နောင်ချိုစစ်ကောင်စီတပ် ဂုတ်ထိပ်တဖက်ကမ်း ဒရုန်းဗုံးကြဲမှုကြောင့် စစ်ဘေးရှောင် သားအမိနှစ်ယောက် သေဆုံး

သျှမ်းပြည် နောင်ချိုမြို့ရှိ စစ်ကောင်စီတပ်မှ ဂုတ်ထိပ်တဖက်ကမ်းသို့ လက်နက်ကြီးပစ်ခတ်ပြီး ဒရုန်းဖြင့်ပါ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ဘေးရှောင်သားအမိ နှစ်ဦး ထိမှန်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

ဇူလိုင်လ ဒုတိယပတ်မှ စတင်ပြီး စစ်ကောင်စီတပ်မှ နောင်ချိုမြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် ဂုတ်ထိပ်တဖက်ကမ်းရှိ ကျေးရွာများသို့ လက်နက်ကြီးပစ်ခတ်သည့်အပြင် ဒရုန်းဖြင့်ပါ ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (ဇူလိုင်လ ၂၀ ရက်) နေ့လယ်ပိုင်းတွင် နောင်ချိုစစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှုနှင့် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့ သပြေရေရပ်ကွက်မှ နောင်ပြစ်ကျေးရွာတွင် လာရောက်တိမ်းရှောင်နေသည့် စစ်ဘေးရှောင်သားအမိနှစ်ဦးကို ထိမှန်၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း နောင်ပိန်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ပုံစာ – နောင်ချိုစစ်ကောင်စီတပ်မှ ဂုတ်ထိပ်တဖက်ကမ်းရှိ နောင်ပြစ်ကျေးရွာသို့ ဒရုန်းဗုံးကြဲခြင်းကြောင့် သေဆုံးသွားသည့် သားအမိကို မီးသင်္ဂြိုဟ်နေပုံ

“လက်နက်ကြီး ၉ လုံး ပစ်လာတာ ရွာထဲ ၇ လုံးကျကွဲတယ်၊ အိမ်တွေလည်း အများကြီးထိတယ်။ သပြေရေဘက်ကနေ စစ်ဘေးရှောင်လာတဲ့ သားအမိနှစ်ယောက်ကို မှန်တာ၊ သူ့သမီးလည်း ကလေးပဲ ရှိသေးတယ်။ ကလေးက လည်ပင်းပြတ်သွားတယ်၊ ကားတွေလည်း ထိတယ်”ဟု အသက် ၂၇ နှစ်ခန့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နောင်ချိုစစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးထိမှန်ပြီး သေဆုံးသွားသူမှာ နောင်ချိုမြို့ သပြေရေရပ်ကွက်နေ အသက်(၃၅) နှစ်အရွယ် မစိုးစိုးခိုင်နှင့် သမီးဖြစ်သူ အသက် (၉) နှစ်အရွယ် နန်းရွှေစင်လင်းတို့ဖြစ်ပြီး ၎င်းတို့၏ ရုပ်အလောင်းကို နောင်ပိန်သုဿာန်တွင် မီးသင်္ဂြုဟ်ပေးခဲ့ကြောင်း သိရသည်။

ပုံစာ – နောင်ချိုစစ်ကောင်စီတပ်မှ ဂုတ်ထိပ်တဖက်ကမ်းရှိ နောင်ပြစ်ကျေးရွာသို့ ဒရုန်းဗုံးကြဲခြင်းကြောင့် သေဆုံးသွားသည့် သားအမိပုံ

နောင်ချိုမြို့ကို စစ်ကောင်စီတပ်က အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ကြောင်း ဇူလိုင်လ ၁၆ ရက်တွင် ကြေညာခဲ့ပြီးနောက် ဂုတ်ထိပ်တဖက်ကမ်းရှိ ကျေးရွာများကို လက်နက်ကြီးနှင့် ဒရုန်းဖြင့် ဆက်လက်ဗုံးကြဲတိုက်ခိုက်နေခြင်းကြောင့် နောင်ပြစ်၊ ကျောင်းကုန်း၊ ခဲလုံ၊ လုံကြိမ်၊ ဇီးပင်စခန်း၊ ပင်တီး၊ ပင်တိန် စသည့် ကျေးရွာများမှာ စစ်ဘေးထပ်မံတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

“ဒရုန်းနဲ့ ဗုံးလာမကြဲတော့ဘူးဆိုပြီး ရှေ့နှစ်ရက်က ရွာသားတွေ အိမ်ပြန်ကြတာ၊ အဲ့တာနဲ့ လက်နက်ကြီးကျလို့ အခု ပြန်ထွက်ပြေးနေရတယ်။ ဒရုန်းနဲ့ အရင်လာပြီး ကင်းထောက်လုပ်ပြီးမှ ရွာထဲကို တမင်ပစ်လာတာ။ ရွာထဲတော်တော်များများထိတယ် သွားမကြည့်ရဲဘူး၊ အသံကြားတာနဲ့ ထွက်ပြေးဖို့ပဲ သိတော့တယ်”ဟု နောင်ပိန်ရောက် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိတွင် နောင်ချိုနှင့် ကျောက်မဲကြားရှိ ဂုတ်တွင်းတံတားကြီးလည်း ဗုံးခွဲဖျက်စီးခံထားရခြင်းကြောင့် ခရီးသည်ယာဉ်နှင့် ကုန်တင်ယာဉ်များ သွားလာ၍ မရသော်လည်း မကြာမီ နောင်ချိုစစ်ကောင်စီတပ်မှ မြေပြင်စစ်ကြောင်းများ ချီတက်လာပြီး ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲထပ်မံဖြစ်ပွားမည်ကို စိုးရိမ်ကြောင်း ဒေသခံများက ပြောဆိုသည်။

ပုံစာ – နောင်ချိုစစ်ကောင်စီတပ်မှ ဂုတ်ထိပ်တဖက်ကမ်းရှိ နောင်ပြစ်ကျေးရွာသို့ ဒရုန်းဗုံးကြဲခြင်းကြောင့် ထိခိုက်ပျက်စီးမှု (ဓာတ်ပုံ – ဒေသခံ)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နောင်ချို-မန္တလေးလမ်းတွင် ဂိတ်ကြေး ကျပ်သိန်း (၁,၀၀၀) ကျော်အထိ ပေးဆောင်ရ

0
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှ မန္တလေးသို့ သွားသည့် လမ်းတလျှောက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များတွင် ဂိတ်ကြေးနှင့် လမ်းရှင်းခ တောင်ခံမှုသည် အဆမတန် မြင့်မားနေကြောင်း ကုန်သည်များနှင့် ယာဉ်မောင်းများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလမှစတင်ကာ စစ်ကော်မရှင်၏ "ရက် ၁၀၀ စီမံချက်" ဖြင့် ကုန်သွယ်ရေးလမ်းကြောင်းများကို တင်းကျပ်လိုက်ပြီးနောက် နယ်စပ်မှဝင်လာသည့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နန်းမယ်ခုံမြို့နယ် စစ်တပ်က ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက် ကလေး (၂) ဦး သေဆုံး

0
ကရင်နီပြည်နယ် နန်းမယ်ခုံမြို့နယ်ရှိ ကျေးရွာတစ်ရွာအတွင်းရှိ စာသင်ကျောင်းကို စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေး (၂) ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၂၄ ရက်) နေ့လည် ၁ နာရီဝန်းကျင်တွင် နန်းမယ်ခုံမြို့နယ် လီဝိုးကျေးရွာရှိ စာသင်ကျောင်းတခုကို စစ်ကော်ရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...