မိုးဗြဲမြို့ စစ်ကောင်စီတပ် အင်အားအလုံးအရင်း စစ်ကြောင်းထိုး၊ တိုက်ပွဲများပြင်းထန်နေ

သျှမ်း – ကရင်နီနယ်စပ်၊ မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်မှ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး တိုက်ခိုက်နေသည့်အတွက် တော်လှန်ရေးတပ်ဖွဲ့တို့နှင့် တိုက်ပွဲများ ပြန်လည်ပြင်းထန်နေကြောင်း သတင်းရရှိသည်။

ယနေ့ (ဧပြီလ ၂၈ ရက်) နံနက် (၅) နာရီခန့်မှ စတင်၍ စစ်ကောင်စီတပ်က မိုးဗြဲမြို့ကို ပြန်လည် ထိန်းချုပ်နိုင်ရန်အတွက် ခြေမြန်တပ်ရင်း ခမရ – (၄၂၂) တပ်စခန်းမှ တစ်လအတွင်း ဒုတိယအကြိမ် စစ်အင်အား ၃၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးခဲ့ပြီး တိုက်ပွဲများ ပြင်းထန်နေကြောင်း သျှမ်းတောင်စစ်ဒေသခွဲ၊ PDF ဗျူဟာအမှတ်(၁) မှ သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် စစ်ကောင်စီတပ်မှ ထိခိုက်ဆုံးရှုံးမှု များနေခြင်းကြောင့် ဖယ်ခုံမြို့နှင့် လွိုင်ကော်မြို့မှ လက်နက်ကြီး ပစ်ကူပေးခြင်း၊ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေကြောင်း သျှမ်းတောင်စစ်ဒေသခွဲ၊ PDF ဗျူဟာ အမှတ် (၁) သတင်းပြန်ကြားရေး တာဝန်ခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လက်ရှိ အခြေအနေမှာက နှစ်ဦးနှစ်ဘက် တိုက်ပွဲပြင်းထန်နေပါတယ်။ ပြီးတော့ စစ်ကောင်စီဘက်ကလည်း လေယာဉ်တွေနဲ့ ဗုံးကြဲနေပါတယ်။ ထိခိုက်မှု ရှိ၊ မရှိ ဆိုတာကိုတော့ အခုချိန်ထိတော့ သတင်း အချက်အလက်တွေ မစုစည်းနိုင်သေးပါဘူး”ဟု သျှမ်းတောင်စစ်ဒေသခွဲ၊ PDFဗျူဟာ အမှတ် (၁) သတင်းပြန်ကြားရေး တာဝန်ခံတစ်ဦးက ပြောသည်။

ယမန်နေ့ (ဧပြီလ ၂၇ ရက်) ကလည်း မိုးဗြဲမြို့အခြေစိုက် ခမရ (၄၂၂) တပ်မှ စစ်အင်အား (၁၀၀) ကျော်ဖြင့် တော်လှန်ရေးတပ်များကို စစ်ကြောင်းထိုး တိုက်ခိုက်နေပြီး၊ လက်နက်ကြီးများဖြင့် ရမ်းတမ်းပစ်ခက်နေကြောင်း သိရသည်။

ထိုသို့ တိုက်ပွဲများ ပြင်းထန်နေခြင်းကြောင့် မြို့နှင့် ပတ်ဝန်းကျင်တွင် ဖြတ်သန်းသွားလာခြင်းမပြုရန် ပြည်သူများကို သတိပေးထားသည်။

ယခုတိုက်ပွဲအတွင်းတွင် စစ်ကောင်စီတပ်နှင့် သျှမ်းတောင်စစ်ဒေသခွဲ၊ PDF ဗျူဟာအမှတ်(၁) လက်အောက်ရှိ တပ်ရင်းတပ်ဖွဲ့၊ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF အပြင် အခြားမဟာမိတ် တပ်ပေါင်းစုတို့ ပါဝင်တိုက်ခိုက်နေပြီး ပြင်းထန်သည့် တိုက်ပွဲတစ်ခု ထပ်မံဖြစ်ပွားနေကြောင်း သိရသည်။

သျှမ်း – ကရင်နီ နယ်စပ် မိုးဗြဲမြို့တွင် စစ်ကောင်စီ နှင့် တော်လှန်ရေး တပ်‌ပေါင်းစုတို့အကြား ပြီးခဲ့သည့် နှစ်ဆန်းပိုင်းမှ စ၍ လက်ရှိအချိန်ထိ လေးလကျော်ကြာ နေ့စဉ်နီးပါး တိုက်ပွဲပြင်းထန်နေပြီး နှစ်ဘက်ထိခိုက် ကျဆုံးမှု များနေပြီး နေအိမ်မီးလောင်မှုများလည်း ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ-ဖယ်ခုံဘက် စစ်တပ် ဒရုန်း၊ လက်နက်ကြီးပစ်၊ ဒေသခံများထပ်မံ စစ်ရှောင်ရ

0
သျှမ်း-ကရင်နီ (ကယား)ပြည် နယ်စပ် မိုးဗြဲ၊ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး တိုက်ခိုက်နေသဖြင့် ဒေသခံများ ထပ်မံ စစ်ဘေးရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်မှစပြီး မိုးဗြဲ အနောက်ဘက်ခြမ်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်းအသုံးပြု နေ့စဉ်တိုက်ခိုက်နေသဖြင့် လုပ်လက်စ စိုက်ခင်းများကို ချန်လှပ်ထားပြီး...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ-နန်းမယ်ခုံ-ဒီးမော့ဆို လမ်းမကြီးထိန်းချုပ်ရန် စစ်တပ် ထိုးစစ်ပြင်နေ

0
သျှမ်း-ကရင်နီပြည် နယ်စပ် မိုးဗြဲ - နန်းမယ်ခုံဒေသတွင် စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးရန် ပြင်ဆင်နေသဖြင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုတို့ နှင့် နှစ်ဘက်စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။ ယနေ့ ဇွန်လ (၃၀) ရက်တွင် မိုးဗြဲမြို့နယ် မှ နန်းမယ်ခုံဘက်သို့ စစ်ကော်မရှင်တပ်က ထိုးစစ်ဆင်နိုင်ရန် ပြင်ဆင်နေခြင်းကြောင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ နှင့် နှစ်ဘက်...

ဖယ်ခုံမြို့နယ် တိုက်ပွဲပြန်ပြင်းထန်နိုင် ဒေသခံ နှင့် စစ်ရှောင်များ သတိထားရန်လိုအပ်

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား မကြာမီ တိုက်ပွဲများ ပြန်လည်ပြင်းထန်ဖြစ်ပွားလာနိုင်သဖြင့် ဒေသခံများနှင့် စစ်ဘေးရှောင်ပြည်သူများ သတိထားနေထိုင်ရန် လိုအပ်ကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဖယ်ခုံမြို့နယ် တောင်စလုံးနှင့် မြောက်စလုံးကျေးရွာအနီး၌ စစ်ကောင်စီတပ်များ တပ်အထိုင်ချထားပြီး ဘုန်းကြီးကျောင်းများတွင်လည်း လှုပ်ရှားမှုများ ရှိနေကြောင်း၊ စစ်ရေးအခြေအနေ တင်းမာနေသဖြင့်...

မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာ အနီးကို စစ်တပ်က လေကြောင်းဗုံးကြဲ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာ အနီးကို စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ ( ဇွန်လ ၁၈ ရက်) ည ၆ နာရီခွဲကျော်တွင် မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာကို စစ်ကောင်မရှင်တပ်က ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြေပြင်တွင်လှုပ်ရှားနေသည့် သတင်းအရင်းမြစ်တစ်ဦးက သျှမ်းသံတောဆင့်ကို ပြောသည်။ “ကျနော်...