နမ့်စန်မြို့နယ် မွေတော်ဘုရားပွဲသို့ RCSS ဥက္ကဋ္ဌနှင့် စစ်ဦးစီးချုပ် တက်ရောက်ခဲ့

သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်သည် နမ့်စန်မြို့နယ် ဝမ်နောင်ကျေးရွာအုပ်စုရှိ မွေတော်ဘုရား ဓမ္မာရုံ ရေစက်ချလှူဒါန်းပွဲသို့ တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။

ယမန်နေ့ (မတ်လ ၁၉ ရက်) မွန်းလွဲပိုင်း၌ နမ့်စန်မြို့နယ် ဝမ်နောင်ကျေးရွာအုပ်စု ဟိုတိကျေးရွာရှိ တိလုံမွေတော်ဘုရားတွင် ပြုလုပ်သည့် စေတီရေစက်ချ လှူဒါန်းပွဲသို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်၊ ဒုဥက္ကဋ္ဌနှင့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခေးငင်း တို့ တက်ရောက်လာပြီး ပေါ်လစီ မူဝါဒများ ရှင်းလင်းတင်ပြခဲ့ကြောင်း ဒေသခံများက ပြောသည်။

“စဝ်ယွက်စစ်ကတော့ ကိုယ့်လူမျိုးကို ချစ်တတ်ဖို့၊ မိဘကို ချစ်သလိုမျိုး ကိုယ့်ကို ကာကွယ်ပေးနေတဲ့ လူတွေကိုလည်း ချစ်တတ်ဖို့၊ နောက်ပြီးတော့ ဘယ်ကိုမှ မထွက်ပြေးကြဘဲနဲ့ စည်းစည်းလုံးလုံး ရှိကြဖို့ ပြောတယ်။ ကိုယ့်အချင်းချင်း စည်းလုံးညီညွတ်မှပဲ ငြိမ်းချမ်းရေး ရမယ်လို့ ပြောသွားတယ်”ဟု ပွဲတက်ရောက်ခဲ့သူ ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် စိုင်းစိုင်းငင်းမှ ဒေသန္တရ အုပ်ချုပ်ရေးဆိုင်ရာများ ဟောပြောခဲ့ကြောင်း RCSS သတင်းများ ရေးသားဖော်ပြနေသည့် Tai Freedom မီဒီယာမှ သျှမ်းဘာသာဖြင့် ထုတ်ပြန်ထားသည်။

“ကိုယ့်ဒေသခံ အချင်းချင်း သူကြီးနဲ့ ရွာသားတွေကို ဖိနှိပ်တာ ခွဲခြားဆက်ဆံတာတွေ မလုပ်ဖို့၊ စည်းစည်းလုံးလုံး နေကြဖို့ ပြောတယ်။ ပြီးတော့ သစ်ပင်ကြီးတွေကို ခုတ်ပြီး ရွှေ့ပြောင်းတောင်ယာလို မလုပ်ကြဖို့၊ သစ်ပင်မရှိတော့ရင် ရေခမ်းပြီး ဒုက္ခရောက်ကြမယ်လို့ သတိပေးတယ်”ဟု ၎င်းဒေသခံ အမျိုးသမီးက ထပ်လောင်းပြောသည်။

နမ့်စန်မြို့နယ် မွေတော်ဘုရားပွဲသို့ RCSS ဥက္ကဋ္ဌနှင့် စစ်ဦးစီးချုပ် တက်ရောက်ခဲ့

အလားတူ ဟိုတိ မွေတော်ဘုရားပွဲတွင် နမ့်ခုံးရှမ်းများ ပရဟိတအသင်းဥက္ကဋ္ဌ၊ ကျားဖြူပါတီဝင်နှင့် သျှမ်းတပ်နှစ်တပ် ငြိမ်းချမ်းရေးသံတမန် ဖြစ်သူ ဦးညို မှ တောင်ကြီး၊ နမ့်စန်၊ ခိုလမ်၊ ကာလိ၊ ကွန်ဟိန်းမြို့များတွင် လူမှုကူညီရေး လုပ်ဆောင်နေမှုများ၊ SNDP ကျားဖြူပါတီမှ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများအပြင် သျှမ်းတပ်နှစ်တပ်အကြား ဆက်ဆံရေးကိုယ်စားလှယ်အဖြစ် တာဝန်ယူထားမှု အခြေအနေများကို ရှင်းပြခဲ့ကြောင်း Tai Freedom မီဒီယာတွင် ဖော်ပြသည်။

ပြီးခဲ့သည့် မတ်လ (၁၅) ရက်နေ့ကလည်း ခိုလမ်မြို့ နောင်ဖာ၌ တည်ရှိသော စက်တော်ရာကျောင်းသို့လည်း RCSS ဥက္ကဋ္ဌနှင့် စစ်ဦးစီးချုပ်တို့ ရောက်ရှိခဲ့ကြသည်။

သျှမ်းပြည်နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာ ဖြေရှင်းနိုင်ရေးအတွက် RCSS သည် တွေ့ဆုံဆွေးနွေးခြင်း နည်းလမ်းဖြင့် ကြိုးပမ်းဖြေရှင်းသွားမည်ဖြစ်ကြောင်း နှစ်ပတ်လည် အစည်းအဝေး ကျင်းပပြီးနောက် ဖေဖော်ဝါရီ (၂၅) ရက်တွင် ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မောက်မယ် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၇၈ ဦး RCSS ထံ ဘက်ပြောင်းခိုလှုံ

0
သျှမ်းပြည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ စုစုပေါင်း (၇၈) ဦးတို့ RCSS တပ်ဖွဲ့ထံ သွားရောက်ပူးပေါင်းခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) တွင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...

နမ့်စန် မတ်ကျန်းပြည်သူ့စစ်နယ်မြေ KBZ ဘဏ်ခွဲ ဦးအောင်ကိုဝင်း ကိုယ်တိုင်ဖွင့်လှစ်ပေးခဲ့

0
သျှမ်းပြည် နမ့်စန်မြို့နယ် ပန်လျန်းဆိုင်ဒေသရှိ မတ်ကျန်းပြည်သူ့စစ် ထိန်းချုပ်နယ်မြေထဲ KBZ Bank ကမ္ဘောဇဘဏ်ခွဲတစ်ခုကို ဦးအောင်ကိုဝင်း ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၀ ရက်) နံနက်ပိုင်းတွင် နမ့်စန်မြို့နယ်ရှိ မတ်ကျန်းဌာနေပြည်သူ့စစ် ထိန်းချုပ်ရာ ပန်လျန်းဆိုင်ဒေသ ပန်လင်းကျေးရွာ၌ ကမ္ဘောဇဘဏ်လီမိတက်မှ KBZ Bank...

7 EAO Alliance ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သွားပြီး NSPNC နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေး

0
NCA စာချုပ်ကို ဆက်လက်စွဲကိုင်ထားသည့် 7 EAO Alliance အဖွဲ့မှ နေပြည်တော်သို့ သွားရောက်ကာ အသွင်ပြောင်းစစ်အစိုးရ အသစ်ဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇွန်လ ၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး...