မိုးဗြဲတွင် တိုက်ပွဲပြင်းထန်နေ၊ စစ်ရှောင်များအတွက် မိုးကာများလိုအပ်နေ

တိုက်ပွဲပြင်းထန်နေသည့် သျှမ်း-ကရင်နီနယ်စပ် သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့အနီးပတ်ဝန်းကျင်တွင် နေထိုင်သည့် စစ်ဘေးရှောင် တစ်ထောင်ကျော်အတွက် အမိုးအကာများ အရေးပေါ်လိုအပ်နေကြောင်း စုံစမ်းသိရသည်။

အဆိုပါ စစ်ဘေးရှောင် တစ်ထောင်ကျော်သည် ကရင်နီပြည် တွင် စစ်ကောင်စီနှင့် တော်လှန်ရေ အင်အားစုတို့ ကြား လွန်ခဲ့သည့် ၂၀၂၃ခုနစ် ၁၁ရက် ၁၁လ ပိုင်း “၁၁.၁၁” စစ်ဆင်ရေးကြောင့် မိုးဗြဲမြို့ အနီးပတ်ဝန်းကျင် တောထဲ ထွက်ပြေးတိမ်းရှောင်လာကြသူများဖြစ်သည်။

မိုးဗြဲ စစ်ရှောင် စာသင်ကျောင်း

လက်ရှိစစ်ဘေးရှောင်လာခဲ့သည်မှာ တစ်နှစ်ကျော် ကာလဖြစ်လာပြီး၊ ၎င်းနေထိုင်သည့် အနီးဝန်းကျင်တွင် တိုက်ပွဲများထပ်မံပြင်းထန်လာကြောင်း တော်လှန်ရေး အင်အားစု များက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ အခုရက်ပိုင်း က မိုးဗြဲမြို့မှာ နေ့တိုင်းတိုက်ပွဲပြင်းထန်နေတယ်။ စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးနဲ့ ဒရုန်းတွေနဲ့တိုက်ခိုက်နေတယ်။ တဘက်မှာလည်း စစ်ဘေးရှောင်တွေကရှိတော့ သူတို့အတွက်လည်း မိုးကာတွေက လိုအပ်နေတယ်” ဟု မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် PDF တပ်သားတစ်ဉီးက ပြောသည်။

မိုးဗြဲစစ်ရှောင်

အဆိုပါ စစ်ဘေးရှောင်များသည် မိုးဗြဲမြို့နှင့်တစ်နာရီခန့်သွားရသည့် တောထဲတွင် နေထိုင်ကြသည်မှာ တစ်နှစ်ကျော်ရှိလာပြီး၊ အလှူရှင်များလည်း မရှိကြောင်း လည်း ၎င်းက ဆိုသည်။

“စစ်ရှောင်တွေကလည်း နှစ်ရှည်ရှောင်ရတော့ သူတို့လည်း အဆင်မပြေဘူး။ အခုဒီမိုးဗြဲမြို့အနီးနား တောတို့ ရွာတို့မှ စစ်ရှောင်နေတဲ့သူဆို မိုးရာသီရောက်တော့မှာဆိုတော့ မိုးကာတို့၊ စားနပ်ရိက္ခာတို့လိုတယ်။” ဟု ၎င်းက ထပ်လောင်းပြောသည်။

စစ်ကောင်စီသည် မိုးဗြဲမြို့နှင့် ပြည်ထောင်စုလမ်းမကြီးကို ပြန်လည်ရရှိရန် အပြင်းအထန် ထိုးစစ်ဆင် နေကြောင်းနှင့် မိုးဗြဲမြို့ပေါ်ရှိ ကာကင်းစခန်းအချို့ကို တော်လှန်ရေးအင်အားစုများ လက်လွှတ်လိုက် ရကြောင်းသိရသည်။

မိုးဗြဲစစ်ရှောင်နေထိုင်ရတဲ့ ပုံစံ

မိုးဗြဲမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းတောင်စစ်ဒေသခွဲ၊ PDF ဗျူဟာအမှတ် (၁) လက်အောက်ရှိ တပ်ရင်းတပ်ဖွဲ့၊ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDFအပြင် အခြားမဟာမိတ်တပ်ပေါင်းစုတို့ ပါဝင်တိုက်ခိုက်နေကြောင်းသိရသည်။

