ဖယ်ခုံတွင် စစ်ကောင်စီ စစ်ကြောင်းထိုးခြင်းကြောင့် တစ်ပတ်အတွင်း အရပ်သား ၅ ဦးသတ်ဖြတ်ခံရ

သျှမ်း-ကရင်နီ (ကယား) ပြည်နယ်စပ် သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်းထိုးခြင်းကြောင့် တစ်ပတ်အတွင်း အရပ်သား ၅ ဦးသတ်ဖြတ်ခံလိုက်ရကြောင်း စုံစမ်းသိရသည်။

ကရင်နီတော်လှန်ရေး အင်အားစုတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ဖယ်ခုံမြို့ကို စစ်ကောင်စီက ပြန်လည် ထိန်းချုပ်နိုင်ရန်အတွက် စစ်ကြောင်းထိုးစစ်ဆင်ရာ ဧပြီလ ၂၁ ရက်က ဖယ်ခုံအနောက်ဖက်ခြမ်းရှိ တောင်တွင်းတစ်နေရာတွင် စစ်ရှောင်နေကြသည့် အသက် ၃၃ နှစ် မောင်နဲ၊ အသက် ၃၆ နှစ် ကိုမားကို့နှင့် ၎င်း၏ဇနီး အသက် (၃၇) နှစ် မမူ့ဆကော်လာတို့ကို သတ်ဖြတ်သွားခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။

အလားတူ ဧပြီလ ၂၃ ရက်တွင်လည်း ဖယ်ခုံမြို့နယ် ဟိန္ဓမရပ်ကွက်တွင်နေထိုင်သူ ကိုမျိုး နှင့် ၎င်း၏ ဇနီး မရှိ တို့သည် တောင်ယာမှ ပြန်လာစဥ် စစ်ကောင်စီ စစ်ကြောင်းနှင့်တိုး၍ လင်မယားနှစ်ဦးစလုံး ပစ်သတ်ခံခဲ့ရသည်ဟု ဆိုသည်။

“ဟုတ်ပါတယ်။ မိုးဗြဲဘက်ကနေ စစ်ကူလာတဲ့ စစ်ကောင်စီ စစ်ကြောင်းက စစ်ရှောင်ပြည်သူ ၅ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာ ဒီရက်ပိုင်းမှာရှိပါတယ်။ စစ်ကြောင်းထိုးရင်း လမ်းပေါ်မှာတွေ့တယ်၊ ပြီးတော့ ဖမ်းဆီးခေါ်ဆောင်သွားတယ်။ ပြီးတော့ရက်ရက်စက်စက် နှိပ်စက်ပြီးတော့ ပစ်သတ်လိုက်တာပါ။ အားလုံးပေါင်း ၅ ဦးရှိပါတယ်” ဟု KNDF ဗဟိုပြန်ကြားရေးတာဝန်ရှိသူတစ်ဦးဖြစ်သည့် တာအယ်စိုးကက သျှမ်းသံတော်ဆင့်ကိုပြောသည်။

သတ်ဖြတ်ခံရသူ မောင်နဲမှာ ဇနီးနှင့် ကလေး ၃ ယောက်ကျန်ရစ်ပြီး လင်မယားဖြစ်သူ ကိုမားကို့နှင့် မမူ့ဆကော်လာတို့မှာ ကလေး ၄ ယောက်ကျန်ရစ်ခဲ့ကြောင်း၊ လင်မယားဖြစ်သူ ကိုမျိုးနှင့် မရှိတို့မှာ ကလေး ၃ ယောက်ကျန်ရစ်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ပြည်သူအပေါ် ရက်ရက်စက်စက် သတ်ဖြတ်သွားသည့် စစ်ကောင်စီများ၏ လုပ်ရပ်နှင့်ပတ်သက်၍ တာအယ်စိုးက ယခုလိုဆက်ပြောသည်။

