝိုက်တွင် စစ်ကော်မရှင်တပ်ဖွဲ့နှင့် တော်လှန်ရေးအင်အားစု PDF တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် စစ်ကော်မရှင်တပ်ဖွဲ့မှ ပြင်ဦးလွင်- မိုးကုတ်၊ မိုးကုတ်- မိုးမိတ်လမ်းပိုင်းကို
ပြန်လည် ထိန်းချုပ်ထားပြီး မိုးကုတ်မြို့၏ အနီးဝိုက်ရှိ နေရာများကို တောလှန်ရေးအင်အားစု PDF တပ်ဖွဲ့တို့ ထိန်းချုပ်ထားပြီး စစ်ကော်မရှင်တပ်နှင့် ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွားမှု ရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့် (နိုဝင်ဘာလ ၂၉ ရက်)မှ စတင်ပြီး မိုးကုတ်မြို့နှင့် မိုးမိတ်မြို့များသို့ စစ်ကော်မရှင်တပ် အင်အားထောင်နှင့်ချီ TNLA လုံခြုံရေးဖြင့် ပြန်လည်ဝင်ရောက်လာခဲ့ပြီး မြို့သိမ်းတိုက်ပွဲများတွင် အတူပါဝင် တိုက်ခိုက်ခဲ့ကြသည့် တော်လှန်ရေးအင်အားစု PDF တပ်ဖွဲ့များမှာ မြို့ပြင်ဘက် ဆုတ်ခွာခဲ့ရသည်။

မိုးကုတ်နှင့် မိုးမိတ်မြို့များမှ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဆုတ်ခဲ့ပြီးနောက် နိုဝင်ဘာလ (၃၀) ရက်တွင် တော်လှန်ရေးအင်အားစု PDF တပ်ဖွဲ့များ တပ်စွဲထားသည့် မိုးကုတ်အနောက်ပိုင်း မြို့ပြင်နေရာများအထိ စစ်ကော်မရှင်ဘက်မှ တပ်စခန်းအခြေစိုက်ရန် လုပ်ဆောင်လာခြင်းကြောင့် PDF တပ်ဖွဲ့များနှင့် နေ့စဉ်နီးပါး ထိတွေ့တိုက်ပွဲ ပြင်းထန်နေကြောင်း မိုးကုတ်ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းရှူးမြို့တွင်း ပေါ်တာဆွဲသတင်းကြောင့် ဒေသခံ စိုးရိမ်မှုဖြစ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းရန် ပေါ်တာဆွဲခံနေရဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ လက်ရှိ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်၏ ပြည်သူ့စစ်မှုထမ်း ကိစ္စနှင့် ပတ်သက်၍ အမည်စာရင်းတွင် ပါဝင်နေသူများအနေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံနေရသည်ဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြ‌ရကြောင်း...

မိုးဗြဲ-နန်းမယ်ခုံ-ဒီးမော့ဆို လမ်းမကြီးထိန်းချုပ်ရန် စစ်တပ် ထိုးစစ်ပြင်နေ

0
သျှမ်း-ကရင်နီပြည် နယ်စပ် မိုးဗြဲ - နန်းမယ်ခုံဒေသတွင် စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးရန် ပြင်ဆင်နေသဖြင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုတို့ နှင့် နှစ်ဘက်စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။ ယနေ့ ဇွန်လ (၃၀) ရက်တွင် မိုးဗြဲမြို့နယ် မှ နန်းမယ်ခုံဘက်သို့ စစ်ကော်မရှင်တပ်က ထိုးစစ်ဆင်နိုင်ရန် ပြင်ဆင်နေခြင်းကြောင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ နှင့် နှစ်ဘက်...

နန်းမယ်ခုံမြို့နယ် စစ်တပ်က ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက် ကလေး (၂) ဦး သေဆုံး

0
ကရင်နီပြည်နယ် နန်းမယ်ခုံမြို့နယ်ရှိ ကျေးရွာတစ်ရွာအတွင်းရှိ စာသင်ကျောင်းကို စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေး (၂) ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၂၄ ရက်) နေ့လည် ၁ နာရီဝန်းကျင်တွင် နန်းမယ်ခုံမြို့နယ် လီဝိုးကျေးရွာရှိ စာသင်ကျောင်းတခုကို စစ်ကော်ရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်...

ဖယ်ခုံမြို့နယ် ပြည်သူပိုင်ပစ္စည်းများ စစ်ကော်မရှင်တပ် သယ်ယူနေ

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက ရွာအတွင်းဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းများကို ကားများဖြင့် သယ်ယူနေကြောင်း သတင်းရရှိသည်။ ယခု ဇွန်လ တတိယပတ် အတွင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့ နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့ဝင်များက ရွာအတွင်း ဝင်ရောက်ပြီး ပြည်သူပိုင်...

တောင်ကြီး စစ်ကော်မရှင်တပ်အတွက် စစ်သုံးစရိတ် တအိမ်လျှင် တစ်လ ၃ သောင်းကောက်

0
သျှမ်းပြည် တောင်ကြီးမြို့အတွင်းရှိ ရပ်ကွက်အချို့တွင် စစ်ကော်မရှင်တပ်အတွက် စစ်မှုထမ်းကြေး အပြင် “ စစ်အသုံးစရိတ်‌”ဟုဆိုကာ ဒေသခံများထံ ငွေကြေးများ ထပ်မံ ကောက်နေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့ရှိ စိန်ပန်းရပ်ကွက်၊ ရွှေတောင်ရပ်ကွက်၊ ကျောင်းကြီးစုရပ်ကွက် နှင့် ဘုရားဖြူရပ်ကွက် အချို့တို့တွင် စစ်ကော်မရှင်တပ်က  စစ်မှုထမ်းကြေးအပြင် စစ်အသုံးစရိတ် အမည်ဖြင့် ငွေကြေးများကောက်ခံနေကြောင်း  ငး တောင်ကြီးမြို့...