ဆီဆိုင်မြို့နယ်ရှိ ကျေးရွာများတွင် ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဟုဆို

သျှမ်းပြည်တောင်ပိုင်း၊ဆီဆိုင်မြို့နယ် ထမ်ဆိုင်းကျေးရွာနှင့် အနီးနားကျေးရွာများတွင် ဘောင်းဘီဝတ်ခွင့် ပိတ်ပင်ထားပြီး၊ ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် မေလဆန်းပိုင်းမှစကာ ထမ်ဆိုင်းကျေးရွာနှင့် ၎င်းပတ်ဝန်းကျင် အနီးနားရှိကျေးရွာမှ ဒေသခံများ ရိုးရာ ဝတ်စားဆင်ယင်မှု လျော့နည်းလာခြင်း၊ ကျေးရွာ ဂုဏ်သိက္ခာထိခိုက်စေလာမှုကြောင့် ဘောင်းဘီဝတ်ဆင်မှုကို ကျေးရွာသူကြီးများက ကန့်သတ်လိုက်ကြောင်း ၎င်းဒေသခံများက ပြောသည်။

အဆိုပါ ကန့်သတ်ချက်ကို မလိုက်နာလျှင် ကျေးရွာအလိုက် ငွေကျပ် တစ်သောင်းမှ ငါးသောင်းအထိ ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ပြီး ကျေးရွာအတွင်း သာရေး နာရေး ပွဲလုပ်လျှင်လည်း မကူညီကြပဲ ဖယ်ကျဉ်ထားမည်ဟု ရွာလူကြီးများ၏ ခြိမ်းခြောက်မှုကိုလည်း ခံနေရကြောင်း အသက် ၃၀ အရွယ် ကိုယ်တိုင်ပြောဆိုခံရသည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“အိမ်မှာနေရင်းတောင် ဘောင်းဘီဝတ်လို့မရဘူး၊ ဟိုးနားဒီနားလည်လည်း ဝတ်လို့မရဘူး၊ဝတ်ချင်ရင် တခြားနေရာ မြို့တွေသွားမှ ဝတ်ရမယ်တဲ့၊ ကျေးရွာဂုဏ်သိက္ခာထိခိုက်လို့တဲ့ ရိုးရာဓလေ့ တွေ့ပျောက်ကွယ်မှာ ဆိုးလို့ပြောတာပဲ၊ ဘောင်းဘီဝတ်တာက ပိုလွတ်လပ်တယ်လေ အခုမဝတ်ရတော့ အဆင်မပြေနေေဘူး။”ဟု ၎င်းအမျိုးသမီးကပြောသည်။

ခေတ်နှင့်အညီ လိုက်လျောညီထွေ လွတ်လပ်ပေါ့ပါးမှုကို လူငယ်အများစုကြိုက်နှစ်သက်ပြီး ကန့်သတ်ချက်များသည် စိတ်ကျဉ်းကျပ်စေသောကြောင့် ဖြေလျော့ပေးစေလိုကြောင်း ၎င်းအမျိုးသမီးက ထပ်လောင်းပြောသည်။

ထို့အပြင် လူငယ်အများစုသည် မိမိတို့၏ ရိုးရာဝတ်စုံကို မေ့လျော့ကာ ဘောင်းဘီ စကတ်များဝတ်ဆင်သူ များလာခြင်းကြောင့် ရိုးရာဓလေ့များ ကွယ်ပျောက်သွားမည်ကို စိုးရိမ်ကြောင်းနှင့် ကန့်သတ်ချက်များကို လိုက်နာကာ ရိုးရာဓလေ့ထိန်းသိမ်းသင့်ကြောင်း အသက် (၆၀)ဝန်းကျင် အမျိုးသမီးတစ်ဦးက ပြောသည်။

“ဒါက ကိုယ့်ရိုးရာ ယဉ်ကျေးမှုဆိုတော့ ထိန်းသိမ်းရမယ်လေ၊ အမွိုးတို့ဆို ငယ်ငယ်လေးကတည်းက ရိုးရာဝတ်စုံဝတ်ခဲ့တာ တန်ဖိုးထားတယ်၊ အခုခေတ်ဆို ပွဲလမ်းသဘင်တွေမှ ကိုယ့်ရိုးရာဝတ်စုံကို ထုတ်ဝတ်ကြတာ၊ နောက်ဆို ကိုယ့်ရိုးရာကို မေ့ပျောက်သွားမှာစိုးရိမ်မိတယ်။”ဟု အဆိုပါ အမျိုးသမီးတစ်ဦးက ပြောသည်။

ဆီဆိုင်မြို့နယ်သည် ပအိုဝ်းပြည်သူ့စစ် (PNO)ထိန်းချုပ်သည့် ဒေသဖြစ်ပြီး ကျေးရွာလူကြီးများသည်လည်း PNO မှရွေးချယ်ခန့်အပ်သူ အများဆုံးဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ကျေးရွာတစ်ရွာ၏ အာဏာသည် ကျေးရွာလူကြီးလက်ထဲတွင်ရှိပြီး PNOမှ ကျောထောက်နောက်ခံ ပြုပေးထားသောကြောင့် အမိန့်များကို လွန်ဆန်ရဲသူမရှိကြောင်း ဆီဆိုင်ဒေသခံများက ပြောသည်။

အလားတူ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ထမ်ယန်းကျေးရွာအုပ်စု ဘက်တွင်လည်း ဘောင်းဘီစကတ် မဝတ်ရ ကန့်သတ်ထားသည့်အပြင် ချစ်သူရည်းစားဖြင့် ဆိုင်ကယ်အတူစီးခြင်း၊ ဆံပင်အရောင်ဆိုးခြင်း မပြုလုပ်ရန် ကန့်သတ်ထားပြီး မလိုက်နာလျှင် သဲတစ်စီးနှင့် ငွေကျပ် ငါးသောင်း ဒဏ်ငွေဆောင်ခိုင်းကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

ဆီဆိုင် ယာယီမြို့မဈေး မိုးကြီးတိုင်း ရေကြီးရေလျှံဖြစ်

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ရှိ ယာယီမြို့မဈေးတွင် ရေထွက်ပေါက်စနစ် စနစ်တကျမရှိသဖြင့် မိုးသည်းထန်စွာ ရွာသွန်းတိုင်း ဈေးအတွင်း ရေဝပ်နေကြောင်း စုံစမ်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၀ ရက်) ဆီဆိုင်မြို့ ဈေးနေ့ကျရောက်သည့် နေ့ဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယာယီမြို့မဈေးအတွင်း ရေများဝင်ရောက်ကာ ရေဝပ်နေကြောင်း ဆီဆိုင်မြို့နေ ဒေသခံအမျိုးသားတစ်ဦးက...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...