မိုင်းတုံမြို့နယ် UWSA နှင့် လားဟူပြည်သူ့စစ်အကြား ပစ်ခတ်မှုဖြစ်၊ စစ်ရေးတင်းမာမှု ဆက်ဖြစ်

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်တွင် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် စစ်ကောင်စီလက်အောက်ခံ လားဟူပြည်သူ့စစ်တို့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ဒေသတွင်း စစ်ရေးတင်းမာမှုများ ဆက်လက်မြင့်တက်နေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် (ဖေဖော်ဝါရီလ ၁၄ ရက်) နံနက်ပိုင်းက မိုင်းတုံမြို့နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် UWSA တပ်ဖွဲ့ဝင်များက လားဟူပြည်သူ့စစ်အဖွဲ့၏ ယာဉ်တစ်စီးကို တားဆီးစစ်ဆေးရာမှ နှစ်ဖက်အငြင်းပွားပြီး၊ လားဟူပြည်သူ့စစ်ဘက်မှ စတင်ပစ်ခတ်ခဲ့ကြောင်း အဆိုပါဖြစ်စဉ်ကိုသိရှိသူ ပုံပါကျင်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ထိုပစ်ခတ်မှုကြောင့် ‘ဝ’ တပ်ဖွဲ့ဝင် (၃)​ ဦးသေဆုံးသည့်အထိဖြစ်ပွားကာ ၎င်းတို့၏ အလောင်းများကို နားကောင်းမူးဘက်သို့ ပို့ဆောင်ခဲ့ကြောင်း ဆိုသည်။

“အဲ့စစ်ဆေးရေးဂိတ်မှာ အငြင်းပွားရာကနေ လားဟူပြည်သူ့စစ်ဘက်က သေနတ်နဲ့ စပစ်တယ်လို့ သိရတယ်။ ‘ဝ’တပ်ဖွဲ့ဝင် အရာရှိလည်း သေတယ် ပြောတယ်၊ တချို့ကလည်း သုံးဦးလောက်သေတယ် ပြောတယ်။ သေချာတော့ မသိရသေးဘူး။ အလောင်းကိုတော့ နားကောင်းမူးက နားကျောင်းလုံဘက်မှာ ရှိတယ်” ဟု ပုံပါကျင်ဒေသခံ အမျိုးသားတစ်ဦးက ပြောပြသည်။

ဒေသခံအချို့၏ ပြောပြချက်အရ လောင်းကစားရာမှ နှစ်ဖက်ရန်ဖြစ်စကားများကြပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။

အဆိုပါဖြစ်စဉ်အတွင်း UWSA ဘက်မှ အရာရှိတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင်အချို့ သေဆုံးဒဏ်ရာရမှုရှိသည်ဟု ဒေသခံများက ပြောဆိုသော်လည်း သျှမ်းသံတော်ဆင့်မှ သီးခြားအတည်မပြုနိုင်ခြင်း မရှိသေးပေ။

လက်ရှိတွင် UWSA တပ်ဖွဲ့သည် ပုံပါကျင်၊ ပါချီးနှင့် ဝမ်မိုင်ကျေးရွာများအဝင်ရှိ လမ်းကြောင်းတစ်လျှောက်တွင် စစ်ဆေးရေးဂိတ်များ ထပ်မံတိုးမြှင့်ထားပြီး လုံခြုံရေးတင်းကြပ်ထားကြောင်း အထက်ပါ အမျိုးသားတစ်ဦးက ပြောသည်။

ထို့ပြင် ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် နေရာတစ်ဝိုက်ရှိ UWSA တပ်ဖွဲ့များကို ၇ ရက်အတွင်း တပ်ဆုတ်ပေးရန် စစ်ကောင်စီဘက်က တောင်းဆိုထားကြောင်းလည်း ဒေသခံများထံမှ သိရသည်။

“ပါချီးရွာ ဘုန်းကြီးကျောင်းထဲမှာ ဝတပ်ဖွဲ့ဝင်တွေ အခုထိ ရှိနေတုန်းပဲ။ လားဟူပြည်သူ့စစ်တွေကတော့ ပါချီးနဲ့ မိုင်းဟန်ရွာတွေမှာ ရှိတယ်။ စစ်တပ်ဘက်ကတော့ လားဟူအဖွဲ့ကို မပစ်ဖို့ ပြောထားတယ်လို့ သတင်းထွက်နေတယ်။ အခု ဝတပ်ဖွဲ့က အင်အားတွေတိုးထားတယ်။ လမ်းတစ်လျှောက်မှာရှိတဲ့ ဝတပ်ဖွဲ့တွေကို ၇ ရက်အတွင်း တပ်ဆုတ်ပေးဖို့ စစ်တပ်ဘက်က ပြောနေတယ်” ဟု အမည်မဖော်လိုသူ နားကောင်းမူးကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

