စစ်ကောင်စီထိန်းချုပ်ဖို့ ကြိုးစားနေသည့် မိုးဗြဲမြို့ တိုက်ပွဲပြင်းထန်၊ အသေခံ ဒရုန်းများသုံးပြု တိုက်ခိုက်

သျှမ်း – ကရင်နီးနယ်စပ် ၊ မိုးဗြဲမြို့တွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီမှ အသေခံ ဒရုန်းများကို အသုံးပြုတိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။

သျှမ်း – ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့ကို စစ်ကောင်စီမှ ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် ယခုနှစ်ဆန်းပိုင်း မှ စတင်၍ အင်အားအလုံးအရင်းဖြင့် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး၊ တော်လှန်ရေးတပ် ပေါင်းစု နှင့် တိုက်ပွဲပြင်းထန်ကာ နှစ်ဘက် ကျဆုံးမှုများနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ရဲ့ တပ်ရင်း တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ကောင်စီကတော့ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတုန်းပဲ။တိုက်ပွဲက ခလရ ၄၂၂ တပ်နဲ့ မြို့အစပ်မှာ ဖြစ်နေတဲ့ အတွက် မြို့ရဲ့နေရာအများစုကိုတော့ ကျနော်တို့တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားဆဲပါ။ အဓိကကတော့ သူတို့က ဖယ်ခုံ၊မိုးဗြဲ၊လွိုင်ကော်လမ်းပိုင်းကို ပြန်ထိန်းချုပ်ချင် တာကြောင့် အစွမ်းကုန် ထိုးစစ်ဆင်နေတာပါ။ နေပြည်တော်နဲ့လည်း နီးပြီး အရေးပါတဲ့နေရာ ဖြစ်နေတာကို”ဟု မိုးဗြဲပြည်သူ့ ကာကွယ်ရေးတပ်ရဲ့ တပ်ရင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ပြင် စစ်ကောင်စီမှ လက်နက်ကြီး၊ ဒရုန်း နှင့် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ အပြင်းအထန် အသုံးပြု၍ တိုက်ခိုက်နေသည့်အပြင် ကာမီကာဇေ (အသေခံ) ဒရုန်းများကိုပါ အသုံးပြု၍ တိုက်ခိုက်နေ ကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ရဲ့တပ်ရင်းတာဝန်ရှိသူတစ်ဦးကဆက်ဆိုသည်။

“ဒီရက်ပိုင်းမှာတော့ သူတို့က ဒရုန်း နဲ့ လက်နက်ကြီးကို ပိုသုံးတယ်။ စစ်ကောင်စီဘက် ကလည်း ထိခိုက်မှု ပိုများနေတာပေါ့။ တိုက်ပွဲကလည်း အစောပိုင်းထက်ပိုပြင်းထန်လာတော့ စစ်ကောင်စီ ကလည်း ဒီတစ်ရက် နှစ်ရက်မှာ အသေခံ ဒရုန်းတွေကိုပါ သုံးလာတာတွေ့ရပြီ။” မိုးဗြဲပြည်သူ့ ကာကွယ်ရေးတပ်ရဲ့ တပ်ရင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုပြင် မိုးဗြဲမြို့ကို ပြန်ရရန် စစ်ကောင်စီက ပြီးခဲ့သည့် ဖေဖော်ဝါရီလ တတိယပတ်ကစ၍ မီးလောင်ဗုံး နှင့် အဆိပ်ငွေ့လက်နက် များဖြင့်ပါ အသုံးပြုတိုက်ခိုက်နေကြောင်းသိရသည်။

လက်ရှိတွင် စစ်ကောင်စီမှ နှစ်လကျော်ကြာ ထိုးစစ်ဆင် တိုက်ခိုက်သည့်အတွက် တော်လှန်ရေး တပ်‌ပေါင်းစုနှင့် နေ့စဉ်အပြင်းအထန် တိုက်ပွဲများဖြစ်ပွားနေသည့် အတွက်ကြောင့် လိုအပ်ချက် အဖက်ဖက်များကို ထောက်ပံ့ကူညီပေးရင် မေတ္တာရပ်ခံကြောင်း ၎င်းက တိုက်တွန်းပြောဆိုသည်။

မိုးဗြဲမြို့သည် နေပြည်တော်နှင့် မိုင်း ၁၀၀ ဝန်းကျင်ခန့်သာ ဝေးကွာသည့်အပြင်၊ မိုးဗြဲမြို့၏ မြောက်ဘက်တွင် ပင်လောင်း၊ ညောင်ရွှေနှင့် ဆီဆိုင်၊ တောင်ဘက်တွင် ဖရူဆိုနှင့် သံတောင်၊ အရှေ့ဘက်တွင် လွိုင်ကော်နှင့် ဒီးမော့ဆို ၊ အနောက်ဘက်တွင် ပျဉ်းမနားမြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့်အတွက် နှစ်ဘက်တပ်တို့၏ စစ်ရေးအရ အရေးပါသည့် နေရာဖြစ်ကြောင်းသိရသည်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာမှာ ၁၁၁၁ စစ်ဆင်ရေးတွင် သျှမ်း – ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့ကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့က တိုက်ခိုက်နိုင်ပိုင်ခဲ့သော်လည်း စစ်ကောင်စီ၏ မိုးဗြဲမြို့နယ် အခြေစိုက် ခြေမြန်တပ်ရင်း ၄၂၂ တပ်ရင်းကို မထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

မိုးဗြဲမြို့ နေရပ်ပြန်ပြည်သူများ စစ်တပ် သတ်မှတ်ပေးသည့် ဘုန်ကြီးကျောင်းအတွင်း နေထိုင်ရ

0
သျှမ်းပြည် မိုးဗြဲမြို့သို့ နေရပ်ပြန်‌သည့် ဒေသခံများကို စစ်ကောင်စီ သတ်မှတ်ပေးထားသည့် ဘုန်ကြီးကျောင်းအတွင်းသာ နေထိုင်ခွင့်ပြုကြောင်း စုံစမ်းသိရသည်။ မိုးဗြဲမြို့ကို စစ်ကော်မရှင်တပ်က ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်း ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။ ထို့နောက် နေရပ်ပြန်သည့် ဒေသခံအချို့ကိုရပ်ကွက်အတွင်းတွင်နေထိုင်ခွင့်မပြုဘဲ စစ်ကော်မရှင် သတ်မှတ်ထားသည့် ဘုန်းကြီးကျောင်းအတွင်းသာ နေထိုင်စေပြီး အပြင်ထွက်သွားလာခွင့်ကိုလည်း ကန့်သတ်ထားကြောင်း...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်း စစ်ကော်မရှင် ပြန်ထိန်းချုပ်နိုင်ရန် စစ်ရေးပြင်းထန်နေ

0
သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်နိုင်ရန် အတွက် မြေပြင်ထိုးစစ်ဆင်မှု ပြင်းထန်နေကြောင်း သတင်းရရှိသည်။ လက်ရှိ မိုးဗြဲမြို့ နှင့် ဖယ်ခုံမြို့ကို စစ်ကော်မရှင်တပ်တို့က ပြန်လည်ထိန်းချုပ်ထားသော်လည်း အုပ်ချုပ်ရေး ယန္တရား လည်ပတ်နိုင်ခြင်း မရှိသည့်အပြင် မြို့အပြင်ရှိ ကျေးရွာအချို့နှင့် စစ်ရေးအရအရေးပါသည့် လမ်းပိုင်းကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့တို့က ထိန်းချုပ်ထားသည်။ ထို့ကြောင့်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...