Tuesday, January 27, 2026

နမ့်စန်

နမ့်စန်တွင် အီလက်ထရောနစ်မဲပေးစက် MEVM ဆိုင်ရာ အသိပညာပေး ယုံကြည်မှုနည်းပါး

သျှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် အီလက်ထရောနစ်မဲပေးစက် MEVM ဆိုင်ရာ အသိပညာပေး လုပ်ဆောင်ခဲ့သော်လည်း ပြည်သူများက အဆိုပါ မဲပေးစက်အပေါ် ယုံကြည်မှု နည်းပါးကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်တွင် နမ့်စန်မြို့ပေါ်နှင့် ပိုင်းဆည်ကျေးရွာအုပ်စု ဈေးကုန်းကျေးရွာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးဆောင်ပြီး အီလက်ထရောနစ် မဲပေးစက် အသုံးပြုနည်းကို...

“ပဋိပက္ခတွေကြား သူတို့ကိုယ်သူတို့ ရပ်တည်နိုင်အောင် တစိတ်တပိုင်း ထောက်ပံ့နိုင်ခဲ့တယ်”

အပြည်ပြည်ဆိုင်ရာ ဌာနေတိုင်းရင်းသားများနေ့ အထိမ်းအမှတ်အဖြစ် ကျွန်းတစ်ထောင်မြေ ဖောင်ဒေးရှင်းအဖွဲ့မှ ဦးဆောင်ကာ ကွန်ဟိန်းနှင့် နမ့်စန်မြို့နယ်များမှ တန်ဖိုးမြှင့် ဒေသထွက်ကုန်များကို တောင်ကြီးမြို့ရှိ VX Tea House တွင် ဩဂုတ်လ (၁၄) ရက်နေ့က ခင်းကျင်းပြသခဲ့သည်။ အဆိုပါ “ဒေသထွက်ကုန် တန်ဖိုးမြှင့်တင်ခြင်းနှင့် ကုန်ပစ္စည်းပြပွဲ”တွင် ကျွန်းတစ်ထောင်မြေ ဖောင်ဒေးရှင်းအဖွဲ့မှ...

နမ့်စန်လေတပ်သို့ ပို့ဆောင်မည့် လေယာဉ်ဆီတင်ကားကို ရန်ကုန်-မန္တလေးအမြန်လမ်းပေါ် PDF ဖမ်းဆီးရမိ

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့အခြေစိုက် စစ်ကောင်စီလေတပ်စခန်းသို့ ပို့ဆောင်မည့် လေယာဉ်ဆီတင် ဆီဘောက်ဆာကားကို စစ်ကောင်စီအရာခံဗိုလ်နှင့်အတူ အောင်ဆန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇွန်လ ၈ ရက်) နံနက်ပိုင်းတွင် မကွေးတိုင်း နတ်မောက်မြို့နယ်ဘက်မှ ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်သို့ ထွက်ခွာလာသော စစ်ကောင်စီ၏ လေယာဉ်ဆီတင် ဆီဘောက်ဆာကားကို အောင်ဆန်းမြေ...

နမ့်စန်မြို့တွင် ထိန်းသိမ်းထားသည့် ကျားဖြန့် (၇၀၀) ကျော်ကို ပြည်သူများ ထမင်းထုပ်သွားဝေနေရ

သျှမ်းပြည်တောင်ပိုင်းတကြောရှိ အွန်လိုင်းကျားဖြန့် ငွေလိမ်ဂိုဏ်းများကို စစ်ကောင်စီမှ ယခုရက်ပိုင်း အသည်းအသန် ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ မတ် ၂၂ ရက်မှ စတင်ပြီး စစ်ကောင်စီတပ်ဖွဲ့မှ ကျေးသီး၊ နမ့်စန်၊ ခိုလမ်နှင့် လဲချားမြို့နယ်အတွင်း အွန်လိုင်းကျားဖြန့် ငွေလိမ်ဂိုဏ်းများကို အသည်းအသန် ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ ကျားဖြန့်လုပ်ကိုင်သူ (၇၀၀)...

နမ့်စန်မြို့နယ် မွေတော်ဘုရားပွဲသို့ RCSS ဥက္ကဋ္ဌနှင့် စစ်ဦးစီးချုပ် တက်ရောက်ခဲ့

သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်သည် နမ့်စန်မြို့နယ် ဝမ်နောင်ကျေးရွာအုပ်စုရှိ မွေတော်ဘုရား ဓမ္မာရုံ ရေစက်ချလှူဒါန်းပွဲသို့ တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (မတ်လ ၁၉ ရက်) မွန်းလွဲပိုင်း၌ နမ့်စန်မြို့နယ် ဝမ်နောင်ကျေးရွာအုပ်စု ဟိုတိကျေးရွာရှိ တိလုံမွေတော်ဘုရားတွင် ပြုလုပ်သည့် စေတီရေစက်ချ...

