တနှစ်ကျော် ဖမ်းဆီးခံထားရသည့် မူဆယ် ကျားဖြန့်သမား (၆၀၀) ကျော် ပြန်လွှတ်လာ

သျှမ်းပြည် မူဆယ်မြို့တွင် စစ်ကောင်စီတပ်နှင့် လက်အောက်ခံရဲတပ်ဖွဲ့တို့ တစ်နှစ်ကျော်ကာလအတွင်း ဖမ်းဆီးထားသည့် ကျားဖြန်လုပ်ကိုင်သူ (၆၀၀)ကျော်ကို ယနေ့ (အောက်တိုဘာ ၁၆)ရက်တွင် ပြန်လွှတ်ပေးကြောင်းသတင်းရရှိသည်။

ထိုပြန်လွှတ်လာသည့် ကျားဖြန်သမားများသည် ပြီးခဲ့သည့် ၂၀၂၄ နှစ်အစပိုင်း နှင့် နှစ် လယ်ပိုင်းတွင် စစ်ကောင်စီတပ်သားနှင့် ရဲတပ်ဖွဲ့တို့က ဖမ်းဆီးထားသူများဖြစ်သည်။

“အခုပြန်လွှတ်လာတဲ့သူတွေက မြန်မာနိုင်ငံသားတွေပါပဲ။ တခါလွှတ်ရင် အယောက် ၄၀ ယောက်ရှိမယ်။ ရဲစခန်းကနေ လမ်းလျှောက်ထွက်လာတာ။ ပြောတာတော့ ၆၀၀ကျော် လွှတ်မယ်လို့သိရတယ်” ဟု မူဆယ်မြို့ ဒေသခံ အမျိုးသားတစ်ဉီး ပြောသည်။

ယနေ့ (အောက်တိုဘာ ၁၆)ရက် အချုပ်ထဲမှ ထွက်လာသည့် ကျားဖြန့်သမားအချို့သည် တနှစ်ကျော် ချုပ်နှောင်ခံရပြီး၊ အချို့သည် ရှစ်လခန့်သာ ချုပ်နှောင်ခံရကြောင်းသိရသည်။

ထိုအွန်လိုင်းကျားဖြန့် ငွေလိမ်ဂိုဏ်းတွင် အလုပ်လုပ်ကိုင်သူများသည့် မူဆယ်မြို့ရှိ ရဲစခန်းတွင် ၁ နှစ် ကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံထားရသူများဖြစ်ကြောင်း ဟု မူဆယ်မြို့နယ် ဒေသခံအမျိုးသား တစ်ဦးက ဆက်ပြောသည်။

Drug banner

ပြီးခဲ့သည့် ၂၀၂၄ခုနစ် လယ်ပိုင်းတွင် တရုတ်အစိုးရ၏ ဖိအားကြောင့် စစ်ကောင်စီ နှင့် လက်အောက်ခံ ရဲတပ်ဖွဲများက မူဆယ်မြိုနယ်ရှိ ရပ်ကွက်တော်တော်များများကို ဝင်ရောက်စစ်ဆေးကာ အွန်လိုင်း ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူ များကိုလည်း ဖမ်းဆီးရမိခဲ့သည်။

သို့သော်လည်း ကျားဖြန့်လုပ်ငန်းသည် မူဆယ်မြို့တွင် ပပျောက်သွားခြင်းမရှိဘဲ ယနေ့အချိန်ထိ ဆက်လက်လုပ်ကိုင် နေဆဲဟု ဒေသခံများပြောသည်။

“ ကျားဖြန့်က ဘယ်လောက်ဖမ်းဖမ်း ဆက်ပြီးလုပ်နေတာပဲ။ အခုလည်း ပုံမှန်လုပ်နေပါတယ်။” ဟု မူဆယ်မြို့အသက် ၄၀အရွယ် အမျိုးသားတစ်ဉီးက ပြောသည်။

မူဆယ်မြို့သည် စစ်ကော်မရှင် ထိန်းချုပ်ထားသည့် နယ်မြေဖြစ်ပြီး၊ ကျားဖြန့်လုပ်ငန်းကို စစ်ကော်မရှင်၏လက်အောက်ခံ ပြည်သူ့စစ်များ အကာအကွယ်ပေးနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဒီဂျစ်တယ်ထောင်ချောက်နှင့် နယ်စပ်ဖြတ်ကျော် ငွေလိမ်ဂိုဏ်းများ

0
မိမိ၏ ဘဏ်အကောင့်ထဲသို့ အမည်မသိဘဲ ဝင်လာသည့် ငွေလွဲတခုသည် ဘဝတစ်သက်တာ စုဆောင်းငွေများကို မိနစ်ပိုင်းအတွင်း ပျောက်ကွယ်သွားစေနိုင်ရုံသာမက အပြစ်မဲ့ပြည်သူတဉီးဘဝကနေ တရားခံတဉီးအဖြစ်သို့ ဥပဒေကြောင်းအရ အရေးယူခံရစေနိုင်သည့် ဒီဂျစ်တယ်ထောက်ချောက်တခု ဖြစ်လာနေသည်။ လက်ရှိတွင် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားများနှင့် သျှမ်းပြည်တွင်းရှိ အသေးစားစီးပွားရေး လုပ်ငန်းရှင်များသည် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များ၏ နည်းပညာသုံး...

“အမြစ်ပြတ်ရှင်းလင်းခြင်း” ယုံတမ်းစကား – မြန်မာ့ကျားဖြန့်အင်ပါယာ နှင့် မြေအောက်နိုင်ငံတော်

0
ကျားဖြန့်နှင့် ငွေလိမ်လုပ်ငန်းများအကြောင်း သျှမ်းသံတော်ဆင့် (Shan Herald Agency for News) နှင့် ခေတ်သစ်မီဒီယာတို့၏ လတ်တလော အစီရင်ခံစာများသည် သတင်းခေါင်းကြီးပိုင်းများ ဖြစ်လာခဲ့သည်။ ကျားဖြန့်ကို အမြစ်ပြတ်ချေမှုန်းလိုက်ပြီဆိုသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) ၏ ပြောကြားချက်သည် ယုံကြည်နိုင်မည်လား သို့မဟုတ် တရုတ်နိုင်ငံက...

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

မူဆယ် ၁၀၅ မိုင် ညီနောင်မဟာမိတ်စစ်ဆေးရေးဂိတ်အနီး ကားရပ်မပေးသည့် ယာဉ်မောင်းတစ်ဦး သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့် ယာဉ်မောင်းအမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၉ ရက်) နေ့လယ် ၁ နာရီကျော်တွင် မူဆယ်မြို့နှင့် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကြား နမ့်ပန်းရွာအနီးရှိ ညီနောင်မဟာမိတ်တပ်...

မူဆယ်တွင် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် ၃၁ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၈ ဦးအပါအဝင် စုစုပေါင်း ၃၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) မနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်ရှိ နေအိမ်တအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ...