သီပေါတွင် လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ နေအိမ် ၃လုံးပျက်စီး

သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့တွင် စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီး လက်နက်ကြီးထိမှန်သေဆုံးပြီး၊ နေအိမ် ၃လုံးပျက်စီးသွားကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့်( ဩဂုတ်လ ၁၀ရက်) မှစတင်ပြီး သီပေါအခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ(၂၃)၊ ခြေမြန်တပ်ရင်း ခမရ-၅၀၃/၅၀၄ တို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် PDF ပူးပေါင်းတပ်တို့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

ယမန်နေ့ (ဩဂုတ်လ ၁၉ ရက်) နံနက် ၂ နာရီဝန်းကျင်တွင် စစ်ကောင်စီမှ သီပေါမြို့တွင်းသို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် မြို့လယ်ရပ်ကွက် ၊ဩဘာလမ်းအဆုံး ရထားလမ်းအကျော်ရှိ ကျေးရွာသို့ကျရောက်ကာ နေအိမ်သုံးလုံးပျက်စီးပြီး အမျိုးသမီးတစ်ဦး ထိခိုက်သေဆုံးသွားကြောင်း သီပေါမြို့ခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

သီပေါမြို့ သေဆုံးသည့်လူကို ပရဟိတ ဆွဲထုတ်နေစဥ်

“ တိုက်ပွဲမဖြစ်ပဲနဲ့ စစ်တပ်က လက်နက်ကြီးပစ်တာ။ တရုတ်အဖွားလည်း သေတယ်။ အိမ်တွေလည်းထိတယ်။ ပြီးတော့ အင်တာနက်လိုင်းတွေလည်း အကုန်ပြတ်သွားတယ်။ မြို့ပြင်မှာပဲ ဆက်သွယ်လို့ရတော့တာ။” ဟု သီပေါမြို့ခံတစ်ဦးက ပြောသည်။

အလားတူ( ဩဂုတ်လ ၁၉ ရက်) နံနက် ၁၁နာရီခွဲ အချိန်တွင် စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် AAA စက်သုံးဆီ သိုလှောင်ကန်မီးလောင်ပြီး နေအိမ်များကို ထိခိုက်ခဲ့သည်။

တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ပစ်ခတ်နေမှုကြောင့် စစ်မရှောင်ဘဲ ကျန်ရှိနေ့သည့် ပြည်သူများက စိုးရိမ်နေကြသည်။

“ မြို့တွင်းမှာယော ရွာထဲတွေမှာယော (TNLA) တပ်တွေရှိနေတယ်။ စစ်ကောင်စီက လေယာဉ်နဲ့ လာပစ်မှာ ကြောက်နေရတယ်။တစ်မြို့လုံးနီးပါးစစ်ရှောင်ကုန်ကြပြီ။ ကျန်တဲ့သူကလည်း ကျန်သေးတာပေါ့” ဟု အမျိုးသမီးက ထပ်လောင်းပြောသည်။

သီပေါမြို့တွင် လက်နက်ကြီးထိမှန်သေဆုံးသူ

အဆိုပါ သီပေါဒေသခံများမှာ နီးစပ်သည့် ကျေးရွာများတွင်စစ်ဘေးရှောင်နေကြရပြီး ပိုက်ဆံတတ်နိုင်သည့်သူများက အခြားမြို့သို့ သွားရောက်ရှောင်နေကြရပြီး၊ ကျန်ရှိနေသည့် စစ်ရှောင်များအတွက် နယ်စည်းမခြားပရဟိတအဖွဲ့မှ ကူညီဆောင်ရွက်ပေးနေသည်။

လက်ရှိသီပေါမြို့တွင် တိုက်ပွဲများ ရပ်တန့်နေပြီး စစ်ကောင်စီတပ်များကို လက်နက်ချရန်အတွက် ညီနောင်မဟာမိတ်ဖြစ်သည့် (TNLA)နှင့် (MNDAA) တို့က ဖိအားပေးနေကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားသည့်ရက်အတွင်း စစ်ကောင်စီမှ လေကြောင်းမှတစ်ဆင့် အပြင်းထန်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်အတွင်း ပိတ်မိနေသည့် အရပ်သားပြည်သူများ ဗုံးဆံထိမှန်သေဆုံးခဲ့ပြီး တိုက်ပွဲဖြစ်စဉ်တလျှောက်တွင် နှစ်ဘက်တိုက်ပွဲအတွင်း အရပ်သားပြည်သူ( ၂၀) ကျော်သေဆုံးသွားခဲ့ကြောင်းသိရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...