နမ့်စန် စစ်ကောင်စီမှ သန်းခေါင်စာရင်း ထပ်မံကောက်ယူသည့်အပေါ်အခြေခံပြီး စစ်မှုထမ်းခေါ်မည်ကို စိုးရိမ်နေ

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် စစ်ကောင်စီဝန်ထမ်းများမှ ရပ်ကွက်အတွင်း သန်းခေါင်စာရင်း ထပ်မံကောက်ယူနေသဖြင့် ၎င်းကို အခြေခံကာ စစ်မှုထမ်းခေါ်ယူခံရမည်ကို စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီ (၂၁) ရက်မှ စတင်ပြီး နမ့်စန်မြို့ပေါ် ရပ်ကွက်များတွင် စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ ဝန်ထမ်းများနှင့် ရပ်ကွက်လူကြီးများ လိုက်ပါလျက် တစ်အိမ်တက်ဆင်း အိမ်ထောင်စုစာရင်းပါ လူဦးရေနှင့်...

နမ့်စန်မြို့နယ် SSPP နှင့် RCSS တိုက်ပွဲအတွင်း ကျေး/လက်ဆေးပေးခန်း လက်နက်ကြီးထိမှန်

သျှမ်းပြည် နမ့်စန်မြို့နယ်တွင် SSPP နှင့် RCSS တိုက်ပွဲအတွင်း ကျေးလက်ဆေးပေးခန်းကို လက်နက်ကြီးထိမှန်ခဲ့ပြီး စစ်ဘေးရှောင်များ ထပ်မံထွက်ပြေးနေရကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၁၅) ရက် ညပိုင်းတွင် နမ့်စန်မြို့နယ် နောင်ဟီးကျေးရွာအုပ်စုရှိ နမ့်မိုရွာအနီးတွင် သျှမ်းတပ်နှစ်တပ်ဖြစ်သည့် SSPP နှင့် RCSS တပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့ရာ နမ့်မိုကျေးလက်ဆေးပေးခန်းကို...

နမ့်စန်မြို့တွင် စစ်မှုထမ်းရန်အတွက် လိုက်လံဖမ်းဆီးပြီး ကျိုင်းတုံစစ်သင်တန်းသို့ ပို့ဆောင် 

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် စစ်မှုထမ်းရန်အတွက် မူးယစ်ဆေးသုံးစွဲသူနှင့် ဂိမ်းကစားရုံ ဂိမ်းဆော့နေသူများကို လိုက်လံဖမ်းဆီးကာ ကျိုင်းတုံစစ်သင်တန်းသို့ ပို့ဆောင်ကြော်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (ဒီဇင်ဘာလ ပထမပတ် )နေ့မှစပြီး ယနေ့ (ဒီဇင်ဘာလ ၂၄ ရက်)အထိ နမ့်စန်မြို့တွင် မူးယစ်ဆေးဝါးသုံးစွဲသူနှင့် ငါးဂိမ်းရုံတွင် ဂိမ်းကစားနေသူများကို တံခါးပိတ်ပြီး ဖမ်းဆီးသွားပြီး၊ ဖမ်းဆီးရမိသူ...

နမ့်စန်မြို့ ဧည့်စုတည်းခိုခန်းအတွင်း အရပ်ဝတ်နှင့်ပစ်ခတ်မှုများဖြစ်

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ ဧည့်စုတည်းခိုခန်းတွင် ယနေ့ (အောက်တိုဘာ ၃)ရက် ညနေပိုင်း၌ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လက်နက်များစွာလည်း ဖမ်းဆီးရမိကြောင်း သတင်းသိရသည်။ ယနေ့ (အောက်တိုဘာ ၃) ရက် ညနေ ၅ နာရီခွဲဝန်းကျင် တွင် နမ့်စန်မြို့ ဧည့်စုတည်းခိုခန်း၌ အမည်မသိလက်နက်အုပ်စုနှစ်ဖွဲ့မှ အချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို...

နမ့်စန် – ခိုလမ်လမ်းပိုင်း လက်နက်ကိုင်တပ်ဖွဲ့တစ်ခုမှ လိုင်းကားများ အခွန်ပိုကောက်ခံနေ

သျှမ်းပြည်တောင်ပိုင်း နမ့်စန်- ခိုလမ် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုမှ လိုင်းကားများကို လမ်းအခွန် ပိုမိုကောက်ခံနေကြောင်း စုံစမ်းသိရှိရသည်။ ယခု ကာလတွင် စက်သုံးဆီ အဆမတန် မြင့်တက်နေသဖြင့် လိုင်းကားပြေးဆွဲသော ကားသမားများသည် စက်သုံးဆီကုန်ကျစရိတ်မှာ ယခင်ကထက် ပိုကုန်ကျလာကြောင်း နမ့်စန်-ခိုလမ်ကြားရှိ လက်နက်ကိုင်တပ်ဖွဲ့ တစ်ခုက လမ်းအခွန်များကို ပိုမိုကောက်ခံနေသဖြင့်...

Latest news