စစ်မှုထမ်းရန် အသက်ကျော်လွန်သည့် အမျိုးသားများအား ပြည်သူ့စစ်အဖြစ် ပစ်မှတ်ထား စုဆောင်းဖို့ စစ်ကောင်စီ ညွှန်ကြား

စစ်ကောင်စီ အသက်သွင်းထားသည့် ပြည်သူ့စစ်မှုထမ်း ဥပဒေအရ အသက်ကျော်လွန် အကျုံးမဝင်တော့သည့် အမျိုးသားများအား သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်/ကျေးရွာများတွင် ပြည်သူ့စစ်အဖြစ် ပစ်မှတ်ထား ဦးစားပေး စုဆောင်းရန် စစ်ကောင်စီက ညွှန်ကြားထားကြောင်း စစ်ရေး သတင်းရင်းမြစ်က ယနေ့ (ဖေဖော်ဝါရီ ၂၉ ရက်) တွင် ပြောသည်။

“ပြည်သူ့စစ်မှုထမ်း ဥပဒေက စစ်တပ်မှာ တာဝန်ထမ်းဆောင်ရမှာ။ ပြည်သူ့စစ်၊ အရပ်အခေါ် ပျူစောထီးပေါ့၊ သူကတော့ ရပ်ရွာ လုံခြုံရေး ခေါင်းစဥ်နဲ့သွားတာ မတူဘူး။ ပြည်သူစစ်က အသက်အရွယ် ကန့်သတ်တာ တိတိကျကျ မရှိဘူး။ ကျန်းမာရေး ကောင်းတယ်ဆို ဆွဲထည့်လို့ ရတယ်ပေါ့” ဟု စစ်ရေး သင်းရင်းမြစ်က ရှင်းပြသည်။

လက်ရှိ နိုင်ငံတ၀ှမ်း စစ်ကောင်စီက ဒေသအလိုက် ပြည်သူ့စစ်များ အလျင်စလို ဖွဲ့စည်းပြီး လက်နက် တပ်ဆင်နေရာ စစ်မှုထမ်းရန် အကြုံးမဝင်သည့် အမျိုးသားများ ဦးစားပေး ရွေးချယ် တာဝန်ပေးရန် ညွှန်ကြားထားခြင်း ဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့ ပြည်သူ့ကာကွယ်တပ်မတော် (PDF) ၏ တိုက်ခိုက်မှုများကို တန်ပြန်ရန် ၂၀၂၂ ခုအတွင်းက စတင်ပြီး ဒေသအလိုက် ပြည်သူ့စစ်များ စတင်ဖွဲ့စည်းလာပြီး စစ်ကောင်စီက စစ်သင်တန်း ပေးနေသည်မှာ ယနေ့တိုင် ဖြစ်သည်။

လက်ရှိ တိုက်ပွဲ ပြင်းထန်နေသည့် ဒေသများရှိ ပြည်သူစစ်များကို စစ်ကောင်စီက လက်နက်များ ထုတ်ပေးနေရာ ယခုလအတွင် သျှမ်းတောင် အခြေစိုက် ပအိုဝ်းပြည်သူ့စစ် (PNO/PNA) ကို စစ်တပ်က လက်နက် အများအပြား ထုတ်ပေးခဲ့သည်။

ပြည်သူ့စစ် မဟာဗျူဟာ ဆိုသည်မှာ စစ်တပ်၊ အုပ်ချုပ်ရေးယဣ္တရား၊ ဌာနဆိုင်ရာများ၊ ပရဟိတ အပါအဝင် အသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ စသည်ဖြင့် နိုင်ငံအတွင်းရှိ အဖွဲ့စုံ ကွန်ရက် သဖွယ်ချိတ်ဆက်၍ သတင်းစုဆောင်းကာ ဘက်ပေါင်းစုံမှ ဝိုင်းဝန်းချေမှုန်းသည့် မဟာဗျူဟာဟု စစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

သို့သော် ပြည်သူ့စစ် မဟာဗျူဟာသည် ပြည်ပ ကျူးကျော်မှုကို ရင်ဆိုင်ရချိန် တစ်နိုင်ငံလုံး အမျိုးသားရေး စိတ်ဓါတ် တက်ကြွစွာ ပါဝင်နိုင်သည့် အခြေအနေ အတွက် ရေးဆွဲထားသည့် ဗျူဟာဖြစ်ပြီး ယခုလို ပြည်သူ တစ်ရပ်လုံး စစ်ကောင်စီတပ်ကို မုန်းတီးနေစဥ် အောင်မြင်မှု မရနိုင်ဟု လေ့လာသူများက သုံးသပ်ထားသည်။

ပြည်သူ့စစ်မှုထမ်း ဥပဒေကို စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၂၀၁၀ ခုနှစ်က ပြဋ္ဌာန်းခဲ့ပြီး လက်ရှိ စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်အသက်သွင်းခြင်း ဖြစ်ကာ ယင်းဥပဒေအရ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများနှင့် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများ စစ်မှုထမ်းရမည် ဖြစ်သည်။

ပညာရှင်ဟု သတ်မှတ်ခံရသည့် အမျိုးသားများ အနေဖြင့် အသက် ၁၈ နှစ်မှ ၄၅ နှစ်၊ အမျိုးသမီးများ အနေဖြင့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း စစ်မှုထမ်းရန် တာဝန်ရှိမည် ဖြစ်သည်။

သို့သော် စစ်မှုထမ်းရန် အတွက် အမျိုးသမီးများအား ခေါ်ယူရန် လတ်တလော အစီအစဥ် မရှိသေးဟု စစ်ကောင်စီက ပြင်ဆင် ကြေညာခဲ့သည်။

လာမည့် ဧပြီလတွင် စတင် ခေါ်ယူမည့် ပထမအကြိမ် အတွက် စစ်မှုထမ်းရန် လူငယ် အမျိုးသား ငါးသောင်း ဝန်းကျင် ခေါ်ယူမည်ဟု စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုထားသည်။

လက်ရှိ နိုင်ငံတဝှမ်း လူငယ်လူရွယ်များကို အကြောင်းအမျိုးမျိုးပြကာ စစ်ကောင်စီက ဖမ်းဆီးနေပြီး အတင်းအကျပ် စစ်သား စုဆောင်းနေသည်ဆိုသည့် သတင်းများလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...