Wednesday, January 28, 2026

နောင်ချို TNLA စခန်းချနေရာကို စစ်ကောင်စီ ဒရုန်းဗုံးကြဲ၊ TNLA တပ်သား ထိခိုက်ကျဆုံးမှုရှိ

စိုင်းခွမ်မိန်း၊ ၂၀၂၄ ဇွန်လ ၁၉ ရက်

သျှမ်းပြည် နောင်ချိုမြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA စခန်းချနေရာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ TNLA တပ်သား ထိခိုက်ကျဆုံးမှု ရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဇွန်လ ၁၈ ရက်) ညနေ ၃ နာရီကျော်ခန့်တွင် နောင်ချိုမြို့နယ် အုမ္မတီးလမ်းခွဲ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်က ဆမ္မဆယ်ကျေးရွာအနီးရှိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA စခန်းချနေရာကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ TNLA တပ်သား ၂ ဦး ကျဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း နောင်ချိုဒေသခံများက ပြောသည်။

“မနေ့က ညနေ ၃ နာရီကျော်လောက်မှာ အုမ္မတီးလမ်းခွဲမှာ ရှိတဲ့ စစ်ကောင်စီတပ်ကနေ ဆမ္မဆယ်မှာရှိတဲ့ TNLA စခန်းချနေရာကို ဒရုန်းနဲ့ ဗုံးထပ်ပစ်တာ၊ အဲ့မှာ TNLA တပ်သားနှစ်ယောက် ဆုံးသွားပြီး ၅ ယောက် ဒဏ်ရာရတယ်။ အခုထက်ထိ နှစ်ဘက်တင်းမာနေတုန်းပဲ၊ စစ်ကောင်စီလက်နက်ကြီးကတော့ နေ့တိုင်းပစ်နေတယ်”ဟု မျက်မြင်တွေ့ရှိခဲ့သည့် နောင်ချိုဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

TNLA တပ်ဖွဲ့ဘက်မှလည်း နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့မှ ဒရုန်း (၂) စင်းဖြင့် ၎င်းတို့တပ်စခန်းရှိရာသို့ လာရောက်ဗုံးကြဲ တိုက်ခိုက်မှုကြောင့် TNLA တပ်ဖွဲ့ဝင် တစ်ဦး အသက်ပေးလှူခဲ့ရပြီး (၄) ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယမန်နေ့ (ဇွန်လ ၁၈ ရက်) တွင် ထုတ်ပြန်သည်။

ယခုကဲ့သို့ စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် TNLA တပ်သားများ ထိခိုက်ကျဆုံးခဲ့ရခြင်းနှင့် ပတ်သက်ပြီး မည်ကဲ့သို့ တုံ့ပြန်ဆောင်ရွက်သွားမည်ကို TNLA တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူထံ သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။

အလားတူ ဇွန်လ (၉) ရက်နေ့ကလည်း မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်မှ ပေါင် (၅၀၀) ဗုံး အသုံးပြု၍ မန်ပိန်းနှင့် ပန်တင်ရွာကြားတွင် လာရောက်ကြဲချခဲ့ရာ TNLA တပ်သား (၃) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ဇွန်လ (၁၆) ရက်နှင့် (၁၇) ရက်တို့တွင် နောင်ချိုမြို့နယ် ဘန့်ဘွေးနှင့် အုမ္မတီးလမ်းခွဲတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ ဆမ္မဆယ်နှင့် သုံးဆယ်ရွာဘက်သို့ နေ့စဉ်နီးပါး လက်နက်ကြီး ပစ်ခတ်မှုအပြင် ဒရုန်းဖြင့် လာရောက်ဗုံးကြဲချမှုကြောင့် အမျိုးသမီးတစ်ဦး ခြေလက်ထိမှန် ဒဏ်ရာရပြီး ပြည်သူနေအိမ်များ ပျက်စီးခဲ့ကြောင်း နောင်ချိုဒေသခံများက ပြောသည်။

ဇွန်လ (၁) ရက်နေ့မှ (၁၆) ရက်အထိ မိုးမိတ်နှင့် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် ဗုံး(၄)လုံးနှင့် လက်နက်ကြီး(၄၂)ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့သည်ဟု TNLA တပ်ဖွဲ့မှ ဇွန်လ (၁၇) ရက်တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် ဟိုင်ဂင်သဘောတူညီချက်ကို အကြိမ်ကြိမ် ချိုးဖောက်ပြီး TNLA တပ်ဖွဲ့ တည်ရှိရာကို နေ့စဉ်လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်လျှက်ရှိကြောင်း TNLA ဘက်မှ ပြောဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...