မိုးဗြဲမြို့သည် နေပြည်တော်နှင့် မိုင် ၁၀၀ ဝန်းကျင်သာကွာဝေးပြီး မိုးဗြဲမြို့၏ မြောက်ဘက်တွင် ပင်လောင်း၊ညောင်ရွှေ နှင့်ဆီဆိုင်မြို့တို့ရှိပြီး တောင်ဘက်တွင် ဖရူဆိုနှင့် သံတောင်ကြီး၊အရှေ့ဘက်တွင် လွိုင်ကော်နှင့် ဒီးမော့ဆို၊အနောက်ဘက်တွင် ပျဉ်းမနားမြို့တို့နှင့် နယ်နိမတ်ချင်း ထိစပ်နေသည့်အတွက် နှစ်ဖက်တပ်တို့၏ စစ်ရေးအရ အရေးပါသည့် နေရာဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ-ဖယ်ခုံဘက် စစ်တပ် ဒရုန်း၊ လက်နက်ကြီးပစ်၊ ဒေသခံများထပ်မံ စစ်ရှောင်ရ

0
သျှမ်း-ကရင်နီ (ကယား)ပြည် နယ်စပ် မိုးဗြဲ၊ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး တိုက်ခိုက်နေသဖြင့် ဒေသခံများ ထပ်မံ စစ်ဘေးရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်မှစပြီး မိုးဗြဲ အနောက်ဘက်ခြမ်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်းအသုံးပြု နေ့စဉ်တိုက်ခိုက်နေသဖြင့် လုပ်လက်စ စိုက်ခင်းများကို ချန်လှပ်ထားပြီး...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ-နန်းမယ်ခုံ-ဒီးမော့ဆို လမ်းမကြီးထိန်းချုပ်ရန် စစ်တပ် ထိုးစစ်ပြင်နေ

0
သျှမ်း-ကရင်နီပြည် နယ်စပ် မိုးဗြဲ - နန်းမယ်ခုံဒေသတွင် စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးရန် ပြင်ဆင်နေသဖြင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုတို့ နှင့် နှစ်ဘက်စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။ ယနေ့ ဇွန်လ (၃၀) ရက်တွင် မိုးဗြဲမြို့နယ် မှ နန်းမယ်ခုံဘက်သို့ စစ်ကော်မရှင်တပ်က ထိုးစစ်ဆင်နိုင်ရန် ပြင်ဆင်နေခြင်းကြောင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ နှင့် နှစ်ဘက်...

ဖယ်ခုံမြို့နယ် တိုက်ပွဲပြန်ပြင်းထန်နိုင် ဒေသခံ နှင့် စစ်ရှောင်များ သတိထားရန်လိုအပ်

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား မကြာမီ တိုက်ပွဲများ ပြန်လည်ပြင်းထန်ဖြစ်ပွားလာနိုင်သဖြင့် ဒေသခံများနှင့် စစ်ဘေးရှောင်ပြည်သူများ သတိထားနေထိုင်ရန် လိုအပ်ကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဖယ်ခုံမြို့နယ် တောင်စလုံးနှင့် မြောက်စလုံးကျေးရွာအနီး၌ စစ်ကောင်စီတပ်များ တပ်အထိုင်ချထားပြီး ဘုန်းကြီးကျောင်းများတွင်လည်း လှုပ်ရှားမှုများ ရှိနေကြောင်း၊ စစ်ရေးအခြေအနေ တင်းမာနေသဖြင့်...

မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာ အနီးကို စစ်တပ်က လေကြောင်းဗုံးကြဲ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာ အနီးကို စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ ( ဇွန်လ ၁၈ ရက်) ည ၆ နာရီခွဲကျော်တွင် မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာကို စစ်ကောင်မရှင်တပ်က ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြေပြင်တွင်လှုပ်ရှားနေသည့် သတင်းအရင်းမြစ်တစ်ဦးက သျှမ်းသံတောဆင့်ကို ပြောသည်။ “ကျနော်...