နမ့်စန်မြို့တွင် ထိန်းသိမ်းထားသည့် ကျားဖြန့် (၇၀၀) ကျော်ကို ပြည်သူများ ထမင်းထုပ်သွားဝေနေရ

သျှမ်းပြည်တောင်ပိုင်းတကြောရှိ အွန်လိုင်းကျားဖြန့် ငွေလိမ်ဂိုဏ်းများကို စစ်ကောင်စီမှ ယခုရက်ပိုင်း အသည်းအသန် ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။

မတ် ၂၂ ရက်မှ စတင်ပြီး စစ်ကောင်စီတပ်ဖွဲ့မှ ကျေးသီး၊ နမ့်စန်၊ ခိုလမ်နှင့် လဲချားမြို့နယ်အတွင်း အွန်လိုင်းကျားဖြန့် ငွေလိမ်ဂိုဏ်းများကို အသည်းအသန် ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ ကျားဖြန့်လုပ်ကိုင်သူ (၇၀၀) ကျော်ကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ကို သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ ရပ်ကွက်(၅) ရှိ အားကစားရုံတွင် ထိန်းသိမ်းထားသည်။

ထိုဖမ်းဆီး ထိန်းသိမ်းခံထားသည့် ကျားဖြန့်လုပ်ကိုင်သူ (၇၂၃) ဉီးထဲတွင် တရုတ်နိုင်ငံသား အများအပြား ပါဝင်ပြီး၊ ၎င်းတို့အတွက် နမ့်စန်မြို့ပေါ် ရပ်ကွက် (၅) ခုမှ တစ်ရပ်ကွက်လျှင် ထမင်းထုပ် (၁၅၀) ထုပ်စီ သွားရောက်ပို့ဆောင် ကျွေးမွေးရကြောင်း နမ့်စန်မြို့ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဖမ်းလာတဲ့ ၇၂၃ ယောက်ထဲမှာ တရုတ်လူမျိုးတွေက အများဆုံးပဲ။ အခု ကျနော်တို့ တစ်ရပ်ကွက်ကို ထမင်းထုပ် (၁၅၀) ထုပ်စီ သွားပေးရတယ်။ သူတို့က ပြည်သူပိုက်ဆံတွေ လိမ်စားနေတဲ့ သူတွေဆိုပြီးတော့ ကျားဖြန့်မလို့ အချို့ကလည်း မပေးချင် မကျွေးချင်ကြဘူး”ဟု ၎င်းဒေသခံ အမျိုးသားက ပြောသည်။

ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသားများကို စစ်ကောင်စီက ၎င်းတို့၏ နိုင်ငံသို့ ပြန်လွှဲပြောင်းရန် စီစဉ်နေကြောင်း၊ ထပ်မံဖမ်းဆီးထားသည့် ကျားဖြန့်များကို စစ်ကောင်စီက နမ့်စန်မြို့တွင်းသို့ ထပ်မံလာရောက် ပို့ဆောင်မည်ဟုလည်း ပြောဆိုထားကြောင်း ဒေသခံများထံမှ သိရသည်။

“တရုတ်နိုင်ငံသားတွေဆိုရင် စစ်ကောင်စီက သူတို့ တရုတ်နိုင်ငံကို ချက်ချင်း လွှဲပေးတယ်။ မြန်မာနိုင်ငံသားဆိုရင် ဖမ်းမိတာနဲ့ ပိုက်ဆံတောင်းပြီး ပြန်လွှတ်ပေးလေ့ရှိတယ်” ဟု နမ့်စန်မြို့ ကျားဖြန့် ဖမ်းဆီးမှုကိစ္စနှင့် ပတ်သက်ပြီး ဖြစ်စဉ်သိရှိသူ အသက် ၅၀ အရွယ်ခန့် ၎င်းအမျိုးသားက ပြောသည်။

