Tuesday, January 27, 2026

နမ့်စန်လေတပ်သို့ ပို့ဆောင်မည့် လေယာဉ်ဆီတင်ကားကို ရန်ကုန်-မန္တလေးအမြန်လမ်းပေါ် PDF ဖမ်းဆီးရမိ

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့အခြေစိုက် စစ်ကောင်စီလေတပ်စခန်းသို့ ပို့ဆောင်မည့် လေယာဉ်ဆီတင် ဆီဘောက်ဆာကားကို စစ်ကောင်စီအရာခံဗိုလ်နှင့်အတူ အောင်ဆန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။

ယမန်နေ့ (ဇွန်လ ၈ ရက်) နံနက်ပိုင်းတွင် မကွေးတိုင်း နတ်မောက်မြို့နယ်ဘက်မှ ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်သို့ ထွက်ခွာလာသော စစ်ကောင်စီ၏ လေယာဉ်ဆီတင် ဆီဘောက်ဆာကားကို အောင်ဆန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Aung San’s Land Natmauk) မှ မိုင်တိုင် (၂၆၂) အနီးတွင် ဖမ်းဆီးရမိခဲ့သည်။

နမ့်စန်လေတပ်စခန်းဌာနချုပ်သို့ သယ်ယူပို့ဆောင်မည့် ယာဉ်အမှတ် 2B-8525 ဆီဘောက်ဆာကားထဲတွင် လေယာဉ်ဆီအပြည့်နှင့်အတူ စစ်ကောင်စီတပ် အရာခံဗိုလ် မင်းထွဋ်၏ လက်အောက်ငယ်သား နှစ်ဦးတို့အား ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ကို စစ်ဆေးနေကြောင်း အောင်ဆန်းမြေ PDF တပ်ဖွဲ့မှ ခေတ်သစ်သတင်းဌာနသို့ ယမန်နေ့တွင် ဖြေကြားထားသည်။

ယခုဖမ်းဆီးရမိသည့် လေယာဉ်ဆီတင်ကားသည် နမ့်စန်လေတပ်စခန်းရှိ လေယာဉ်၊ ရဟတ်ယာဉ်များ စစ်ဆင်ရေးနှင့် လေ့ကျင့်ပျံသန်းရေး၊ မော်တော်ယာဉ်နှင့် ရေစက်၊ မီးစက်များ အသုံးပြုရန်အတွက် လေယာဉ်ဆီ (JET-A1)၊ အောက်တိန်း Octane နှင့် ဒီဇယ်ဆီ High Speed Diesel ဆီများ သယ်ယူလာကြောင်း ဇွန်လ (၅) ရက် နေ့စွဲဖြင့် တပ်ကိုယ်စားလှယ်စေလွှတ်သည့် စာထဲတွင် ရေးသားထားသည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၀၂၃ ဇန်နဝါရီလမှ ၂၀၂၅ မေလအထိ နှစ်နှစ်ကျော်ကာလအတွင်း အရပ်သားပြည်သူ (၃၀၀၀) ကျော် သေဆုံးခဲ့ရကြောင်း NUG မှ မေလ တတိယပတ်တွင် ထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းနှင့် နေပြည်တော်မှ လွဲ၍ ပြည်နယ်နှင့်တိုင်း (၁၃) ခုစလုံးတွင် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုပေါင်း (၂၆၀၀) ကျော်အထိ ရှိခဲ့ကြောင်း NUG ၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

အလားတူ မတ်လ (၂၈) ရက်တွင် အင်အားပြင်း စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သည် ယာယီအပစ်အခတ် ရပ်စဲကြောင်း ကြေညာခဲ့သော်လည်း စာသင်ကျောင်းကဲ့သို့ အရပ်သားများကို ပစ်မှတ်ထားသည့် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကို နိုင်ငံတဝှမ်း လုပ်ဆောင်ခဲ့သည်။

စစ်ကောင်စီတပ်ကို ရုရှားနှင့် တရုတ်နိုင်ငံများမှ ကျောထောက်နောက်ခံပေးမှုကြောင့် လေကြောင်းဗုံးကြဲ တိုက်ခိုက်ခြင်းကို ယခင်ကထက် ပိုမိုတိုးမြှင့်လုပ်ဆောင်လာကြောင်း သုံးသပ်မှုများလည်း ရှိနေပြီး မြန်မာနိုင်ငံအပေါ် လေယာဉ်ဆီရောင်းချမှု ပိတ်ပင်ရေး ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ရန် Justice For Myanmar နှင့် The Sentry ကဲ့သို့ အရပ်ဘက်အဖွဲ့အစည်းများမှ ယမန်နှစ် ၂၀၂၄ ကတည်းက တောင်းဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးမိတ်မြို့အနီး စစ်ကော်မရှင်တပ် နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား

0
သျှမ်းပြည် မြောက်ပိုင်း မိုးမိတ်မြို့နယ်တွင် စစ်ကော်မရှင်တပ် နှင့် တော်လှန်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ ( ဒီဇင်ဘာလ ၂၄ ရက်) မနက်ပိုင်းတွင် မိုးမိတ်မြို့နယ် ရေတံခွန်ကျေးရွာ အနီးတဝိုက်တွင် စစ်ကော်မရှင်တပ် နှင့် တော်လှန်ရေးတပ်ဖွဲ့ PDF တို့...

PDFက သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG ရဲ့ ဆက်ကြေးကောက်နေတဲ့သူတွေ ထွက်ပြေးနေတယ်လို့ သတင်းမှားဖြန့်ချိ

0
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ ထွက်ပြေးနေတယ်ဆိုပြီးစစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေက သတင်းအမှား ဖြန့်ချိနေပါတယ်။ အဲ့ဒီအကြောင်းအရာကို စစ်ကောင်စီဝါဒဖြန့်ချန်နယ်တခုဖြစ်တဲ့ မှိုင်းဝေတယ်လီဂရမ်ချန်နယ်ကပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ စတင်ဖြန့်ချိခဲ့တာ ဖြစ်ပြီးတော့ ဝင်ရောက်ကြည့်ရှု့သူ နှစ်သောင်းလေးထောင်ကျော်ရှိနေပြီး ပြန့်နှံ့မှုတွေ များနေပါတယ်။ ဖြန့်ဝေထားတဲ့ အကြောင်းအရာတွေကို...
Mogok_PDF_Attacks_SAC

မိုးကုတ်မြို့တွင် စစ်ကော်မရှင် တပ်စွဲထားသည့် ပြည်သူ့ဆေးရုံ ဒရုန်းဗုံးကြဲတိုက်ခိုက်ခံရ

0
သျှမ်းပြည် - မန္တလေးတိုင်းနယ်စပ် မိုးကုတ်မြို့ရှိ စစ်ကော်မရှင်တပ်ဖွဲ့ ဝင်ရောက်တပ်စွဲထားသည့် ပြည်သူ့ဆေးရုံကို တော်လှန်ရေးအင်အားစု PDF တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၁ ရက်) ညနေပိုင်းတွင် စစ်ကော်မရှင်တပ်ဖွဲ့ ပြန်လည်ဝင်ရောက် တပ်စွဲထားသည့် မိုးကုတ်မြို့ရှိ ပြည်သူ့ဆေးရုံနှင့် အနီးတစ်ဝိုက်ကို တော်လှန်ရေးအင်အားစု...

ရွာငံတွင် အုပ်ချုပ်ရေးမှူးနှင့် အရပ်သားတစ်ဦး ထပ်မံသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ကျောက်ပိဇပ်ကျေးရွာတွင် အုပ်ချုပ်ရေးမှူးနှင့် အရပ်သားတစ်ဦး ထပ်မံသတ်ခံရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၂၈ ရက်တွင် အမည်မသိ လက်နက်ကိုင်အုပ်စုမှ ကျောက်ပိဇပ်ကျေးရွာသို့ လာရောက်ပြီး အသက် ၄၀ ကျော် အရွယ် ရွာလူကြီး ဦးတင့်ဝေ နှင့် အရပ်သား ဖြစ်သူ အသက်...

နမ့်စန်တွင် အီလက်ထရောနစ်မဲပေးစက် MEVM ဆိုင်ရာ အသိပညာပေး ယုံကြည်မှုနည်းပါး

0
သျှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် အီလက်ထရောနစ်မဲပေးစက် MEVM ဆိုင်ရာ အသိပညာပေး လုပ်ဆောင်ခဲ့သော်လည်း ပြည်သူများက အဆိုပါ မဲပေးစက်အပေါ် ယုံကြည်မှု နည်းပါးကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်တွင် နမ့်စန်မြို့ပေါ်နှင့် ပိုင်းဆည်ကျေးရွာအုပ်စု ဈေးကုန်းကျေးရွာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးဆောင်ပြီး အီလက်ထရောနစ် မဲပေးစက် အသုံးပြုနည်းကို...