သျှမ်းပြည် ဆီဆိုင်မြို့နယ်အတွင်းရှိ တံတားတစ်စင်းကို စစ်ကောင်စီက မီးရှို့ ဖျက်စီးခဲ့ကြောင်း သိရသည်။

သျှမ်းပြည် ဆီဆိုင်မြို့နယ်အတွင်းရှိ နောင်စကာကျေးရွာ နှင့် ရွှေတဂူဘုရားအနီးတွင် ရှိသည့် သဘက်ချောင်းကူး တံတားကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့က မတ်လ ၁ ရက် နံနက် ၆ နာရီခွဲဝန်းကျင်တွင် မီးရှို့ ဖျက်ဆီးခဲ့ကြောင်း အသက် ၃၀ ဝန်းကျင် ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“အဲ့တံတားက စစ်ကောင်စီတွေ မီးရှို့သွားတာပေါ့။အရင်ကလည်း တံတားကြိုးလို့ ပြင်ပြီးတာ မကြာဘူး။အခုကျတော့ သူတို့ အဲ့လိုထပ်လုပ်တော့ မိုးတွင်းဆို အခက်အခဲဖြစ်တော့ မှာ။တခြား လမ်းကရှိပေမဲ့ ဝေးတယ်။ လမ်းကလည်း မကောင်း မိုးရွာရင်တော့ ပိုဆိုးမယ်။တော်တော်ကို အခက်တွေ့သွားပါပြီ ”ဟု ဒေသခံ အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။
ထို မီးလောင် ပျက်စီးသွားသော တံတားသည် ဆီဆိုင်မြို့ နှင့် ၁၅ မိုင်ဝန်းကျင်ခန့် ဝေးကြောင်း သိရသည်။
ထို့ပြင် ရွှေတဂူဘုရားဝင်း ကိုလည်း စစ်ကောင်စီတို့က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ဘုရားစေတီများလည်း ပျက်စီးခဲ့ရကြောင်း သိရသည်။
စစ်ကောင်စီ နှင့် PNO ပြည်သူ့စစ်တို့သည် ဆီဆိုင်မြို့တွင်းမှ လက်နက်ကြီး၊ဒရုန်းများဖြင့် ပစ်ခတ်ခြင်းမှု ကြောင့် သဘက်ကျေးရွာအုပ်စုရှိ ပြည်သူများ လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့တွင်လည်း စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့သည် သဘက်ကျေးရွာအုပ်စု ဝိန်းကောင်ကျေးရွာအနီးရှိ သဘက်ချောင်းကူးတံတားကိုလည်း မိုင်းခွဲဖျက်ဆီးခဲ့ကြောင်းသိရသည်။












Leave a Comments