PDFက သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG ရဲ့ ဆက်ကြေးကောက်နေတဲ့သူတွေ ထွက်ပြေးနေတယ်လို့ သတင်းမှားဖြန့်ချိ

NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ ထွက်ပြေးနေတယ်ဆိုပြီးစစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေက သတင်းအမှား ဖြန့်ချိနေပါတယ်။

အဲ့ဒီအကြောင်းအရာကို စစ်ကောင်စီဝါဒဖြန့်ချန်နယ်တခုဖြစ်တဲ့ မှိုင်းဝေတယ်လီဂရမ်ချန်နယ်က
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ စတင်ဖြန့်ချိခဲ့တာ ဖြစ်ပြီးတော့ ဝင်ရောက်ကြည့်ရှု့သူ နှစ်သောင်းလေးထောင်ကျော်ရှိနေပြီး ပြန့်နှံ့မှုတွေ များနေပါတယ်။

ဖြန့်ဝေထားတဲ့ အကြောင်းအရာတွေကို အောက်ပါလင့်ခ်မှာ သွားရောက် ကြည့်ရှူနိုင်ပါတယ်။
ဖြန့်ဝေထားတဲ့အကြောင်းအရာ >>>> https://archive.ph/34jH0

အဲ့ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး Myanmar Fact-checking Network ရဲ့အဖွဲ့ဝင်ဖြစ်တဲ့ ဖက်ဒရယ် FMနဲ့ သျှမ်းသံတော်ဆင့်တို့ ပူးပေါင်းပြီး အချက်အလက် စစ်ဆေးကြည့်တဲ့အခါ သတင်းအမှားဖြစ်နေတယ်ဆိုတာကိုစိစစ်တွေ့ရှိခဲ့ပါတယ်။

စစ်ဆေးတွေ့ရှိချက်

စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်ဖြစ်တဲ့ မှိုင်းဝေတယ်လီဂရမ်ချန်နယ်က ဖြန့်ချိလာတဲ့အကြောင်းအရာကို Google Search မှာ ( သစ်တော၊ ပတ်ဝန်းကျင်ကို သယံဇာတစီမံခန့်ခွဲမှုကို ယာယီရပ်ဆိုင်း) ဆိုတဲ့ စာသားနဲ့ ရှာဖွေကြည့်တဲ့အခါမှာ လွတ်လပ်တဲ့ပြီး ယုံကြည်စိတ်ချရတဲ့ သတင်းမီဒီယာသတင်းဌာနတွေဖြစ်ကြတဲ့ “ DVB၊ Myanmar Now တို့မှာ သတင်းဖော်ပြခဲ့ကြပြီးတော့ ‌ “သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ” ကလည်းအဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ထားတာကိုတွေ့ရှိရပါတယ်။

Myanmar Now သတင်းဌာနရဲ့ သတင်းထဲမှာတော့ “ သစ်နဲ့သစ်တောထွက်ပစ္စည်း အရေးကိစ္စတွေကို ဆောင်ရွက်ရာမှာ အသက်အန္တရာယ်သာမက ဝန်ထမ်းတွေရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးနဲ့ ပဋိပက္ခများလျှော့ချရေးအတွက် ယာယီရပ်ဆိုင်းထာကြောင်း၊ NUG သယံဇာတဝန်ကြီးဌာနအောက်က ကဏ္ဍနှစ်ခုအနက် သစ်တောပတ်ဝန်းကျင်ကဏ္ဍရြ့ လုပ်ဆောင်မှုတွေကို ဒီဇင်ဘာလ ၁ ရက်နေ့မှစပြီးရပ်နားလိုက်ခြင်း ဖြစ်ကြောင်းနဲ့ အဆိုပါကိစ္စရပ်တွေကို ဖြေရှင်းနိုင်ရန် အစိုးရအဖွဲ့တွင်း ညှိနှိုင်းဖြေရှင်းသော်လည်း တိုးတက်မှုမရှိကြောင်း” သတင်းဖော်ပြထားပါတယ်။

