ဒရုန်းဗုံးကြဲ
မိုးကုတ်မြို့တွင် စစ်ကော်မရှင် တပ်စွဲထားသည့် ပြည်သူ့ဆေးရုံ ဒရုန်းဗုံးကြဲတိုက်ခိုက်ခံရ
သျှမ်းပြည် - မန္တလေးတိုင်းနယ်စပ် မိုးကုတ်မြို့ရှိ စစ်ကော်မရှင်တပ်ဖွဲ့ ဝင်ရောက်တပ်စွဲထားသည့် ပြည်သူ့ဆေးရုံကို တော်လှန်ရေးအင်အားစု PDF တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၁ ရက်) ညနေပိုင်းတွင် စစ်ကော်မရှင်တပ်ဖွဲ့ ပြန်လည်ဝင်ရောက် တပ်စွဲထားသည့် မိုးကုတ်မြို့ရှိ ပြည်သူ့ဆေးရုံနှင့် အနီးတစ်ဝိုက်ကို တော်လှန်ရေးအင်အားစု...
နောင်ချိုစစ်ကောင်စီတပ် ဂုတ်ထိပ်တဖက်ကမ်း ဒရုန်းဗုံးကြဲမှုကြောင့် စစ်ဘေးရှောင် သားအမိနှစ်ယောက် သေဆုံး
သျှမ်းပြည် နောင်ချိုမြို့ရှိ စစ်ကောင်စီတပ်မှ ဂုတ်ထိပ်တဖက်ကမ်းသို့ လက်နက်ကြီးပစ်ခတ်ပြီး ဒရုန်းဖြင့်ပါ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ဘေးရှောင်သားအမိ နှစ်ဦး ထိမှန်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ ဒုတိယပတ်မှ စတင်ပြီး စစ်ကောင်စီတပ်မှ နောင်ချိုမြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် ဂုတ်ထိပ်တဖက်ကမ်းရှိ ကျေးရွာများသို့ လက်နက်ကြီးပစ်ခတ်သည့်အပြင် ဒရုန်းဖြင့်ပါ ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။ ယမန်နေ့ (ဇူလိုင်လ...
နောင်ချို TNLA စခန်းချနေရာကို စစ်ကောင်စီ ဒရုန်းဗုံးကြဲ၊ TNLA တပ်သား ထိခိုက်ကျဆုံးမှုရှိ
စိုင်းခွမ်မိန်း၊ ၂၀၂၄ ဇွန်လ ၁၉ ရက် သျှမ်းပြည် နောင်ချိုမြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA စခန်းချနေရာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ TNLA တပ်သား ထိခိုက်ကျဆုံးမှု ရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၈ ရက်) ညနေ ၃...
နောင်ချို စစ်ကောင်စီတပ်က ဒရုန်းဗုံးကြဲ လက်နက်ကြီးပစ် အမျိုးသမီးတစ်ဦးထိမှန်၊ နေအိမ်ပျက်စီး
သျှမ်းပြည် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ နေ့စဉ်နီးပါး ဒရုန်းဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီး တစ်ဦးထိမှန်ပြီး နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ (၁၆) ရက်နှင့် (၁၇) ရက်တို့တွင် နောင်ချိုမြို့နယ် ဘန့်ဘွေးနှင့် အုမ္မသီးလမ်းခွဲတွင် အခြေစိုက်ထားသည့် စစ်ကောင်စီတပ်မှ ဆမ္မဆယ်နှင့် သုံးဆယ်ရွာဘက်သို့ နေ့စဉ်နီးပါး လက်နက်ကြီး ပစ်ခတ်မှုအပြင် ဒရုန်းဖြင့် ဗုံးလာရောက်ကြဲချမှုကြောင့် ပြည်သူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း နောင်ချိုဒေသခံများက ပြောသည်။ “မနေ့ကတော့ ညပိုင်း သုံးလေးလုံး လာပစ်တာရှိတယ်၊ တမြန်နေ့ကတော့ တနေကုန် ပစ်တာ။ ရှေ့ရက်ကတော့ ရွာထဲ ဒရုန်းဗုံးသီးကျပြီး လူနေအိမ် ပျက်စီးတာရှိတယ်။ စစ်တပ်က ညီနောင်မဟာမိတ်နဲ့ PDF တွေ ရွာထဲမှာ ရှိတယ်အထင်နဲ့ ဆမ္မဆယ်ကတော့ ပြောရရင် နေ့တိုင်းလိုလိုလက်နက်ကြီး ကျတယ်”ဟု နောင်ချိုမြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ဇွန်လ ၁၂ ရက်တွင်လည်း စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးသည် ဆမ္မဆယ်ကျေးရွာရှိ လူနေအိမ်ထဲ ကျရောက်ပေါက်ကွဲ၍အမျိုးသမီးတစ်ဦး ထိမှန်ကာ ခြေလက်ထိခိုက်ပျက်စီးခဲ့ပြီး ဆေးကုသမှု ခံယူနေရကြောင်း နောင်ချိုဒေသခံများထံမှ သိရသည်။ အလားတူ နောင်ချိုမြို့နယ် ဘန့်ဘွေးကျေးရွာရှိ စစ်ကောင်စီတပ်မှ ဇွန်လ ၁၆ ရက် ညနေ ၃ နာရီခွဲခန့်တွင် ဆမ္မဆယ်ရွာသို့ ဒရုန်းဖြင့် ဗုံး(၄)လုံးလာရောက်ကြဲချ တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၁၅ ရက်နေ့ကလည်း အုမ္မတီးနှင့် အုမ္မခါးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ လက်နက်ကြီး(၈)လုံး ပစ်ခတ်ခဲ့ကြောင်း TNLA တပ်ဖွဲ့မှ ဇွန်လ ၁၇ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ “ဆမ္မဆယ်ကတော့ ၂ ရက်ဆက်တိုက် ကျတာပေါ့၊ ရွာသားတွေတော့ တော်တော်များများ မနေရဲကြတော့ဘူး။ တချို့နေရာတွေမှာလည်း စစ်ကောင်စီက စစ်နေတာရှိတယ်။ ဆီဆုံ၊ ပါဟက်၊ ချောင်းကြီး ၇/၈ ရွာတွေကို တိုက်ပွဲမဖြစ်ပဲနဲ့ ညီနောင်မဟာမိတ်တွေက ရှေ့နှစ်ပတ်ကတည်းကရှောင်ခိုင်းနေတာရှိတယ်”ဟု နောင်ချိုမြို့မှ ၎င်းဒေသခံအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။ နောင်ချိုမြို့နယ်တွင် သင်္ကြန်ကာလအတွင်း ပြန်လည်စတင်လာသည့် တကျော့ပြန်တိုက်ပွဲ ၂ လနီးပါးအတွင်း စစ်ကောင်စီ လက်နက်ကြီးကြောင့် အမျိုးသမီး ၅ ဦးအပါအဝင် ၁၀ ဦးသေဆုံးခဲ့ပြီး ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နောင်ချိုဒေသခံများထံမှ သိရသည်။ ထို့အပြင် ဇွန်လ (၁) ရက်နေ့မှ (၁၆) ရက်အထိ မိုးမိတ်နှင့် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် ဗုံး(၄)လုံးနှင့် လက်နက်ကြီး(၄၂)ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း TNLA တပ်ဖွဲ့မှ ဇွန်လ (၁၇) ရက်တွင် ထုတ်ပြန်ထားသည်။
ပန်ဆိုင်းတွင် ညီနောင်မဟာမိတ် ဒရုန်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦး သေဆုံး
SHAN -
သျှမ်းပြည် မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့တွင် ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ဒရုန်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာ ၁၉ ရက်) ညနေ ၃ နာရီခွဲဝန်းကျင် တွင် ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ပန်ဆိုင်း(ကြူကုတ်)မြို့ပေါ်သို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူနေအိမ်...





