နမ့်စန်မြို့နယ် SSPP နှင့် RCSS တိုက်ပွဲအတွင်း ကျေး/လက်ဆေးပေးခန်း လက်နက်ကြီးထိမှန်

သျှမ်းပြည် နမ့်စန်မြို့နယ်တွင် SSPP နှင့် RCSS တိုက်ပွဲအတွင်း ကျေးလက်ဆေးပေးခန်းကို လက်နက်ကြီးထိမှန်ခဲ့ပြီး စစ်ဘေးရှောင်များ ထပ်မံထွက်ပြေးနေရကြောင်း စုံစမ်းသိရသည်။

ဇန်နဝါရီလ (၁၅) ရက် ညပိုင်းတွင် နမ့်စန်မြို့နယ် နောင်ဟီးကျေးရွာအုပ်စုရှိ နမ့်မိုရွာအနီးတွင် သျှမ်းတပ်နှစ်တပ်ဖြစ်သည့် SSPP နှင့် RCSS တပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့ရာ နမ့်မိုကျေးလက်ဆေးပေးခန်းကို လက်နက်ကြီး ထိမှန်ခဲ့ပြီး ရွာအတွင်း စစ်ဘေးရှောင်နေသူများလည်း ထပ်မံထွက်ပြေးနေရကြောင်း ဒေသခံများက ပြောသည်။

“အရင်ညက ဆေးခန်းမှာ လက်နက်ကြီးကျတာ၊ ဆေးခန်းဆိုင်းဘုတ်နား ကျတယ်။ လူတော့ ဘာမှ မဖြစ်ဘူး၊ ဆေးကုပေးတဲ့ ဆရာ/မတွေတော့ ထိတ်လန့်ကုန်တယ်။ ရွာနဲ့အရမ်းနီးတော့ ရွာထဲကလူ ထပ်ပြေးနေရပြီ၊ လူထိခိုက်တာတော့ မရှိဘူး။ လက်နက်ကြီး မှန်မှာစိုးလို့ အသံကြားတာနဲ့ ကြိုပြေးထားတယ်၊ သူတို့နှစ်ဖွဲ့က အခုနယ်မြေလုနေတာ”ဟု နမ့်စန်မြို့ပေါ် စစ်ဘေးရှောင်လာသည့် နောင်ဟီးဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ့်စန်မြို့နယ် နောင်ဟီးကျေးရွာအုပ်စု နမ့်မိုရွာ

နမ့်စန်မြို့နယ်တွင် သျှမ်းတပ်နှစ်တပ် ထိတွေ့တိုက်ပွဲအတွင်း ကျေးလက်ဆေးပေးခန်း လက်နက်ကြီးထိမှန်ခြင်းနှင့် ပတ်သက်၍ RCSS ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး အုမ်ခေးကို သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းခဲ့ရာ ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး မကြားသိရသေးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

အလားတူ SSPP ပြောရေးဆိုခွင့်ရှိသူများထံ စုံစမ်းမေးမြန်းရန် သျှမ်းသံတော်ဆင့်မှ အကြိမ်ကြိမ် ဖုန်းဆက်သော်လည်း အဆက်အသွယ် မရရှိခဲ့ပါ။

နမ့်စန်မြို့နယ် နောင်ဟီးကျေးရွာအုပ်စုအတွင်း SSPP နှင့် RCSS ထိတွေ့တိုက်ပွဲမှာ (၁၀) ကျော်ကြာ တိုက်ပွဲပြင်းထန်နေပြီး ဟိုခို၊ ကွန်ဆဲ၊ ဝမ်ပန်၊ နမ့်အုတ်ကျေးရွာများမှ ပြည်သူများမှာ နမ့်မိုကျေးရွာသို့ စစ်ဘေးရှောင်လာကြသည်။

