ပန်ဆိုင်းတွင် ညီနောင်မဟာမိတ် ဒရုန်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦး သေဆုံး

သျှမ်းပြည် မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့တွင် ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ဒရုန်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။

နယ်စပ်မျဥ်းမှ စစ်ဘေးတိမ်းရှောင်သူများ

ယမန်နေ့ (နိုဝင်ဘာ ၁၉ ရက်) ညနေ ၃ နာရီခွဲဝန်းကျင် တွင် ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ပန်ဆိုင်း(ကြူကုတ်)မြို့ပေါ်သို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူနေအိမ် ၂ လုံးနှင့် EPC လျှပ်စစ်ရုံးတို့ မီးလောင်ပျက်စီးခဲ့ပြီး အသက် ၂၁ နှစ်အရွယ်ရှိ စိုင်းထွန်းကျော်ဆိုသူ သေဆုံးသွားကြောင်း ပန်ဆိုင်းဒေသခံများက ပြောသည်။

“ညီနောင်မဟာမိတ်တွေက ပန်ဆိုင်းမြို့ပေါ်ကို ဒရုန်းနဲ့ ဗုံးလာကြဲတာ ဟုတ်တယ်။ ဆေးရုံဘက်နဲ့ EPC ရုံးဘက်တော့ တိုက်ပွဲတွေ စဖြစ်ကတည်းက လူမနေတာ ကြာပြီ။ ပြည်သူနေအိမ်တွေကတော့ စစ်ကောင်စီတွေရှိတယ် အထင်နဲ့ မဟာမိတ်တွေက ဒရုန်းနဲ့ ဗုံးလာကြဲနေတာ။ အိမ်တွေ တော်တော်များများ ထိတယ်။ မနေ့က ၆ နာရီလောက်မှာ ပန်ဆိုင်းမြို့ပေါ် ရပ်ကွက် ၄ က တစ်ယောက်ဆုံးသွားသေးတယ်”ဟု ပန်ဆိုင်းမြို့ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မြန်မာ-တရုတ် နယ်စပ်ရှိ ပန်ဆန်း(ကြူကုတ်)မြို့တွင် ညီနောင်မဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ်တို့၏ နှစ်ဘက်တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဦးရေ ၂၀၀၀ ခန့်သည် မိုင်းယန်းချောင်းတလျှောက် မြန်မာ-တရုတ် နယ်စပ်ခြံစည်းရိုးအနီးနှင့် မူဆယ်မြို့ရှိ ဘုန်းကြီးကျောင်းများတွင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ပန်ဆိုင်းဒေသခံများထံမှ သိရသည်။

“အခု ကောင်းခန်ဘုန်းကြီးကျောင်းမှာ လာရှောင်နေကြတဲ့ ပန်ဆိုင်းကလူတွေလဲ ထပ်ပြီးတော့ စိတ်ပူနေရပြီ။ ဘာလို့ဆိုတော့ အဲ့နားတဝိုက်မှာ စစ်ကောင်စီတပ်သား ၁၀၀ ကျော်လဲ ရောက်နေတယ်။ စစ်ဘေးရှောင်တွေက ညီနောင်မဟာမိတ်တပ်တွေ ထပ်လာတိုက်မှာစိုးလို့ မူစယ်ဘက်ကို ထပ်ပြေးကြဖို့ လုပ်နေကြတာ”ဟု ပန်ဆိုင်းမြို့မှ စစ်ဘေးရှောင်များ၏ စိုးရိမ်ထိတ်လန့်မှုကို ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

အလားတူ နိုဝင်ဘာလ ၁၃ ရက် ည (၉) နာရီဝန်းကျင်လည်း ပန်ဆိုင်းမြို့ နမ့်ဟူးကျေးရွာ အနီးရှိ စစ်ကောင်စီတပ် အမှတ် (၅၂၅) ကို ညီနောင်မဟာမိတ်တပ်ဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်ခံရကြောင်း ပန်ဆိုင်းဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက်တွင်လည်း ပန်ဆိုင်းမြို့ (ကြူဂုတ်) ရပ်ကွက် ၈ အတွင်းရှိ စစ်ကောင်စီ ရဲစခန်းအနီး၌ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသား တစ်ဦး သေဆုံးကာ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...