ဗန်းမော်မြို့သိမ်းတိုက်ပွဲ ပြင်းထန်၊ ယနေ့နံနက် စစ်ကောင်စီ အပြင်းအထန်ဗုံးကြဲနေ

ကချင်ပြည်၊ ဗန်းမော်မြို့သိမ်း တိုက်ပွဲ ပြင်းထန်နေပြီး ယမန်နေ့နှင့် ယနေ့ (ဇန်နဝါရီ ၂၄ ရက်) နံနက်ပိုင်းတွင် စစ်ကောင်စီ လေတပ်မှ အပြင်းအထန် ဗုံးကြဲနေသည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဗန်းမော်မြို့တွင် ယမန်နေ့ (ဇန်နဝါရီလ ၂၃ ရက်) နံနက်ပိုင်းမှစ၍ တိုက်ပွဲများ ပြင်းထန်နေရာ ည ၈ နာရီခန့်တွင် စတင်၍ စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ယနေ့ နံနက် ၆ နာရီကျော်မှစ၍ ဆက်တိုက် ဗုံးကြဲ တိုက်ခိုက်နေကြောင်း သတင်းရင်းမြစ်က ဆိုသည်။

“အရင်ရက်က ငြိမ်တယ်။ မနေ့မနက်က တိုက်ပွဲ ပြန်စတယ်။ စစ်တပ်က ဗုံးဆက်တိုက်ကြဲနေတယ်၊ မြို့ထဲ မီးလောင်တာတွေလည်းရှိနေတယ်။ ပူးပေါင်းတပ်ဘက်က အခြေအနေကောင်းတယ်။ စစ်ရေးအရှိန်မြှင့်တာလို့ ပြောလို့ရတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

ဗန်းမော် တိုက်ပွဲပြင်းထန်နေ

လက်ရှိ ဗန်းမော်မြို့ပေါ်ကို KIA ပူးပေါင်းတပ် ထိမ်းချုပ်ထားပြီး တိုက်ပွဲသည် စစ်ကောင်စီတပ် စကခ (၂၁) တွင် ဖြစ်ပွားနေသော်လည်း စစ်ကောင်စီဘက်က မြို့ကို ဗုံးကြဲနေခြင်း ဖြစ်သည်။

“ပြီးခဲ့တဲ့ သုံးရက်လောက်က ဒဏ်ရာရ အရာရှိ ၁၅ ယောက်နဲ့ အရာရှိ ၁၀ လောင်း ရဟတ်ယာဥ်နဲ ထုတ်သွားတယ်။ အကြီးပိုင်း တယောက်ပါတယ် ဆိုတာ အတည်ပြုနိုင်ပါတယ်။ သူတို့ (စစ်ကောင်စီ) အခြေအနေ မကောင်းလို့ အကြီးပိုင်းတွင် ရသလောက် ထုတ်နေတာ။ မကြာခင်တော့ဘူး ထင်ပါတယ်” ဟု နောက်ထပ် စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

လက်ရှိ စစ်ရေးအရ ပိတ်မိနေသည့် စစ်ကောင်စီတပ်များ ခွာစစ်ဆင်ရန် အတွက် အကြိုပြင်ဆင်မှု အနေဖြင့် လမ်းကြောင်းရှင်း ဗုံးကြဲနေခြင်း ဖြစ်နိုင်ကြောင်း ၎င်းကသုံးသပ်သည်။

အပျက်အစီး များပြားနေသည့် ဗန်းမော်မြို့ ယခု ဗုံးကြဲမှုကြောင့် မည်သည့်နေရာများ ထိခိုက်ပျက်စီးသည်ကိုမူ မသိရသေးပေ။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ ရက်နေ့က ဗန်းမော်မြို့ကို စစ်ကောင်စီ ဗုံးအလုံး ၄၀ ခန့် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ဇန်ဝါရီ ၂၁ ရက်နေ့က ဗုံး ၄ လုံးကြဲချ တိုက်ခိုက်ခဲ့သေးသည်။

ဗန်းမော်နှင့် မံစီမြို့ကို KIA ပူးပေါင်းတပ် ပြီးခဲ့သည့် ဒီဇင်ဘာလ ၄ ရက်နေ့ကစ၍ တပြိုင်ထဲ တိုက်ခိုက်ခဲ့ရာ ဇန်နဝါရီလ ၈ ရက် နေ့တွင် မံစီမြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိ ဗန်းမော်မြို့ သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...