“အဓိကတော့ သူတို့စစ်ကြောင်းထိုးလာတဲ့ဟာကို မြင်တွေ့သွားတဲ့ စစ်ရှောင်၊ ပြည်သူတွေကိုသာ လက်စဖြောက်တာဖြစ်တယ်။ သူတို့စစ်ရေးအသာစီးရဖို့အတွက် ဘာကျင့်ဝတ်မှမရှိဘူး။ စစ်သည်တော် ကျင့်ဝတ်လည်းမရှိဘူး။ နိုင်ငံတကာ ဥပဒေလည်း ဂရုမစိုက်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ ဖမ်းဆီးသတ်ဖြတ်လိုက်တာ ဖြစ်ပါတယ်။ သူတို့တွေက လူသားမဆန်ဘူး၊ လူစိတ်မရှိဘူး” ဟု ၎င်းကထပ်လောင်းပြောဆိုထားသည်။

ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်တွင်လည်း ဖယ်ခုံမြို့နယ် အနောက်ဖက်ခြမ်းရှိ ပီကင်းရွာနှင့် လွယ်ကင်းရွာကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးကြဲခြင်းကြောင့် အသက် ၃ နှစ် ကလေးငယ် ၁ ဦး၊ အသက် ၁၂ နှစ် မိန်းကလေး ၁ ဦးနှင့် အသက် ၆၅ နှစ်အရွယ် အမျိုးသမီး ၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၅ ဦးရှိခဲ့သည်။

လက်ရှိတွင် သျှမ်း-ကရင်နီ (ကယား) ပြည်နယ်စပ်ဒေသဖြစ်သည့် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတော်လှန် အင်းအားတပ်ဖွဲ့များ တစ်ကျော့ပြန်တိုက်ပွဲဖြစ်ပွားလာရာ ၁ နီးပါးကြာပြီဖြစ်သော်လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေသေးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ-ဖယ်ခုံဘက် စစ်တပ် ဒရုန်း၊ လက်နက်ကြီးပစ်၊ ဒေသခံများထပ်မံ စစ်ရှောင်ရ

0
သျှမ်း-ကရင်နီ (ကယား)ပြည် နယ်စပ် မိုးဗြဲ၊ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး တိုက်ခိုက်နေသဖြင့် ဒေသခံများ ထပ်မံ စစ်ဘေးရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်မှစပြီး မိုးဗြဲ အနောက်ဘက်ခြမ်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်းအသုံးပြု နေ့စဉ်တိုက်ခိုက်နေသဖြင့် လုပ်လက်စ စိုက်ခင်းများကို ချန်လှပ်ထားပြီး...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ဖယ်ခုံမြို့နယ် တိုက်ပွဲပြန်ပြင်းထန်နိုင် ဒေသခံ နှင့် စစ်ရှောင်များ သတိထားရန်လိုအပ်

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား မကြာမီ တိုက်ပွဲများ ပြန်လည်ပြင်းထန်ဖြစ်ပွားလာနိုင်သဖြင့် ဒေသခံများနှင့် စစ်ဘေးရှောင်ပြည်သူများ သတိထားနေထိုင်ရန် လိုအပ်ကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဖယ်ခုံမြို့နယ် တောင်စလုံးနှင့် မြောက်စလုံးကျေးရွာအနီး၌ စစ်ကောင်စီတပ်များ တပ်အထိုင်ချထားပြီး ဘုန်းကြီးကျောင်းများတွင်လည်း လှုပ်ရှားမှုများ ရှိနေကြောင်း၊ စစ်ရေးအခြေအနေ တင်းမာနေသဖြင့်...

ဖယ်ခုံမြို့နယ် ပြည်သူပိုင်ပစ္စည်းများ စစ်ကော်မရှင်တပ် သယ်ယူနေ

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက ရွာအတွင်းဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းများကို ကားများဖြင့် သယ်ယူနေကြောင်း သတင်းရရှိသည်။ ယခု ဇွန်လ တတိယပတ် အတွင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့ နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့ဝင်များက ရွာအတွင်း ဝင်ရောက်ပြီး ပြည်သူပိုင်...