Tuesday, January 27, 2026

နမ့်စန်မြို့ ဧည့်စုတည်းခိုခန်းအတွင်း အရပ်ဝတ်နှင့်ပစ်ခတ်မှုများဖြစ်

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ ဧည့်စုတည်းခိုခန်းတွင် ယနေ့ (အောက်တိုဘာ ၃)ရက် ညနေပိုင်း၌ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လက်နက်များစွာလည်း ဖမ်းဆီးရမိကြောင်း သတင်းသိရသည်။

နမ့်စန် တည်းခိုခန်းပစ်ခတ်မှု

ယနေ့ (အောက်တိုဘာ ၃) ရက် ညနေ ၅ နာရီခွဲဝန်းကျင် တွင် နမ့်စန်မြို့ ဧည့်စုတည်းခိုခန်း၌ အမည်မသိလက်နက်အုပ်စုနှစ်ဖွဲ့မှ အချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အိမ်စီးကားတွေနဲ့ လာကြတာ အင်အားတော်တော်များတယ်၊ ဧည့်စုတည်းခိုခန်းထဲမှာလည်း အရပ်ဝတ်နဲ့ အခြားလက်နက်ကိုင်တစ်ဖွဲ့ရှိတယ်၊ ကားနဲ့လာကြတဲ့အဖွဲ့က စပစ်တာ၊ သူတို့အချင်းချင်းပစ်ခတ်ကြတာ၊ ၁၀ ချက်လောက်ပဲ၊ တည်းခိုခန်းထဲကအဖွဲ့က ငါးယောက်လောက်အဖမ်းခံရတာတွေ့တယ်၊ လက်နက်တွေလည်း သယ်ထုတ်လာ ကြတာတွေ့ရတယ်” ဟု ဖြစ်စဥ်ကိုသိသည့် ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဧည့်စုတည်းခိုခန်းအတွင်းရောက်နေသည့် လက်နက်ကိုင်အဖွဲ့မှ အမျိုးသား ၅ ဦးခန့် ဖမ်းဆီးခံရကြောင်းနှင့် ၎င်းတို့လက်နက်များကို ကားနှင့်လာသည့်အဖွဲ့မှ သယ်ထုတ်သွားကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် အဆိုပါ ပစ်ခတ်မှုသည် မည်သည့်အကြောင်းကြောင့် ဖြစ်ရခြင်းနှင့် မည်သည့်လက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်ကြသည်ကို သျှမ်းသံတော်ဆင့်မှ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေး။

ယင်းကိစ္စဖြစ်စဥ်များအတွက် ဧည့်စုတည်းခိုခန်းထံ ဖုန်းဖြင့် ဆက်သွယ်သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိခဲ့ပေ။

နမ့်စန်မြို့သည် စစ်ကောင်စီ တပ်၊ တိုင်းရင်းသား လက်နက်ကိုင်ပေါင်းစုံရှိသည့်အပြင် ပြည်သူ့စစ်များ လှုပ်ရှားသည့် ဒေသတစ်ခုဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်စန်တွင် အီလက်ထရောနစ်မဲပေးစက် MEVM ဆိုင်ရာ အသိပညာပေး ယုံကြည်မှုနည်းပါး

0
သျှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် အီလက်ထရောနစ်မဲပေးစက် MEVM ဆိုင်ရာ အသိပညာပေး လုပ်ဆောင်ခဲ့သော်လည်း ပြည်သူများက အဆိုပါ မဲပေးစက်အပေါ် ယုံကြည်မှု နည်းပါးကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်တွင် နမ့်စန်မြို့ပေါ်နှင့် ပိုင်းဆည်ကျေးရွာအုပ်စု ဈေးကုန်းကျေးရွာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးဆောင်ပြီး အီလက်ထရောနစ် မဲပေးစက် အသုံးပြုနည်းကို...

“ပဋိပက္ခတွေကြား သူတို့ကိုယ်သူတို့ ရပ်တည်နိုင်အောင် တစိတ်တပိုင်း ထောက်ပံ့နိုင်ခဲ့တယ်”

0
အပြည်ပြည်ဆိုင်ရာ ဌာနေတိုင်းရင်းသားများနေ့ အထိမ်းအမှတ်အဖြစ် ကျွန်းတစ်ထောင်မြေ ဖောင်ဒေးရှင်းအဖွဲ့မှ ဦးဆောင်ကာ ကွန်ဟိန်းနှင့် နမ့်စန်မြို့နယ်များမှ တန်ဖိုးမြှင့် ဒေသထွက်ကုန်များကို တောင်ကြီးမြို့ရှိ VX Tea House တွင် ဩဂုတ်လ (၁၄) ရက်နေ့က ခင်းကျင်းပြသခဲ့သည်။ အဆိုပါ “ဒေသထွက်ကုန် တန်ဖိုးမြှင့်တင်ခြင်းနှင့် ကုန်ပစ္စည်းပြပွဲ”တွင် ကျွန်းတစ်ထောင်မြေ ဖောင်ဒေးရှင်းအဖွဲ့မှ...

နမ့်စန်လေတပ်သို့ ပို့ဆောင်မည့် လေယာဉ်ဆီတင်ကားကို ရန်ကုန်-မန္တလေးအမြန်လမ်းပေါ် PDF ဖမ်းဆီးရမိ

0
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့အခြေစိုက် စစ်ကောင်စီလေတပ်စခန်းသို့ ပို့ဆောင်မည့် လေယာဉ်ဆီတင် ဆီဘောက်ဆာကားကို စစ်ကောင်စီအရာခံဗိုလ်နှင့်အတူ အောင်ဆန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇွန်လ ၈ ရက်) နံနက်ပိုင်းတွင် မကွေးတိုင်း နတ်မောက်မြို့နယ်ဘက်မှ ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်သို့ ထွက်ခွာလာသော စစ်ကောင်စီ၏ လေယာဉ်ဆီတင် ဆီဘောက်ဆာကားကို အောင်ဆန်းမြေ...

ပစ်ခတ်ခံရမှုကြောင့် ကျပ်သိန်း ၅၀ လျော်ကြေးတောင်းဆိုမှု SSPP ငြင်းဆို

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် နောင်လောင်းကျေးရွာအုပ်စုအတွင်း မူးယစ်ဆေးသုံးစွဲသူများ ရှင်းလင်းစဉ် ပစ်ခတ်မှုမှာ နစ်နာသူဘက်မှ လျော်ကြေး ကျပ်သိန်း ၅၀ တောင်းဆိုမှုအား SSPP ဘက်မှ ငြင်းပယ်ထား ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သော မေလ(၁၀) ရက် မူဆယ်မြို့နယ် နမ့်စန့်ရွာတွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) မှ နယ်မြေလိုက်လံစစ်ဆေးချိန်...

သီပေါမြို့နယ် နမ္မကျောက်မီးသွေးတွင်းရှိ SSPP တပ်စခန်းသို့ MNDAA ဝင်ရောက်လာပြီး နှစ်ဘက်သေနတ်ပစ်ခတ်မှုဖြစ်

0
သျှမ်းပြည် သီပေါမြို့နယ် နမ္မကျောက်မီးသွေးတွင်းရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းကို ဖယ်ရှားရန် ကိုးကန့်တပ်ဖွဲ့ MNDAA ဝင်ရောက်လာစဉ် နှစ်ဘက်သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၂၉ ရက်) နံနက် ၁၀ နာရီခန့်တွင် သီပေါမြို့နယ် နမ္မကျေးရွာအုပ်စုရှိ နမ္မ၊ ကုန်းပေါင်းနှင့်...