မိုင်းရှူးမြို့နယ်ကျားဖြန့်ဂိုဏ်း SSPP ဖမ်းဆီး

ယမန်နှစ် ၂၀၂၄ ဇန်နဝါရီလအတွင်းကလည်း စစ်ကောင်စီ ဖမ်းဆီးရမိသည့် ကျားဖြန့်လုပ်ကိုင်သူ တရုတ်လူမျိုး (၁၀၀၀) ကျော်ကို ကားတင်ဆောင်ပြီး နမ့်စန်မြို့ကို ဖြတ်သန်းကာ သျှမ်းပြည် အရှေ့ပိုင်းမှ တဆင့် တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အလားတူ မိုင်းရှူးမြို့နယ်အတွင်း အခြေစိုက်လုပ်ကိုင်နေသည့် ကျားဖြန့်ငွေလိမ်ဂိုဏ်းတစ်ခုကို ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) က မတ်လ (၂၃) ရက်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ရာ တရားမဝင် တရုတ်နိုင်ငံသား အချို့ ဖမ်းဆီး ရမိခဲ့ကြောင်း SSPP Info မှ သတင်းထုတ်ပြန်ထားသော်လည်း ဖမ်းဆီးရမိခဲ့သူ အရေအတွက်ကို ဖော်ပြထားခြင်း မရှိပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဒီဂျစ်တယ်ထောင်ချောက်နှင့် နယ်စပ်ဖြတ်ကျော် ငွေလိမ်ဂိုဏ်းများ

0
မိမိ၏ ဘဏ်အကောင့်ထဲသို့ အမည်မသိဘဲ ဝင်လာသည့် ငွေလွဲတခုသည် ဘဝတစ်သက်တာ စုဆောင်းငွေများကို မိနစ်ပိုင်းအတွင်း ပျောက်ကွယ်သွားစေနိုင်ရုံသာမက အပြစ်မဲ့ပြည်သူတဉီးဘဝကနေ တရားခံတဉီးအဖြစ်သို့ ဥပဒေကြောင်းအရ အရေးယူခံရစေနိုင်သည့် ဒီဂျစ်တယ်ထောက်ချောက်တခု ဖြစ်လာနေသည်။ လက်ရှိတွင် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားများနှင့် သျှမ်းပြည်တွင်းရှိ အသေးစားစီးပွားရေး လုပ်ငန်းရှင်များသည် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များ၏ နည်းပညာသုံး...

“အမြစ်ပြတ်ရှင်းလင်းခြင်း” ယုံတမ်းစကား – မြန်မာ့ကျားဖြန့်အင်ပါယာ နှင့် မြေအောက်နိုင်ငံတော်

0
ကျားဖြန့်နှင့် ငွေလိမ်လုပ်ငန်းများအကြောင်း သျှမ်းသံတော်ဆင့် (Shan Herald Agency for News) နှင့် ခေတ်သစ်မီဒီယာတို့၏ လတ်တလော အစီရင်ခံစာများသည် သတင်းခေါင်းကြီးပိုင်းများ ဖြစ်လာခဲ့သည်။ ကျားဖြန့်ကို အမြစ်ပြတ်ချေမှုန်းလိုက်ပြီဆိုသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) ၏ ပြောကြားချက်သည် ယုံကြည်နိုင်မည်လား သို့မဟုတ် တရုတ်နိုင်ငံက...

မူဆယ်တွင် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် ၃၁ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၈ ဦးအပါအဝင် စုစုပေါင်း ၃၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) မနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်ရှိ နေအိမ်တအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ...

၁၀၂၇ စစ်ဆင်ရေးအပြီး သျှမ်းပြည်အတွင်းပိုင်းသို့ ကျားဖြန့်ဂိုဏ်းများ အလုံးအရင်း ပျံ့နှံ့လာ

0
မြန်မာ-တရုတ်နယ်စပ်တစ်လျှောက် အခြေစိုက်ခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) ဂိုဏ်းများသည် “၁၀၂၇ စစ်ဆင်ရေး” အပြီးတွင် နယ်စပ်ဒေသများမှတစ်ဆင့် သျှမ်းပြည် အတွင်းပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများသို့ အလုံးအရင်းဖြင့် ပျံ့နှံ့ရွှေ့ပြောင်းလာကြောင်း စုံစမ်းသိရှိရသည်။ စစ်ကော်မရှင်၏ ဝါဒဖြန့် မြန်မာ့အလင်းသတင်းစာပါ ထုတ်ပြန်ချက်များအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လ ၂၇...

မူဆယ် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါ လူ ၂၀ ဦး ထပ်မံ ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားတစ်ဦး အပါအဝင် လူ ၂၀ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၂၃ ရက်) တွင် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ကောင်းမူးလွယ်နယ်မြေရှိ နေအိမ်တလုံးကို လုံခြုံရေးပူးပေါင်းအဖွဲ့များက...