Tuesday, January 27, 2026

ဖယ်ခုံတွင် စစ်ကောင်စီ စစ်ကြောင်းထိုးခြင်းကြောင့် တစ်ပတ်အတွင်း အရပ်သား ၅ ဦးသတ်ဖြတ်ခံရ

သျှမ်း-ကရင်နီ (ကယား) ပြည်နယ်စပ် သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်းထိုးခြင်းကြောင့် တစ်ပတ်အတွင်း အရပ်သား ၅ ဦးသတ်ဖြတ်ခံလိုက်ရကြောင်း စုံစမ်းသိရသည်။

ကရင်နီတော်လှန်ရေး အင်အားစုတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ဖယ်ခုံမြို့ကို စစ်ကောင်စီက ပြန်လည် ထိန်းချုပ်နိုင်ရန်အတွက် စစ်ကြောင်းထိုးစစ်ဆင်ရာ ဧပြီလ ၂၁ ရက်က ဖယ်ခုံအနောက်ဖက်ခြမ်းရှိ တောင်တွင်းတစ်နေရာတွင် စစ်ရှောင်နေကြသည့် အသက် ၃၃ နှစ် မောင်နဲ၊ အသက် ၃၆ နှစ် ကိုမားကို့နှင့် ၎င်း၏ဇနီး အသက် (၃၇) နှစ် မမူ့ဆကော်လာတို့ကို သတ်ဖြတ်သွားခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။

အလားတူ ဧပြီလ ၂၃ ရက်တွင်လည်း ဖယ်ခုံမြို့နယ် ဟိန္ဓမရပ်ကွက်တွင်နေထိုင်သူ ကိုမျိုး နှင့် ၎င်း၏ ဇနီး မရှိ တို့သည် တောင်ယာမှ ပြန်လာစဥ် စစ်ကောင်စီ စစ်ကြောင်းနှင့်တိုး၍ လင်မယားနှစ်ဦးစလုံး ပစ်သတ်ခံခဲ့ရသည်ဟု ဆိုသည်။

“ဟုတ်ပါတယ်။ မိုးဗြဲဘက်ကနေ စစ်ကူလာတဲ့ စစ်ကောင်စီ စစ်ကြောင်းက စစ်ရှောင်ပြည်သူ ၅ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာ ဒီရက်ပိုင်းမှာရှိပါတယ်။ စစ်ကြောင်းထိုးရင်း လမ်းပေါ်မှာတွေ့တယ်၊ ပြီးတော့ ဖမ်းဆီးခေါ်ဆောင်သွားတယ်။ ပြီးတော့ရက်ရက်စက်စက် နှိပ်စက်ပြီးတော့ ပစ်သတ်လိုက်တာပါ။ အားလုံးပေါင်း ၅ ဦးရှိပါတယ်” ဟု KNDF ဗဟိုပြန်ကြားရေးတာဝန်ရှိသူတစ်ဦးဖြစ်သည့် တာအယ်စိုးကက သျှမ်းသံတော်ဆင့်ကိုပြောသည်။

သတ်ဖြတ်ခံရသူ မောင်နဲမှာ ဇနီးနှင့် ကလေး ၃ ယောက်ကျန်ရစ်ပြီး လင်မယားဖြစ်သူ ကိုမားကို့နှင့် မမူ့ဆကော်လာတို့မှာ ကလေး ၄ ယောက်ကျန်ရစ်ခဲ့ကြောင်း၊ လင်မယားဖြစ်သူ ကိုမျိုးနှင့် မရှိတို့မှာ ကလေး ၃ ယောက်ကျန်ရစ်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ပြည်သူအပေါ် ရက်ရက်စက်စက် သတ်ဖြတ်သွားသည့် စစ်ကောင်စီများ၏ လုပ်ရပ်နှင့်ပတ်သက်၍ တာအယ်စိုးက ယခုလိုဆက်ပြောသည်။

“အဓိကတော့ သူတို့စစ်ကြောင်းထိုးလာတဲ့ဟာကို မြင်တွေ့သွားတဲ့ စစ်ရှောင်၊ ပြည်သူတွေကိုသာ လက်စဖြောက်တာဖြစ်တယ်။ သူတို့စစ်ရေးအသာစီးရဖို့အတွက် ဘာကျင့်ဝတ်မှမရှိဘူး။ စစ်သည်တော် ကျင့်ဝတ်လည်းမရှိဘူး။ နိုင်ငံတကာ ဥပဒေလည်း ဂရုမစိုက်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ ဖမ်းဆီးသတ်ဖြတ်လိုက်တာ ဖြစ်ပါတယ်။ သူတို့တွေက လူသားမဆန်ဘူး၊ လူစိတ်မရှိဘူး” ဟု ၎င်းကထပ်လောင်းပြောဆိုထားသည်။

ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်တွင်လည်း ဖယ်ခုံမြို့နယ် အနောက်ဖက်ခြမ်းရှိ ပီကင်းရွာနှင့် လွယ်ကင်းရွာကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးကြဲခြင်းကြောင့် အသက် ၃ နှစ် ကလေးငယ် ၁ ဦး၊ အသက် ၁၂ နှစ် မိန်းကလေး ၁ ဦးနှင့် အသက် ၆၅ နှစ်အရွယ် အမျိုးသမီး ၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၅ ဦးရှိခဲ့သည်။

လက်ရှိတွင် သျှမ်း-ကရင်နီ (ကယား) ပြည်နယ်စပ်ဒေသဖြစ်သည့် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတော်လှန် အင်းအားတပ်ဖွဲ့များ တစ်ကျော့ပြန်တိုက်ပွဲဖြစ်ပွားလာရာ ၁ နီးပါးကြာပြီဖြစ်သော်လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေသေးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...