ဒီဂျစ်တယ်ထောင်ချောက်နှင့် နယ်စပ်ဖြတ်ကျော် ငွေလိမ်ဂိုဏ်းများ

မိမိ၏ ဘဏ်အကောင့်ထဲသို့ အမည်မသိဘဲ ဝင်လာသည့် ငွေလွဲတခုသည် ဘဝတစ်သက်တာ စုဆောင်းငွေများကို မိနစ်ပိုင်းအတွင်း ပျောက်ကွယ်သွားစေနိုင်ရုံသာမက အပြစ်မဲ့ပြည်သူတဉီးဘဝကနေ တရားခံတဉီးအဖြစ်သို့ ဥပဒေကြောင်းအရ အရေးယူခံရစေနိုင်သည့် ဒီဂျစ်တယ်ထောက်ချောက်တခု ဖြစ်လာနေသည်။

လက်ရှိတွင် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားများနှင့် သျှမ်းပြည်တွင်းရှိ အသေးစားစီးပွားရေး လုပ်ငန်းရှင်များသည် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များ၏ နည်းပညာသုံး လိမ်လည်မှုများကြောင့် ငွေကြေးဆုံးရှုံးရုံသာမက ဥပဒေကြောင်းအရပါ တရားစွဲဆိုခံနေရကြောင်း သျှမ်းသံတော်ဆင့်မှ စုံစမ်းသိရသည်။

ဘန်ကောက်မြို့ရှိ စားသောက်ဆိုင်တခုတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သားတဉီး၏ ဘဏ်အကောင့်ထဲသို့ အမည်မသိသူများက ငွေလွှဲခိုင်းခဲ့ခြင်းကြောင့် လက်ရှိတွင် ထိုင်းရဲစခန်း၌ အမှုတွဲ ၄ ခုဖြင့် တရားစွဲဆိုခံထားရကြောင်း သိရသည်။

၎င်း၏ ဘဏ်အကောင့်ထဲရှိ ဘတ် ၂ သိန်းခန့်မှာလည်း ပိတ်သိမ်းခံထားရသည်ဟု ဆိုသည်။

“ကျနော်က ဘာမှမလုပ်ဘဲ တရားခံလို စွပ်စွဲခံနေရတာ။ ပိုက်ဆံတွေက ဘဏ်ထဲမှာ သိမ်းထားတော့ ထုတ်မရ၊ သုံးမရနဲ့ ကျနော့်ဘဝက သုညကနေ ပြန်စနေရသလိုပဲ” ဟု ၎င်းအမျိုးသားက ဆိုသည်။

လိမ်လည်သူများသည် အခြားသူတဉီးကို လိမ်လည်ကာ ရရှိလာသော ငွေများအနက် ထိုင်းဘတ်ငွေ ၇ သောင်းကို အဆိုပါအမျိုးသား၏ အကောင့်ထဲသို့ လွှဲခိုင်းခဲ့ခြင်းဖြစ်ပြီး ယခုအခါ ၎င်းသည် အလုပ်အကိုင်နှင့် နေထိုင်ခွင့်ပါ ထိခိုက်လာနိုင်သည့် အခြေအနေသို့ ဆိုက်ရောက်နေကြောင်း ၎င်းက ဆိုသည်။

အလားတူ ဖြစ်စဉ်မျိုးကို သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့တွင် ဆေးပေးခန်းဖွင့်လှစ်ထားပြီး ငွေလွှဲဝန်ဆောင်မှုပါ တွဲဖက်လုပ်ကိုင်သူ အမျိုးသမီးတစ်ဦးလည်း ကြုံတွေ့ခဲ့ရသည်။

လိမ်လည်သူများသည် ဆိုရှယ်မီဒီယာပေါ်တွင် သျှမ်းအမည်များနှင့် ရုပ်ပုံများကို အသုံးပြုကာ အကောင့်တုများဖြင့် လူများကို လိမ်လည်နေကြခြင်း ဖြစ်သည်။

“သူတို့က AI နဲ့ လုပ်ထားတဲ့ ဘေလ်အတုတွေ ပို့တယ်။ ကျမတို့ဆီက ကျပ်ငွေ လာယူသွားကြတယ်။ ပစ္စည်းမရတဲ့သူတွေက တိုင်တဲ့အခါ ကျမတို့ဘဏ်တွေ ကျားဖြန့်နဲ့ ပတ်သက်တယ်ဆိုပြီး အပိတ်ခံရတာ” ဟု သူမက ဆိုသည်။

လိမ်လည်သူများသည် တိုင်းရင်းသားအချင်းချင်း ယုံကြည်မှုကို အလွဲသုံးစားလုပ်ကာ အပြစ်မဲ့သူများကို အသုံးချနေခြင်း ဖြစ်ကြောင်း ၎င်း ဆိုသည်။

