တောင်ကြီး စစ်ကော်မရှင်တပ်အတွက် စစ်သုံးစရိတ် တအိမ်လျှင် တစ်လ ၃ သောင်းကောက်

သျှမ်းပြည် တောင်ကြီးမြို့အတွင်းရှိ ရပ်ကွက်အချို့တွင် စစ်ကော်မရှင်တပ်အတွက် စစ်မှုထမ်းကြေး အပြင် “ စစ်အသုံးစရိတ်‌”ဟုဆိုကာ ဒေသခံများထံ ငွေကြေးများ ထပ်မံ ကောက်နေကြောင်း စုံစမ်းသိရသည်။

တောင်ကြီးမြို့ရှိ စိန်ပန်းရပ်ကွက်၊ ရွှေတောင်ရပ်ကွက်၊ ကျောင်းကြီးစုရပ်ကွက် နှင့် ဘုရားဖြူရပ်ကွက် အချို့တို့တွင် စစ်ကော်မရှင်တပ်က  စစ်မှုထမ်းကြေးအပြင် စစ်အသုံးစရိတ် အမည်ဖြင့် ငွေကြေးများကောက်ခံနေကြောင်း  ငး တောင်ကြီးမြို့ အသက် ၂၀အရွယ်ရှိလူငယ် တစ်ဦးက သျှမ်းသံ‌တော်ဆင့်ကို ပြောသည်။ 

“သူတို့ကောက်တဲ့လဆို ၃ သောင်းပေးရတယ်။ ကျနော်တို့ဘက်ကို‌တော့ လတိုင်း မကောက်ဘူး။ အိမ်တိုင်းလည်း မထည့်ဘူး။ မထည့်ရင် စစ်မှုထမ်း ကောက်တဲ့ အချိန် ကိုယ်ဖြစ်ကိုယ်ခံလို့ ပြောတယ်။ အိမ်ကအမေတော့ပေးနေရတာပဲ။”ဟု ၎င်းလူငယ်ကဆိုသည်။​

အဆိုပါ စစ်အသုံးစရိတ်ကို ရပ်ကွက်အချို့တွင် ကောက်ခံမှုမရှိသေးကြောင်း စစ်မှုထမ်းကြေးအပြင် ခေါင်းစဉ်းအမျိုးမျိုးဖြင့် စစ်ကော်မရှင်တပ်က ငွေကောက်ခံနေကြောင်းကို တောင်ကြီးမြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးနီးစပ်သည့် အသက် ၄၀ကျော် အမျိုးသားတစ်ဦးက အတည်ပြုပြောဆိုသည်။ 

“စစ်မှုထမ်းကြေးက တမျိုး၊ ၊ဒီစစ်အသုံးစရိတ်က တမျိုးပေါ့။ ခေါင်းစဉ်အမျိုးမျိုးနဲ့ ပြောပြီး ကောက်တာ။ ၃ သောင်းကျပ် အနည်းဆုံး ကနေ ၂ သိန်းကျပ်ထိ ကောက်တယ်။ စစ်တပ်က ကိုယ်တိုင်ကောက်တာ။ မထည့်ရင်တော့ ရစ်ခံရတာပေါ့။စားစရာမရှိ ပေးစရာရှိဆိုတာ အဲ့တာပဲ လတိုင်းပေးရတာ။ တန်းတူ ကောက်တာမဟုတ်ဘူး။”ဟု ၎င်းအမျိုးသားကဆိုသည်။

အဆိုပါ စစ်မှုထမ်းကြေး နှင့် စစ်အသုံးစရိတ်များကြောင့် ဒေသခံများ ငွေကြေးအခက်အခဲများ ကြုံတွေ့နေရကြောင်း တောင်ကြီးမြို့ အသက် ၂၀ အရွယ်ရှိလူငယ်က ဆက်လက်ပြောသည်။​

“အိမ်က အမေ ပေးနေရင်လည်း ငါတို့က အလုပ်လုပ်ပြီး ပြန်ရှာပေး နေရတာပဲ။ သုံးဖို့မကျန်လည်း ရှာရတာပဲ မတက်နိုင်ဘူး။ မထည့်ရင်လည်း စစ်မှုထမ်းခေါ်ခံရတာ ဖြစ်ဖြစ် ရပ်ကွက်အုပ်ချုပ်ရေးမှုတွေက လိုက်မညှိပေးဘူး ပြောလို့။”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်ကော်မရှင်ဘက်မှ စစ်မှုထမ်းဥပဒေကို အတည်ပြု ထုတ်ပြန်ပြီးနောက် သျှမ်းပြည်အတွင်းရှိ လူငယ်များသည် နိုင်ငံရပ်ခြားသို့ ပြောင်းရွှေ့ အလုပ်လုပ်ကိုင်ခဲ့ကြပြီး မြန်မာတစ်နိုင်ငံလုံးတွင် စစ်မှုထမ်းကြေးများ၊ တိုင်းရင်းသား လက်နက်ကိုင် ထိန်းချုပ်နယ်မြေများတွင်လည်း ဆက်ကြေးများ လစဉ် ထည့်နေကြရသည်။

အလားတူ ပြီးခဲ့သည့် ဧပြီလတွင်လည်း တောင်ကြီးမြို့နယ် ကျောက်တလုံးမြို့နယ်ခွဲတွင် ၆ လတစ်ကြိမ် ခေါင်းစဉ်အမျိုးမျိုးဖြင့်  ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့(PNO)မှ ငွေများ ကောက်ခံခဲ့ ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

ရွာငံမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်တပ်က ၃ရက်အတွင်း အပြီးပြောင်းရွှေ့ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုရှိ ကျေးရွာများကို စစ်တပ်မှ သုံးရက်အတွင်း ပြောင်းရွှေ့ရန် အမိန့်ထုတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်မှ စပြီး ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုအပါဝင် ရွာငံတောင်ပိုင်းမှ ကျေးရွာ အများစုကို စစ်တပ်မှ ပြောင်းရွှေ့ရန် အမိန့်ပေးထားပြီးနောက် ဒေသခံများ...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...

မိုးမိတ်မြို့အနီး ၂ ရက်ဆက် တိုက်ပွဲပြန်ဖြစ်၊ စစ်ရေးဆက်လက်တင်းမာနေ

0
သျှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့အနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နင့် စစ်ကော်မရှင်တပ် တို့ အကြား တိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး စစ်ရေး ဆက်လက်တင်းမာနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (ဩဂုတ်လ ၁၁ ရက်) မွန်းလွဲ ၁ နာရီခန့်မှစတင်ကာ မိုးမိတ်မြို့နှင့် ၂ မိုင်ခန့်အကွာရှိ ညောင်နီကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ ယမန်နေ့(...

တောင်ကြီး လမ်းဘေးစျေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ မြို့မဈေးအနီးရှိ လမ်းဘေးဈေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်းသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်တွင် တောင်ကြီးမြို့ နံနက်ခင်းဈေးတခုတွင် လမ်းဘေးဈေးသည်များကို “ဈေးမသိမ်း”ဟူသော အကြောင်းပြချက်ဖြင့် စည်ပင်များကို ဝင်ရောက်ရိုက်နှက်ကာ ပစ္စည်းများကို သိမ်းဆည်းကာ ကားပေါ်တင်သွားကြောင်း သိရသည်။ အဆိုပါ...