နမ့်စန် စစ်ကောင်စီမှ သန်းခေါင်စာရင်း ထပ်မံကောက်ယူသည့်အပေါ်အခြေခံပြီး စစ်မှုထမ်းခေါ်မည်ကို စိုးရိမ်နေ

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် စစ်ကောင်စီဝန်ထမ်းများမှ ရပ်ကွက်အတွင်း သန်းခေါင်စာရင်း ထပ်မံကောက်ယူနေသဖြင့် ၎င်းကို အခြေခံကာ စစ်မှုထမ်းခေါ်ယူခံရမည်ကို စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။

ဖေဖော်ဝါရီ (၂၁) ရက်မှ စတင်ပြီး နမ့်စန်မြို့ပေါ် ရပ်ကွက်များတွင် စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ ဝန်ထမ်းများနှင့် ရပ်ကွက်လူကြီးများ လိုက်ပါလျက် တစ်အိမ်တက်ဆင်း အိမ်ထောင်စုစာရင်းပါ လူဦးရေနှင့် အလုပ်အကိုင်တို့ကို မေးမြန်း ကောက်ယူနေကြောင်း သိရသည်။

နမ့်စန်မြို့

နမ့်စန်မြို့ပေါ် စစ်ကောင်စီဝန်ထမ်းများမှ (၅) လအတွင်း သန်းခေါင်စာရင်းကို ဒုတိယအကြိမ် ထပ်မံ ကောက်ခံလာခြင်းကြောင့် ၎င်းသန်းခေါင်စာရင်းကို အခြေခံ၍ စစ်မှုထမ်း ခေါ်ယူခံရမည်ကို စိုးရိမ်နေကြောင်း နမ့်စန်ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီတိုင်း ရုတ်တရက် လိုက်စစ်နေတာ၊ လူဦးရေစာရင်း လိုက်ကောက်တယ်လို့ပဲ ပြောတာ။ ရွေးကောက်ပွဲ အတွက်လား၊ စစ်မှုထမ်းအတွက်လား ဘာအတွက် လိုက်ကောက်တယ်ဆိုတာ သေချာ မသိရဘူး။ အိမ်မှာ လူဘယ်ယောက်နေလဲ၊ ဘာအလုပ်လုပ်လဲ ဘယ်သွားကြလဲ အဲ့လိုတော့ မေးတယ်။ ငါးလအတွင်း ဒီလို သန်းခေါင်စာရင်းလာကောက်တာ ၂ ခါရှိပြီ”ဟု အသက် (၄၀) ကျော်အရွယ် ၎င်းဒေသခံ အမျိုးသမီးက ပြောသည်။

စစ်ကောင်စီ အမှတ်(၁၀) စစ်မှုထမ်းသင်တန်း

ယမန်နှစ် ၂၀၂၄ အောက်တိုဘာလအတွင်း စစ်ကောင်စီဝန်ထမ်းများမှ ရွေးကောက်ပွဲအတွက်ဟု ပြောဆိုကာ နမ့်စန်မြို့ပေါ် သန်းခေါင်စာရင်း ကောက်ခံခဲ့သည်ဟု ဆိုသည်။

ယခု ဒုတိယအကြိမ် သန်းခေါင်စာရင်း ထပ်မံကောက်ခံရာတွင် နမ့်စန်မြို့ပေါ် ရပ်ကွက် (၁၊ ၂၊ ၃၊ ၄) တို့ဖြစ်ကြောင်း သိရသည်။

နမ့်စန်မြို့နယ်တွင် ယခင်က စစ်မှုထမ်းအတွက် မူးယစ်ဆေးဝါး သုံးစွဲသူများကို ဖမ်းဆီးကာ စေလွှတ်ခဲ့သော်လည်း ရပ်ကွက်အတွင်း သန်းခေါင်စာရင်း ထပ်မံကောက်ခံနေခြင်းကြောင့် စိုးရိမ်ရကြောင်း ဒေသခံများက ပြောသည်။

“နမ့်စန်မှာတော့ ဘိန်းစားဖမ်းပြီး စစ်မှုထမ်းလွှတ်တာ များတယ်။ တစ်လနည်းနည်းစီပေါ့၊ အပတ်စဉ် (၉) ထိ ရပြီလို့တော့ ကြားတယ်။ ရပ်ကွက်ထဲ စစ်မှုထမ်းလိုက်ကောက်တာတော့ မတွေ့သေးဘူး။ စစ်မှုထမ်း ထောက်ပံ့ဖို့ ပိုက်ဆံလာကောက်တာလည်း မရှိသေးဘူး။ အခု တစ်အိမ်ဝင် တစ်အိမ်ထွက် အိမ်ထောင်စုစာရင်း လိုက်စစ်မှပဲ ပြည်သူတွေ လန့်နေတာ”ဟု နမ့်စန်ဒေသခံ ၎င်းအမျိုးသမီးက ဆက်ပြောသည်။

စစ်ကောင်စီ အမှတ်(၁၀) စစ်မှုထမ်းသင်တန်း

အခြားတစ်ဘက်တွင် စစ်ကောင်စီက စစ်မှုထမ်းခေါ်ယူရာတွင် သန်းခေါင်စာရင်းကို အခြေခံ ခေါ်ယူသည့် စနစ်ကို ပြောင်းလဲမည်ဖြစ်ပြီး စစ်မှုထမ်းရန် ပျက်ကွက်ပါက အမည်ပျက်စာရင်းနှင့် ဖမ်းဝရမ်းပါ ထုတ်ခံရနိုင်ကြောင်း စစ်ကောင်စီ သတင်းရင်းမြစ်ကို ကိုးကား၍ ခေတ်သစ်သတင်းဌာနမှ ယမန်နေ့ (ဖေဖော်ဝါရီ ၂၅ ရက်) တွင် သတင်းဖော်ပြသည်။

စစ်မှုထမ်း အပတ်စဉ် (၁) မှ (၁၀) အထိကို ကျေးရွာနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့များက တင်ပြသည့် စာရင်းအပေါ် အခြေခံကာ ခေါ်ယူခဲ့သော်လည်း ယခုအခါ လူဝင်မှုကြီးကြပ်ရေးဌာန လဝက မှ ၂၀၂၄ ခုနှစ်အတွင်း ကောက်ယူထားသည့် သန်းခေါင်စာရင်းကို အခြေခံ၍ ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် စစ်မှုထမ်းအကျုံးဝင်သည့် ပြည်ပရောက် မြန်မာနိုင်ငံသားများကိုလည်း မိသားစုမှတဆင့် ဆက်သွယ်ပြီး စစ်မှုထမ်းရန် မလာရောက်ပါက အမည်ပျက် စာရင်းသွင်းခြင်း၊ ဖမ်းဝရမ်း ထုတ်ခံရခြင်း စသည်ဖြင့် အရေးယူခံရမည်ဟု သိရှိရသည်။

ယမန်နှစ်က စစ်ကောင်စီ အတည်ပြုပြဋ္ဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေ နောက်ဆက်တွဲအဖြစ် နည်းဥပဒေကို ဇန်နဝါရီ နောက်ဆုံးပတ်တွင် ထုတ်ပြန်ခဲ့ရာ စစ်မှုထမ်း အကျုံးဝင်သည့် လူငယ်အားလုံးကို ခွင့်ပြုချက်မရဘဲ ပြည်ပထွက်ခွာခွင့် မပြုကြောင်း ထပ်မံကန့်သတ်လိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...