မိုင်းတုံမြို့နယ်သည် UWSA ၏ တောင်ပိုင်း (၁၇၁) စစ်ဒေသတွင် ပါဝင်သည့် အရေးပါသော နယ်မြေတစ်ခုဖြစ်ပြီး ယခုကဲ့သို့ စစ်ရေးတင်းမာမှုများကြောင့် ဒေသခံရွာသားများမှာ တိုက်ပွဲများ ထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်လျက်ရှိကြသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ နှစ်ဖက်အဖွဲ့အစည်းများထံမှ တရားဝင် ထုတ်ပြန်ချက်တစ်စုံတစ်ရာ ထွက်ပေါ်လာခြင်း မရှိသေးပေ။

တိုင်းရင်းသားလက်နက်ကိုင်များအနက် အင်အားအကြီးဆုံး ဖြစ်သည့် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၏ ဌာနချုပ်တည်ရှိရာ ‘ဝ’မြောက်ပိုင်းအပြင် မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်မြို့နယ်၊ မိုင်းဆတ်မြို့နယ်၊ မိုင်းတုံမြို့နယ်၊ ဟွေအော်နှင့် ပုံပါကျင်ဒေသတို့ အပါအဝင် မြို့နယ် ၇ မြို့နယ်ကို ဝတောင်ပိုင်းဒေသ (သို့မဟုတ်) ၁၇၁ စစ်ဒေသဟု သတ်မှတ်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA ဒေသ သတ္တုတူးဖော်ရာတွင် ဖောက်ခွဲရေး၊ ဓာတုပစ္စည်း အလွန်အကျွံမသုံးရ ဟု အသိပေး

0
ရွှေ၊သတ္တုနှင့် သံယံဇာတများ အလွန်အကျွံတူးဖော်မှုကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားနေသည့် ‘ဝ’တပ် (UWSA) ထိန်းချုပ်သည့် ဒေသအတွက် ထိခိုက်နစ်နာမှု မရှိစေရန် နှင့် ပြဌာန်းချက်များကို လိုက်နာကြရန် စီးပွားရေး လုပ်ငန်းရှင်များကို တွေ့ဆုံ အသိပေးလိုက်ကြောင်း သတင်းရရှိသည်။ သျှမ်းပြည်အရှေ့ပိုင်းတွင် မြေရှားသတ္တု၊ ရွှေနှင့် အခြားသတ္တုများ အလွန်အကျွံတူးဖော်မှုကြောင့် မြန်မာနှင့်ထိုင်းကို ဖြတ်သန်းစီးဆင်းနေသော...

မြန်မာ-ထိုင်းနယ်စပ်ရှိ အဖြိုက်နက်သိုက်များ တရုတ်နှင့် ရုရှား အပြိုင်လုနေ

0
မြန်မာ-ထိုင်းနယ်စပ်အနီး မိုင်းတုံမြို့နယ်ရှိ လွယ်ချီလိတ်တောင်တန်းတွင် တရုတ်နှင့် ရုရှားနိုင်ငံတို့မှ ကုမ္ပဏီများက အဖြိုက်နက်သတ္တုသိုက်များကို အပြိုင်အဆိုင် တူးဖော်ရန် ကြိုးပမ်းနေကြကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ထုတ်ပြန်သည်။ လွယ်ချီလိတ်တောင်၏ တောင်ဘက်ခြမ်းတွင် တရုတ်ကုမ္ပဏီတစ်ခုသည် 'ဝ'ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် ပူးပေါင်းကာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှစ၍...

UWSA ထိန်းချုပ် ပန်ဆန်းမြို့အနီး ယမ်းချက်စက်ရုံပေါက်ကွဲမှုဖြစ်၊ ထိခိုက်သေဆုံးသူများပြား

0
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ရာ ပန်ဆန်း(ပန်ခမ်း) မြို့နယ်ရှိ သတ္တုတူးဖော်ရာတွင် အသုံးပြုသည့် ယမ်းချက်စက်ရုံတစ်ခု၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့် သေဆုံးသူ အများအပြား ရှိကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဧပြီ ၇ ရက်) ညနေပိုင်းတွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်သည့် ပန်ဆန်း (ပန်ခမ်း) မြို့အနီး...

သမ္မတဖြစ်လာသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို UWSA ဂုဏ်ပြုသဝဏ်လွှာပို့

0
စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံရပြီးနောက် ဂုဏ်ပြုဝမ်းမြောက်ကြောင်း သဝဏ်လွှာကို 'ဝ'ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) မှ ပေးပို့ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ယနေ့ (ဧပြီလ ၃ ရက်) နေပြည်တော်၌ ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်အမတ်...