ထို့အပြင် ယခုရက်ပိုင်းအတွင်း Viber မှတစ်ဆင့် “ပြောစရာတစ်ခုရှိလို့” သို့မဟုတ် “ငွေအများကြီးရလိုက်တယ်” ဆိုသည့် မက်လုံးပေးစာများ ပေးပို့ကာ လင့်ခ် (Link) များ နှိပ်ခိုင်းသည့် နည်းလမ်းဖြင့် KPay နှင့် Wave Pay အကောင့်များကို ဖောက်ထွင်းခိုးယူသည့် ဖြစ်စဉ်များလည်း များပြားလာသည်။

ကျောင်းသားလူငယ်များကိုလည်း ပညာသင်ဆု (Scholarship) နှင့် ချေးငွေအတုများဖြင့် ပစ်မှတ်ထားကာ အချက်အလက်ခိုးယူခြင်းနှင့် ဝန်ဆောင်ခ အဆင့်ဆင့် တောင်းယူခြင်းများ လုပ်ဆောင်နေကြသည်။

“အခုက သူငယ်ချင်းအချင်းချင်းတောင် သိပ်ယုံလို့မရတော့ဘူး။ ကိုယ်နဲ့ အရမ်းမရင်းနှီးရင် အယုံမလွယ်ဖို့ လိုတယ်” ဟု လူငယ်တစ်ဦးက သတိပေးသည်။

မြန်မာ-တရုတ်နယ်စပ်တစ်လျှောက် အခြေစိုက်ခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) ဂိုဏ်းများသည် “၁၀၂၇ စစ်ဆင်ရေး” အပြီးတွင် နယ်စပ်ဒေသများမှတဆင့် သျှမ်းပြည်အတွင်းပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများသို့ အလုံးအရင်းဖြင့် ပျံ့နှံ့ရွှေ့ပြောင်းလာကြောင်း သိရသည်။

အထူးသဖြင့် သျှမ်းပြည်တောင်ပိုင်းရှိ ကွန်ဟိန်း၊ လဲချားနှင့် နမ့်စန်မြို့နယ်များအပြင် ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့သည်လည်း ကျားဖြန့်ဂိုဏ်းများ၏ ခိုလှုံရာ ဗဟိုချက်သစ်တခု ဖြစ်လာသည်။

စစ်ကော်မရှင်၏ ထုတ်ပြန်ချက်များအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လ ၂၇ ရက်အထိ (၈) လခန့်ကာလအတွင်း သျှမ်းပြည်တခွင်တွင် ကျားဖြန့်လုပ်ငန်းနှင့် ဆက်စပ်၍ ဖမ်းဆီးရမိမှုပေါင်း (၄၆) မှုရှိခဲ့ပြီး၊ ဖမ်းဆီးရမိသူ ၂,၄၀၀ ကျော်အထိ ရှိလာခဲ့သည်။

ယင်းတို့အနက် တရုတ်နိုင်ငံသား ၂,၀၀၀ ကျော်အပြင် မြန်မာ၊ ဗီယက်နမ်၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ထိုင်ဝမ်နိုင်ငံသားများလည်း ပါဝင်နေသည်။

အွန်လိုင်းလိမ်လည်မှုများသည် ပိုမိုနက်ရှိုင်းပြီး ရှုပ်ထွေးသော နည်းလမ်းများကို အသုံးပြုလာနေသဖြင့် ပြည်သူများအနေဖြင့် မည်သည့်အကြောင်းပြချက်ဖြင့်မဆို မိမိ၏ ဘဏ်အကောင့်နံပါတ်ကို သူစိမ်းများအား မပေးရန်၊ Viber နှင့် ဆိုရှယ်မီဒီယာမှ မသင်္ကာဖွယ် လင့်ခ်များကို လုံးဝ (လုံးဝ) မနှိပ်ရန်၊ ငွေလွဲလက်ခံရာတွင် လွဲလာသူ၏ အမည်နှင့် လူကိုယ်တိုင် လာယူသူ၏ အမည်ကို သေသေချာချာ တိုက်စစ်ရန် လိုအပ်သည်။

ထို့အပြင် ဘဏ် Slip စာရွက်ကိုသာမက Bank App ထဲတွင် ငွေတကယ်ဝင်မဝင်ကို အမြဲစစ်ဆေးရန်နှင့် အွန်လိုင်းပေါ်မှ ပညာသင်ဆုနှင့် အလုပ်အကိုင် ကမ်းလှမ်းချက်များကိုလည်း သေသေချာချာ စုံစမ်းစိစစ်ပြီးမှသာ လုပ်ဆောင်ကြပါရန် နည်းပညာကျွမ်းကျင်သူများက တိုက်တွန်းထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင် အိမ်ယာတစ်ခုအတွင်း တရုတ်ငွေလိမ်ဂိုဏ်း တစ်ခုဖမ်းမိ

0
ချင်းမိုင်၊ ဆာရဖီ (Saraphi) မြို့နယ် အတွင်းရှိ အိမ်ယာ တစ်ခုအတွင်း အခြေစိုက်၍ ထိုင်းနိုင်ငံအတွင်း၌ တရားမဝင် အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်ကျားဖြန်းဂိုဏ်းခွဲတစ်ခုကို အာဏာပိုင်များက အရေးပေါ် ဝင်ရောက်စီးနင်း နှိမ်နင်းခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ချင်းမိုင်ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်များအရ ယနေ့ (ဇွန်လ ၈) ရက်တွင် အာဏာပိုင်များသည်...

မြန်မာနိုင်ငံရှိ Tai Chang ငွေလိမ်ဂိုဏ်းအား ဖော်ထုတ်ပေးနိုင်ပါက အမေရိကန်ဒေါ်လာ ၁၀ သန်း ဆုကြေးပေးမည်ဟု ကြေညာ

0
မြန်မာနိုင်ငံအတွင်း အခြေစိုက်သည့် "တိုင်းချန်" (Tai Chang) အွန်လိုင်းငွေလိမ်စင်တာများနှင့် ဆက်နွှယ်နေသော ငွေကြေးခဝါချမှုများကို ဖော်ထုတ်နိုင်ရန် သတင်းပေးနိုင်သူအား အမေရိကန်ဒေါ်လာ ၁၀ သန်းအထိ ဆုကြေးပေးမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအောက်ရှိ နိုင်ငံတကာ မူးယစ်ဆေးဝါးနှင့် ဥပဒေစိုးမိုးရေးဆိုင်ရာ ဗျူရို (INL) က ထုတ်ပြန်ကြေညာသည်။ ယနေ့ (ဧပြီလ ၂၄...

တနှစ်ကျော် ဖမ်းဆီးခံထားရသည့် မူဆယ် ကျားဖြန့်သမား (၆၀၀) ကျော် ပြန်လွှတ်လာ

0
သျှမ်းပြည် မူဆယ်မြို့တွင် စစ်ကောင်စီတပ်နှင့် လက်အောက်ခံရဲတပ်ဖွဲ့တို့ တစ်နှစ်ကျော်ကာလအတွင်း ဖမ်းဆီးထားသည့် ကျားဖြန်လုပ်ကိုင်သူ (၆၀၀)ကျော်ကို ယနေ့ (အောက်တိုဘာ ၁၆)ရက်တွင် ပြန်လွှတ်ပေးကြောင်းသတင်းရရှိသည်။ ထိုပြန်လွှတ်လာသည့် ကျားဖြန်သမားများသည် ပြီးခဲ့သည့် ၂၀၂၄ နှစ်အစပိုင်း နှင့် နှစ် လယ်ပိုင်းတွင် စစ်ကောင်စီတပ်သားနှင့် ရဲတပ်ဖွဲ့တို့က ဖမ်းဆီးထားသူများဖြစ်သည်။ “အခုပြန်လွှတ်လာတဲ့သူတွေက မြန်မာနိုင်ငံသားတွေပါပဲ။ တခါလွှတ်ရင်...

နမ့်စန်မြို့တွင် ထိန်းသိမ်းထားသည့် ကျားဖြန့် (၇၀၀) ကျော်ကို ပြည်သူများ ထမင်းထုပ်သွားဝေနေရ

0
သျှမ်းပြည်တောင်ပိုင်းတကြောရှိ အွန်လိုင်းကျားဖြန့် ငွေလိမ်ဂိုဏ်းများကို စစ်ကောင်စီမှ ယခုရက်ပိုင်း အသည်းအသန် ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ မတ် ၂၂ ရက်မှ စတင်ပြီး စစ်ကောင်စီတပ်ဖွဲ့မှ ကျေးသီး၊ နမ့်စန်၊ ခိုလမ်နှင့် လဲချားမြို့နယ်အတွင်း အွန်လိုင်းကျားဖြန့် ငွေလိမ်ဂိုဏ်းများကို အသည်းအသန် ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ ကျားဖြန့်လုပ်ကိုင်သူ (၇၀၀)...

ငွေလိမ်ဂိုဏ်းနှင့် ပတ်သက်နေသည့် စစ်တပ် ဘက်တော်သားများအား ပြတ်ပြတ်သားသား အရေးယူမည်ဟု စစ်ခေါင်းဆောင် ဆို

0
တရားမဝင် အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းတွင် နယ်မြေအလိုက် တာဝန်ရှိသည့် စစ်တပ် ဘက်တော်သားများ ပတ်သက်နေမှုရှိပါက ထိရောက်စွာ အရေးယူမည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သတိပေး ပြောဆိုလိုက်သည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၃ ရက်) နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်စီ လုပ်ငန်းညှိနှိုင်း...