မိုးဗြဲ တိုက်ပွဲ ဆက်လက်ပြင်းထန်နေ

သျှမ်း-ကရင်နီ နယ်စပ် မိုးဗြဲမြို့တွင် ယခုရက်ပိုင်း စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ပေါင်းစုတို့ကြား တိုက်ပွဲဆက်လက် ပြင်းထန်နေကြောင်း စုံစမ်းသိရသည်။

စစ်ကောင်စီတပ်သည် မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် ယခု ရက်သတ္တပတ်အတွင်း အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် တိုက်ပွဲများ ဆက်လက် ပြင်းထန်ကာ လေကြောင်းမှ မီးလောင်းဗုံးများဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း တော်လှန်ရေးတပ်ပေါင်းစုမှ စစ်ရေးသတင်းရင်းမြစ် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တိုက်ပွဲတွေကတော့ ပြင်းထန်နေတုန်းပဲ။ ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်က ပိုပြီးတော့ အခြေအနေ ဆိုးတယ်၊ လေယာဉ်နဲ့လည်း ဗုံးကြဲသွားတယ်။ ခါတိုင်းလိုပဲ ဒီစစ်ကောင်စီတပ်ဘက်က စစ်ကြောင်းထိုးလာတာ။၂၃ ရက်နေ့ကလည်း မီးလောင်ဗုံး သုံးပြီး တိုက်နေတာ ဟုတ်တယ်”ဟု ၎င်းစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

တိုက်ပွဲပြင်းထန်နေသည့် မိုးဗြဲရှေ့တန်းစစ်မျက်နှာပြင်တွင် အမှတ် ၈၀၅ တပ်ရင်း၊ နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်၊ ထနောင်းစစ်ကြောင်း တပ်ခွဲ (၁) တွင် တာဝန်ထမ်းဆောင်နေသော ဒုတပ်ခွဲမှူး ရဲဘော် ငတေ သည် ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့ ရှေ့တန်းတွင် ကျဆုံးခဲ့သည်။

သျှမ်း – ကရင်နီ နယ်စပ် မိုးဗြဲမြို့တွင် စစ်ကောင်စီနှင့် တော်လှန်ရေး တပ်‌ပေါင်းစုတို့အကြား ပြီးခဲ့သည့် နှစ်ဆန်းပိုင်းမှ စ၍ လက်ရှိအချိန်ထိ နှစ်လကျော်ကြာ နေ့စဉ်နီးပါး တိုက်ပွဲပြင်းထန်နေပြီး နှစ်ဘက်ထိခိုက် ကျဆုံးမှု များနေပြီး နေအိမ်မီးလောင်မှုများလည်း ရှိကြောင်း သိရသည်။

မိုးဗြဲတိုက်ပွဲကြားနေအိမ်မီးလောင်

ထို့ပြင် စစ်ကောင်စီမှ လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုများ အပြင်းအထန် အသုံးပြု၍ တိုက်ခိုက်နေသည့်အပြင် ကာမီကာဇေ (အသေခံ) ဒရုန်း နှင့် မီးလောင်ဗုံးများကိုပါ အသုံးပြု၍ တိုက်ခိုက်နေကြောင်း ရှေ့တန်းရောက် တော်လှန်ရေးတပ်သားများက ပြောသည်။ ။

မိုးဗြဲမြို့သည် နေပြည်တော်နှင့် မိုင်း ၁၀၀ ဝန်းကျင်ခန့်သာ ဝေးကွာသည့်အပြင်၊ မိုးဗြဲမြို့၏ မြောက်ဘက်တွင် ပင်လောင်း၊ ညောင်ရွှေနှင့် ဆီဆိုင်၊ တောင်ဘက်တွင် ဖရူဆိုနှင့် သံတောင်၊ အရှေ့ဘက်တွင် လွိုင်ကော်နှင့် ဒီးမော့ဆို ၊ အနောက်ဘက်တွင် ပျဉ်းမနားမြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့်အတွက် နှစ်ဘက်တပ်တို့၏ စစ်ရေးအရ အရေးပါသည့် နေရာဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...