Friday, April 19, 2024

မီးရှို့ဖျက်ဆီး

ကျောက်မဲမြို့နယ် အရပ်သား နေအိမ်(၂)လုံး TNLA မီးရှို့ဖျက်ဆီးဟု သတင်းထွက်ပေါ်

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် ချုံးသစ်ကျေးရွာ ကျောင်းခမ်းရပ်ကွက်ရှိ အရပ်သား နေအိမ် (၂)လုံးကို တအာန်းအမျိုးသား လွှတ်မြောက်ရေးတပ်ဖွဲ့ (TNLA) က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်နေ့တွင် သျှမ်းပြည်တိုးတက်ရေးတပ်ဖွဲ့ (SSPP/SSA) ၊ တအာင်း (ပလောင်) အမျိုးသားလွှတ်...

မိုးဗြဲစစ်ဘေးရှောင် အတွက် လှူဒါန်မည့် ပစ္စည်းများ စစ်ကောင်စီမှမီးရှို့ဖျက်ဆီး

သျှမ်းတောင် မိုးဗြဲမြို့နယ် အတွင်းရှိ စစ်ဘေးရှောင်များအတွက်သွားရောက်လှူဒါန်းမည့် ပစ္စည်းများကို စစ်ကောင်စီအုပ်စု မှ လမ်းတွင် တိုက်ခိုက်လုယက်ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ မိုးဗြဲမြို့နယ် အတွင်းရှိ စစ်ဘေးရှောင်များသည် စစ်ကောင်စီအုပ်စု နှင့် မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်တို့ ကြားတိုက်ပွဲဖြစ်ပွားမှုကြောင်း ထွက်ပြေးတိမ်းရှောင်နေရသည့်သူများဖြစ်ပြီး၊ လက်ရှိမှာ မိုးဗြဲမြို့နယ်တွင် စစ်ရှောင် (၂၀၀၀) ကျော်ရှိပြီး...

သျှမ်းပြည်နယ်သည် ဓါတုမူးယစ်ဆေးဝါး များထုတ်လုပ်နိုင်ရန် အတွက် အခွင့်အရေး တစ်ရပ်ဖြစ်နေသည် ဟုဆို

သျှမ်းပြည်နယ်သည် အိမ်နီးချင်းနိုင်ငံများနှင့်ဆက်စပ် တည်ရှိနေသည့်အတွက် ဓါတုမူးယစ်ဆေးဝါး များထုတ်လုပ်နိုင်ရန် အတွက် အခွင့်အရေး တစ်ရပ်ဖြစ်နေကြောင်း သျှမ်းပြည်နယ် မူးယစ်ဆေး ၀ါးများနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေး အဖွဲ့က ပြောသည်။ ဇွန်လ ၂၆ ရက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အခမ်းအနားတွင် သျှမ်း+ကယား ပြည်နယ်ရှိ ဖမ်းဆိးရမိသော မူးယစ်ဆေးဝါးများ...

အထူးဒေသ ၄ မိုင်းလားတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကျပ်သိန်းပေါင်း ၁ သိန်းကျော်တန်ဖိုးရှိမူးယစ်ဆေးဝါးများ မီးရှို့

သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ ၄ မိုင်းလားမြို့တွင် ကျပ်သိန်းပေါင်း ၁ သိန်းကျော်တန်ဖိုးရှိမူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခဲ့ကြကြောင်းသိရသည်။ ဇွန်လ ၂၆ ရက်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် မိုင်းလားမြို့တွင် မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးပွဲပြုလုပ်ရာ မိုင်းလားတပ်ဖွဲ့ဥက္ကဌ ဦးစိုင်းလင်း၊ ဒုဥက္ကဌ ခွန်ဆန်လူ၊ ဆစ်ဆောင်ပန်းနားနယ်မှ မူးယစ်တိုက်ဖျက်ရေးဌာန အစိုးရကိုယ်စားလှယ်များ၊ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး တာဝန်ရှိသူများ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏...

Latest news