စစ်မှုထမ်းရန်
လင်းခေးမြို့နယ် စစ်ကောင်စီမှ စစ်မှုထမ်းရန် ဆင့်ခေါ်နေ
သျှမ်းပြည် လင်းခေးမြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာများက ပထမအကြိမ် ပြည်သူ့စစ်မှုထမ်းရန် ဆင့်ခေါ်မှုများရှိလာကြောင်း စုံစမ်းသိရသည်။ မတ်လ ပထမပတ်မှ စတင်၍ လင်းခေးမြို့နယ်အတွင်း စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာများမှ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ကို ခေါ်ယူပြီး အစည်းအဝေးပြုလုပ်ကာ ပြည်သူ့စစ်မှုထမ်း စတင်ကောက်ယူမည်ဟု ပြောဆိုခဲ့ကြောင်း လင်းခေးမြို့ ဒေသခံ...
နမ့်စန်မြို့တွင် စစ်မှုထမ်းရန်အတွက် လိုက်လံဖမ်းဆီးပြီး ကျိုင်းတုံစစ်သင်တန်းသို့ ပို့ဆောင်
SHAN -
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် စစ်မှုထမ်းရန်အတွက် မူးယစ်ဆေးသုံးစွဲသူနှင့် ဂိမ်းကစားရုံ ဂိမ်းဆော့နေသူများကို လိုက်လံဖမ်းဆီးကာ ကျိုင်းတုံစစ်သင်တန်းသို့ ပို့ဆောင်ကြော်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (ဒီဇင်ဘာလ ပထမပတ် )နေ့မှစပြီး ယနေ့ (ဒီဇင်ဘာလ ၂၄ ရက်)အထိ နမ့်စန်မြို့တွင် မူးယစ်ဆေးဝါးသုံးစွဲသူနှင့် ငါးဂိမ်းရုံတွင် ဂိမ်းကစားနေသူများကို တံခါးပိတ်ပြီး ဖမ်းဆီးသွားပြီး၊ ဖမ်းဆီးရမိသူ...
စစ်မှုထမ်းရန် အသက်ကျော်လွန်သည့် အမျိုးသားများအား ပြည်သူ့စစ်အဖြစ် ပစ်မှတ်ထား စုဆောင်းဖို့ စစ်ကောင်စီ ညွှန်ကြား
SHAN -
စစ်ကောင်စီ အသက်သွင်းထားသည့် ပြည်သူ့စစ်မှုထမ်း ဥပဒေအရ အသက်ကျော်လွန် အကျုံးမဝင်တော့သည့် အမျိုးသားများအား သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်/ကျေးရွာများတွင် ပြည်သူ့စစ်အဖြစ် ပစ်မှတ်ထား ဦးစားပေး စုဆောင်းရန် စစ်ကောင်စီက ညွှန်ကြားထားကြောင်း စစ်ရေး သတင်းရင်းမြစ်က ယနေ့ (ဖေဖော်ဝါရီ ၂၉ ရက်) တွင် ပြောသည်။ “ပြည်သူ့စစ်မှုထမ်း...
တောင်ကြီးမြို့တွင် စစ်မှုထမ်းရန်အတွက် အိမ်ထောင်စုစာရင်း ကောက်ခံမည်
သျှမ်းပြည် တောင်ကြီးမြို့တွင် စစ်ကောင်စီထံ စစ်မှုထမ်းရန်အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ဦးဆောင်ပြီး အိမ်ထောင်စုစာရင်း လိုက်လံကောက်ခံသွားမည်ဖြစ်ကြောင်း ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရသည်။ စစ်ကောင်စီ အသိုင်းအဝန်းများနေထိုင်သည့် တောင်ကြီးမြို့ စိန်ပန်းရပ်ကွက်၊ ရွှေတောင်ရပ်ကွက်၊ ချမ်းမြ သာစည် ရပ်ကွက်များတွင် စတင်ကောက်ခံသွားမည်ဖြစ်ပြီး ပြဋ္ဌာန်းထားသော အသက်အရွယ်အလိုက် ကောက်ခံသွားမည် ဖြစ်ကြောင်း တောင်ကြီးမြို့ဒေသခံတစ်ဦးက...





