နမ့်စန်မြို့တွင် စစ်မှုထမ်းရန်အတွက် လိုက်လံဖမ်းဆီးပြီး ကျိုင်းတုံစစ်သင်တန်းသို့ ပို့ဆောင် 

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် စစ်မှုထမ်းရန်အတွက် မူးယစ်ဆေးသုံးစွဲသူနှင့် ဂိမ်းကစားရုံ ဂိမ်းဆော့နေသူများကို လိုက်လံဖမ်းဆီးကာ ကျိုင်းတုံစစ်သင်တန်းသို့ ပို့ဆောင်ကြော်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် (ဒီဇင်ဘာလ ပထမပတ် )နေ့မှစပြီး ယနေ့ (ဒီဇင်ဘာလ ၂၄ ရက်)အထိ နမ့်စန်မြို့တွင် မူးယစ်ဆေးဝါးသုံးစွဲသူနှင့် ငါးဂိမ်းရုံတွင် ဂိမ်းကစားနေသူများကို တံခါးပိတ်ပြီး ဖမ်းဆီးသွားပြီး၊ ဖမ်းဆီးရမိသူ ၂၀ ဦးထက်မနည်း ရှိကြောင်း နမ့်စန်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပြောရမယ်ဆို ဒီလမှာ ဖမ်းဆီးမှုတွေ ရှိလာတယ်။ ဖမ်းမိတာ တော်တော်တော့များတယ်။ ၁၀ ယောက်တောင်မကဘူး။ ဘာလိုဆို လမ်းဘေးက ဆေးသမားတွေ၊ ငါးဂိမ်းရုံတွေမှာ ဝင်ဖမ်းတာ နည်းတာမဟုတ်ဘူး။ ဟိုနေ့က ၅ယောက်ကို ဖမ်းပြီး ပို့တယ်ဆိုတာက ဆူပူသောင်းကျန်းတာမို့ သွားပို့တယ်လို့ ပြောတယ်”ဟု ၎င်းက ပြောသည်။

ကျိုင်းတုံသို့ ပို့ခံရသည် ဒေသခံ ၅ ဦးသည် နမ့်စန်မြို့နယ် အမှတ် ၃ ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး၊ ရပ်ကွက်တွင် ဆူပူသောင်းကျန်း ပြုလုပ်ခြင်းကြောင်း ရပ်ကွက် ဥက္ကဌ ဦးထွန်း၊ ထွေအုပ်စာရေးဝန်ထမ်း ဦးကျော်မိုးဝင်းနှင့် စစ်ကောင်စီ ရဲလက်အောက်ခံတို့က သွားရောက်ဖမ်းဆီးသွားကြောင်း အသက် ၄၀ ရှိ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အပြင် ကျိုင်းတုံသို့ ပို့ခံရသည့် ၅ ဦးသည် စစ်သင်တန်း အပတ်စဉ်(၈) ဖြစ်ပြီး၊ နမ့်စန်မြို့တွင် ဖမ်းဆီးမှုပိုမိုတင်းကြပ်လာခြင်းကြောင်း လူငယ်အများစုသည် ပြင်ပသို့ ထွက်ခွာသူနှင့်  နမ့်စန်ပြည်သူစစ်ထဲတွင်လည်း အများဆုံးရောက်ရှိနေသည်ဟု ၎င်းက ဆက်ပြောသည်။

“အခုလိုဖမ်းသွားတာက တိုင်တဲ့သူရှိလို့ လာဖမ်းသွားတာ။ ဒီတိုင်းပဲ ဆူညံရုံလောက်ပဲဖြစ်ကြတယ်။ အရင်ကတည်းက လူငယ်တော်တော်များများက ပြည်သူစစ်ထဲကို ဝင်ကြတာ။ တချိ့လည်း ပြင်ပထွက်ကြတယ်။ ပြည်သူစစ်ထဲဝင်ရင် စစ်မှုမထမ်းရဘူးလည်း ပြောသေးတယ် ဖမ်းတာလည်း သူတို့ပဲ။ ညဘက်ကို ပိုဖမ်းတော့ အပြင်တောင် သိပ်မထွက်ရဲကြတော့ဘူး”ဟု ၎င်းက ပြောသည်။

လက်ရှိ နမ့်စန်မြို့ရှိ ဒေသခံများသည် ညအချိန် အပြင်ထွက်ရန် ပိုမို စိုးရိမ်နေရ ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်တွင် စစ်ကောင်စီတပ်က ပြည်သူ့စစ်မှုထမ်းဥပဒေကို အတင်းအကြပ် ပြဋ္ဌာန်းလိုက်ပြီးနောက်ပိုင်း နမ့်စန်မြို့နယ်အတွင်း စစ်ကောင်စီတပ်ထံ စစ်မှုမထမ်းလိုသည့် လူငယ်များသည် ဒေသခံပြည်သူ့စစ်အဖွဲ့များထံ ဝင်ရောက်မှုများ ရှိလာကြောင်း နမ့်စန်မြို့နယ် ဒေသခံများက ပြောသည်။ 

နမ့်စန်မြို့နယ်တွင် စစ်ကောင်စီ လက်အောက်ခံ SSS (မဟာဂျာ) ပြည်သူ့စစ်၊ မက်ကျန်း ပြည်သူ့စစ် နှင့် နားရိုင်းပြည်သူ့စစ် အဖွဲ့များလည်း လှုပ်ရှားနေပြီး နမ့်စန်လေတပ်စခန်းနှင့် စစ်ကောင်စီတပ်၏ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် (ရလခ) လည်း ခိုလမ်မြို့တွင် အခြေစိုက်ထားသည်။ 

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်စန် မတ်ကျန်းပြည်သူ့စစ်နယ်မြေ KBZ ဘဏ်ခွဲ ဦးအောင်ကိုဝင်း ကိုယ်တိုင်ဖွင့်လှစ်ပေးခဲ့

0
သျှမ်းပြည် နမ့်စန်မြို့နယ် ပန်လျန်းဆိုင်ဒေသရှိ မတ်ကျန်းပြည်သူ့စစ် ထိန်းချုပ်နယ်မြေထဲ KBZ Bank ကမ္ဘောဇဘဏ်ခွဲတစ်ခုကို ဦးအောင်ကိုဝင်း ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၀ ရက်) နံနက်ပိုင်းတွင် နမ့်စန်မြို့နယ်ရှိ မတ်ကျန်းဌာနေပြည်သူ့စစ် ထိန်းချုပ်ရာ ပန်လျန်းဆိုင်ဒေသ ပန်လင်းကျေးရွာ၌ ကမ္ဘောဇဘဏ်လီမိတက်မှ KBZ Bank...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...