Myanmar Now မှဖော်ပြထားသောသတင်း>>> https://shorturl.at/bx5Cr

အလားတူ လွတ်လပ်တဲ့မီဒီယာ သတင်းဌာတွေဖြစ်ကြတဲ့ DVB သတင်းဌာနမှာလည်း သတင်းဖော်ပြခဲ့ကြပြီးတော့ ‌ “သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ”ကလည်း သတင်းထုတ်ပြန်ထားခဲ့ကြပါတယ်။

DVB မှဖော်ပြထားသောသတင်း>>> https://burmese.dvb.no/post/736835

အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၏ထုတ်ပြန်ချက်>>> https://bit.ly/4rVMBtT

သုံးသပ်ချက်

လွတ်လပ်တဲ့ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်နဲ့ NUGရဲ့ ထုတ်ပြန်ချက်အရ သစ်နဲ့သစ်တောထွက်ပစ္စည်း အရေးကိစ္စတွေကို ဆောင်ရွက်ရာမှာ အသက်အန္တရာယ်သာမက ဝန်ထမ်းတွေရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးနဲ့ ပဋိပက္ခများလျှော့ချရေးအတွက် ယာယီရပ်ဆိုင်းထားကြောင်းကို တွေ့ရှိရပါတယ်။

ဒါပေမယ့် မှိုင်းဝေတယ်လီဂရမ်ချန်နယ်က ဖော်ပြနေသလိုမျိုး “NUG ကသူတွေကို PDFက သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ ထွက်ပြေးနေတယ်” ဆိုတဲ့ အကြောင်းအရာဟာ သတင်းဌာနတွေမှာ သတင်းဖော်ပြထားတာ မရှိပါဘူး။

စစ်ကော်မရှင်ရဲ့ ဝါဒဖြန့်ချန်နယ်တခုဖြစ်တဲ့ မှိုင်းဝေတယ်လီဂရမ်ချန်နယ်ကနေ ဖြန့်ဝေနေတဲ့ အကြောင်းအရာဖြစ်တဲ့ “ NUG ကသူတွေကို PDFက သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ ထွက်ပြေးနေတယ်”ဆိုတာ စကားလုံးတွေကို ပုံဖော်ပြီး လိုရာဆွဲရေးသားထားတဲ့ သတင်းအမှားဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့တယ်။

အဲ့ဒီတယ်လီဂရမ်ချန်နယ်က ဖော်ပြထားတဲ့အကြောင်းအရာဟာ လွတ်လပ်တဲ့ မီဒီယာရဲ့ ဖော်ပြထားတဲ့ သတင်းတွေကို ပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်အောင် စကားလုံးတွေကို ပုံဖော်ပြီး လိုရာဆွဲရေးသားပုံဖော် ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

စာဖတ်သူတွေအနေနဲ့ အခုလို ဒီဂျစ်တယ်လုံခြုံရေးနဲ့ပတ်သက်တာတွေ သိလိုရင်ဖြစ်ဖြစ် သတင်းတု၊ သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက် တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ် အတည်ပြု မေးမြန်းလိုရင်ပဲ ဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ ဖက်ဒရယ်FMနဲ့ သျှမ်းသံတော်ဆင့်ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web-https://myanmarfactcheckingnetwork.org/
Fb-https://www.facebook.com/myanmarfactcheckingnetwork

Fact-check, ဖက်ဒရယ် FM/ သျှမ်းသံတော်ဆင့်/ The Red Flag / MFCN

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့တွင် အိမ်နံပါတ် စုံ/ မ စနစ်ဖြင့် လျှပ်စစ်မီးပေးမည်ဆိုသည့် သတင်းအမှား

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်နံပါတ်များအား စုံ၊ မ စနစ်ဖြင့် လျှပ်စစ်မီးပေးရန် တောင်ကြီး EPC ပြင်ဆင်နေကြောင်း ဖေ့ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာများတွင် သတင်းများ ပျံ့နှံ့လျက်ရှိသည်။ အဆိုပါအကြောင်းအရာကို တောင်ကြီး သား/သူများ ဆုံစည်းရာ | Taunggyi Thar/Thu Group ဖေ့ဘွတ်ခ် ဂရုတစ်ခုတွင်...

ဒေါ်ဇင်မာအောင် ဖမ်းဆီးခံရသည်ဆိုသည့် ရုပ်သံမှာ AI ဖြင့် ဖန်တီးထားသော သတင်းအမှားသာဖြစ်

0
လူမှုကွန်ရက်စာမျက်နှာများတွင် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဖမ်းဆီးခံလိုက်ရပြီဟုဆိုကာ ရုပ်သံဗီဒီယိုတစ်ခု ပျံ့နှံ့နေသည်။ အဆိုပါရုပ်သံကို “Big Star MeMe” အမည်ရှိ လူမှုကွန်ရက်စာမျက်နှာတစ်ခုမှ မတ်လ ၄ ရက်နေ့တွင် စတင်ဖြန့်ချိခဲ့ခြင်း ဖြစ်ပြီး ကြည့်ရှုသူ ၁၂,၀၀၀ ကျော်နှင့် ပြန်လည်မျှဝေသူ ၄၀၀ ကျော် ရှိခဲ့သည်။ သတင်းအမှား...

တောင်ကြီးတွင် အမျိုးသမီးများ ပေါ်တာဆွဲသည့်သတင်းကို စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်များက သတင်းအမှားဖြစ်သည်ဟု ပုံဖျက်နေ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အမျိုးသမီးများအား ပေါ်တာဆွဲနေသည်ဆိုသော ဒေသတွင်း သတင်းဌာနများ၏ ဖော်ပြချက်သည် သတင်းမှားသာဖြစ်ပြီး ဒေသခံများက အဆိုပါသတင်းဌာနကို ပြန်လည်တုံပြန်နေသည်ဟု စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ဖြန့်ဝေနေသည်။ အဆိုပါအကြောင်းအရာကို စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်သော “Ko Thet” တယ်လီဂရမ်ချန်နယ်မှ မတ်လ ၅ ရက်နေတွင် ဖြန့်ချိခဲ့ခြင်းဖြစ်ပြီး ကြည့်ရှုသူပေါင်း...

မိုးကုတ် စစ်ကော်မရှင်တပ် အင်အားဖြည့် စစ်ကြောင်းထိုး၊ PDF တပ်များနှင့် ထိတွေ့တိုက်ပွဲပြင်းထန်

0
သျှမ်းပြည်-မန္တလေးတိုင်းနယ်စပ်ရှိ မိုးကုတ်မြို့တွင် စစ်ကော်မရှင်တပ်ဘက်မှ အင်အားဖြည့် စစ်ကြောင်းထိုးခြင်းကြောင့် တော်လှန်ရေးအင်အားစု PDF တပ်များနှင့် ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၈ ရက်) နံနက်ပိုင်းမှ စတင်၍ မိုးကုတ်မြို့နယ်ရှိ ချောင်းကြီးနှင့် ရှမ်းကုန်းစံ ကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးအင်အားစု PDF တပ်များ...
MDY-PDF In Front of Mong Mit Signboard

မိုးမိတ်တွင် KIA ၊ PDF ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်ကြား လက်နက်ကြီး အပြန်အလှန်ပစ်ခတ်

0
သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ် KIA၊ PDF ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်တို့အကြား လက်နက်ကြီးဖြင့် အပြန်အလှန် ပစ်ခတ်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီ ၃၀ ရက်) နံနက် ၈ နာရီခွဲခန့်တွင် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် မိုးမိတ်မြို့နယ်ရှိ မိုးဟောက်နှင့် ပသင် ကျေးရွာအုပ်စုဘက်တွင် ကချင်လွတ်လပ်ရေးတပ်...