ယမန်နေ့ည တိုက်ပွဲထပ်မံဖြစ်ပွားပြီး ကျေးလက်ဆေးပေးခန်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်းကြောင့် နမ့်မိုရွာအတွင်းရှိ စစ်ဘေးရှောင်များလည်း နမ့်စန်မြို့ပေါ်သို့ ထပ်မံထွက်ပြေးတိမ်းရှောင်ရကြောင်း ဒေသခံများထံမှ သိရသည်။

“အနီးအနား ရွာတွေက ရောက်လာတဲ့ စစ်ဘေးရှောင်လည်း ဒီတခေါက် တိုက်ပွဲထပ်ဖြစ်တော့ မြို့ပေါ် ထပ်ပြေးလာတယ်။ အရင်က တိုက်ပွဲဖြစ်ရင် ရွာပြင်မှာပဲဖြစ်တာ၊ အခု ရွာနဲ့နီးနီးမှာ လက်နက်ကြီးကျတာ။ ရွာသားတွေတော့ ပြေးလိုက် အိမ်ပြန်သွားလိုက် လုပ်နေရတယ်”ဟု နမ့်စန်မြို့မှ ၎င်းစစ်ဘေးရှောင် အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

နမ့်စန်မြို့နှင့် (၁၃) မိုင်ခန့် အကွာအဝေး၌ တည်ရှိနေသည့် နောင်ဟီးကျေးရွာအုပ်စုတွင် ၂၀၂၁ ခုနှစ်မှ စတင်တူးဖော်နေသည့် ဧက (၅၀၀) ကျော် ကျောက်မီးသွေးတွင်း (၅) ခုထက်မနည်း တည်ရှိကာ နားယိုင်းပြည်သူ့စစ်အဖွဲ့များလည်း ပါဝင်တူးဖော်နေကြောင်း သိရသည်။

နမ့်စန်မြို့နယ် နောင်ဟီးကျေးရွာအုပ်စုရှိ ၎င်းကျောက်မီးသွေးတွင်းများမှ အခွန်ကောက်ခံရန် သျှမ်းတပ်နှစ်တပ်အချင်းချင်းကြား လွန်ခဲ့သည့် (၃) နှစ်ကျော်မှ စတင်ပြီး မကြာခဏ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် ပြည်သူများလည်း စစ်ဘေးရှောင်နေရကြောင်း ဒေသခံများက ပြောဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

ငြိမ်းချမ်းရေး မျှော်လင့်ချက်ကြားက လွိုင်တိုင်းလျန်း

0
ဖုန်တထောင်းထောင်း ထနေသည့် မြန်မာ-ထိုင်းနယ်စပ်တစ်နေရာ မြေသားလမ်းပေါ်ရှိ ထိုင်းဘက်ခြမ်း စစ်ဆေးရေးဂိတ်ရှေ့တွင် စာရေးသူတို့ စီးနင်းလာသောကား ရုတ်တရက် ရပ်တန့်သွားသည်။ “အားလုံး ကားပေါ်က ဆင်းပေးကြပါ” ဟူသော ထိုင်းဘာသာစကားဖြင့် ပြောသည့် ညွှန်ကြားသံနှင့်အတူ ခရီးသည်အားလုံး ကားပေါ်မှ ဆင်းလိုက်ကြရသည်။ စစ်ယူနီဖောင်းဝတ် ထိုင်းစစ်သားများကို ရုတ်တရက် မြင်လိုက်ရချိန်မှာတော့ ကားပေါ်ပါလာသည့် ခရီးသည်များ၏...

ရပ်စောက်-နောင်ချိုကြား SSPP စစ်ဆေးရေးဂိတ်များကို စစ်ကော်မရှင်တပ်ဆုတ်ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်များ ဖြုတ်သိမ်း ဆုတ်ခွာခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်အတွင်း ရပ်စောက်နှင့် နောင်ချိုမြို့နယ်ကြား ပြည်ထောင်စုလမ်မကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်အချို့ကို ဖယ်ရှားပေးရန် စစ်ကော်မရှင်တပ်က ဖိအားပေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက...

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...