လင်းခေးမြို့နယ် စစ်ကောင်စီမှ စစ်မှုထမ်းရန် ဆင့်ခေါ်နေ

သျှမ်းပြည် လင်းခေးမြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာများက ပထမအကြိမ် ပြည်သူ့စစ်မှုထမ်းရန် ဆင့်ခေါ်မှုများရှိလာကြောင်း စုံစမ်းသိရသည်။

မတ်လ ပထမပတ်မှ စတင်၍ လင်းခေးမြို့နယ်အတွင်း စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာများမှ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ကို ခေါ်ယူပြီး အစည်းအဝေးပြုလုပ်ကာ ပြည်သူ့စစ်မှုထမ်း စတင်ကောက်ယူမည်ဟု ပြောဆိုခဲ့ကြောင်း လင်းခေးမြို့ ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒါပထမဆုံးအကြိမ် နာမည်စာရင်းလိုက်ကောက်တာ။ သူတို့ကတော့ နာမည်စာရင်းပါရင် ပါတဲ့ လူမတွေ့ရင်တော့ မိဘတွေကို အသိပေးတယ်”ဟု လင်းခေးမြို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနစ် ဖေဖော်ဝါရီ လဆန်းပိုင်းတွင် စစ်ကောင်စီမှ ပြည်သူ့စစ်မှုထမ်းဉပဒေ ကို ပြဋ္ဌာန်းခဲ့ပြီးနောက် လင်းခေးမြို့နယ် လူငယ်အများစုသည် အခြားပြည်နယ်နှင့် တိုင်းမှ ပြည်သူများနည်းတူ အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ကြသကဲ့သို့ နယ်မြေခံ တိုင်းရင်းသား လက်နက်ကိုင်တပ် အတွင်းသို့ သွားရောက်စစ်မှုထမ်းကြောင်း သိရသည်။

စစ်ကောင်စီ စစ်မှုထမ်း

လက်ရှိ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများသည် ရပ်ကွက်၊ ကျေးရွာအတွင်းသို့ ကွင်းဆင်းပြီး အသက် ၁၈ နှစ်နှင့် အသက် ၄၅နှစ်အရွယ်များကို လိုက်လံ စာရင်းကောက်ခံနေကြောင်း ၎င်းဒေသခံအမျိုးသားက ပြောသည်။

“အခုတော့ လူတွေ စပြီးစာရင်းကောက် လိုက်ရှာနေတာ လူကမရှိဘူး။ ဒီက လူတွေက ထိုင်းဘက်နဲ့ သျှမ်းတပ်တွေထဲ ရောက်ကုန်ပြီ။ လူငယ်တွေ မရှိရင် မရရင်တော့ ဘယ်လို လုပ်မလဲဆိုတာ မသိသေးဘူး” ဟု လင်းခေးမြို့မှ အသက် ၄၀ အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဉီးက ပြောသည်။

စစ်ကောင်စီတပ်မှ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) ကို ၂၀၂၄ ခုနှစ် ဧပြီ ၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ရာ လက်ရှိတွင် သင်တန်းအမှတ်စဉ် (၁၁) အထိ ဖွင့်လှစ်ထားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေ စစ်တပ်နှင့် အုပ်ချုပ်ရေးမှူး ပေါင်းပြီး ဟိုတယ်နှင့် တည်းခိုခန်းထဲထိ ပေါ်တာဆွဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့တွင် စစ်ကော်မရှင်တပ်နှင့် အုပ်ချုပ်ရေးမှူး တို့ ပူးပေါင်း၍ ဟိုတယ်နှင့် တည်းခိုခန်းသို့ လာရောက်တည်းခိုသူများကို ပေါ်တာဆွဲနေကြောင်း သတင်းရရှိသည်။​ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် ညောင်ရွှေမြို့သို့ရောက်လာသည့် ဧည့်သည်အမျိုးသားနှစ်ဉီးကို စစ်ကော်မရှင်တပ်နှင့် အုပ်ချုပ်ရေးမှူးတို့က မနက် အစော တနာရီအချိန်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းဖြစ်စဉ်ကို သိရှိသည့် အမျိုးသားတဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထို့သို့...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

စစ်မှုထမ်းဥပဒေ ကြောင့် နမ့်စန်မြို့နယ် ဒေသခံများ အုပ်ချုပ်ရေးမှူး တာဝန်မထမ်းလို

0
စစ်ကော်မရှင်၏ စစ်မှုထမ်းဥပဒေနှင့် ဆပ်စပ်သည့် ဖိအားကြောင့် နမ့်စန်မြို့နယ်ဒေသခံများ အုပ်ချုပ်ရေးမှူး တာဝန်ယူမထမ်းလိုကြကြောင်း စုံစမ်းသိရသည်။ နမ့်စန်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးများသည် စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး ဒေသခံများကို အသိပေးခြင်း၊ စာရင်းကောက်ယူခြင်း၊ စစ်မှုထမ်းခေါ်ယူမှုတွင်လည်း လိုက်ပါကောက်ခံ ဆောင်ရွက်ရသည်။ ထို စစ်မှုထမ်းကိစ္စကြောင့် ဒေသခံများ၏ မကျေနပ်မှုကို ကြုံတွေ့ရသည့်အပြင်၊ လုံခြုံရေးအန္တရာယ်ကို ခြိမ်းခြောက်ခံလာရသည့်အတွက် စိုးရိမ်နေရကြောင်း...

ပင်းတယတွင် အုပ်ချုပ်ရေးမှူး တစ်ဦး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် စံသီးကုန်း‌ကျေးရွာတွင် အုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန် (၁၃)ရက် ညတွင် စံသီးကုန်းကျေးရွာနေ အသက် (၄၀)ကျော်အရွယ်ရှိ အုပ်ချုပ်ရေးမှူး ဦးကျော်ဇော ဆိုသူကို အမည်မသိ အဖွဲ့တဖွဲ့က လာရောက်သတ်ဖြတ်သွာခဲ့ကြောင်း ပင်းတယမြို့ ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့် ကို...