သျှမ်းပြည်နယ်သည် ဓါတုမူးယစ်ဆေးဝါး များထုတ်လုပ်နိုင်ရန် အတွက် အခွင့်အရေး တစ်ရပ်ဖြစ်နေသည် ဟုဆို

သျှမ်းပြည်နယ်သည် အိမ်နီးချင်းနိုင်ငံများနှင့်ဆက်စပ် တည်ရှိနေသည့်အတွက် ဓါတုမူးယစ်ဆေးဝါး များထုတ်လုပ်နိုင်ရန် အတွက် အခွင့်အရေး တစ်ရပ်ဖြစ်နေကြောင်း သျှမ်းပြည်နယ် မူးယစ်ဆေး ၀ါးများနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေး အဖွဲ့က ပြောသည်။

Photo by SHAN-ဇွန်လ ၂၆ ရက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အခမ်းအနားတွင် သျှမ်း+ကယား ပြည်နယ်ရှိ ဖမ်းဆိးရမိသော မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးသည့် အခမ်းအနားတရပ် တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းတွင်ကျင်းပ

ဇွန်လ ၂၆ ရက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အခမ်းအနားတွင် သျှမ်း+ကယား ပြည်နယ်ရှိ ဖမ်းဆိးရမိသော မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးသည့် အခမ်းအနားတရပ် တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းတွင်ကျင်းပခဲ့သည်။

Photo by SHAN-ဇွန်လ ၂၆ ရက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အခမ်းအနားတွင် သျှမ်း+ကယား ပြည်နယ်ရှိ ဖမ်းဆိးရမိသော မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးသည့် အခမ်းအနားတရပ် တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းတွင်ကျင်းပ

၄င်းအခမ်းအနားတွင်သျှမ်းပြည်နယ် မူးယစ်ဆေး ၀ါးများနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေး အဖွဲ့အတွင်း ရေးမှူး သျှမ်းပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးချုပ် ဇော်ခင်အောင်က –

“ သျှမ်းပြည်နယ်တစ်ခုလုံးခြုံကြည့်မယ်ဆိုရင် ဘိန်းစိုက်ပျိုးမှုနဲ့ထုတ်လုပ်မှုဟာ ကိန်း ဂဏာန်းများအရ လျော့နည်းကျဆင်းသွားမှာ ဆိုပေမဲ့ ဓါတုပစ္စည်းနဲ့ထုတ်လုပ် တဲ့မူး ယစ်ဆေးဝါး များဖမ်းဆီးရမိမှုဟာ ပိုမိုများပြားလာပြီး မူးယစ်မှုနဲ့တရားခံဖမ်းဆီးမှု ဟာလဲ ပိုမိုများပြားလာတာကိုတွေ့ရပါတယ် ” ဟု အဖွင့်မိန့်ခွန်း ပြောဆိုရာတွင်ထည့်သွင်းပြောကြားခဲ့သည် ။

Photo by SHAN-ဇွန်လ ၂၆ ရက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အခမ်းအနားတွင် သျှမ်း+ကယား ပြည်နယ်ရှိ ဖမ်းဆိးရမိသော မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးသည့် အခမ်းအနားတရပ် တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းတွင်ကျင်းပ

တစ်နိုင်ငံလုံးဖမ်းဆီးရမိသည့် မူးယစ်အမှုများအား လေ့လာကြည့်လျှင် သျှမ်းပြည်နယ် အတွင်း ဖမ်းဆီးရမိသည့်မူးယစ်ဆေးဝါးအမှုများသည် ဓါတုမူးယစ်ဆေးဝါး ထုတ်လုပ် သည့် စက်နှင့် ကုန်ကြမ်းပစ္စည်းများပါ၀င်ခဲ့သည် ဟု ၄င်းထံမှ ဆက်လက် သိရသည် ။

သျှမ်းပြည်နယ်တွင် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုအခြေအနေများမှာ ၂၀၁၅ခုနှစ်တွင် အမှုပေါင်း ၂၂၆၃ မှု၊ တရားခံပေါင်း၃၁၂၂ ဦး ၊ ၂၀၁၆ ခုနှစ်တွင် အမှုပေါင်း ၂၅၁၆ မှု ၊ တရားခံပေါင်း ၃၈၇၄ ဦး ၊ ၂၀၁၇ ခုနှစ်တွင် အမှုပေါင််း ၂၄၃၄ မှု ၊ တရားခံပေါင်း ၃၃၃၀ ဦး ၊၂၀၁၈ ခုနှစ်တွင် အမှုပေါင်း ၂၈၈၆ မှု ၊တရားခံပေါင်း ၃၉၉၈ ဦး ဖမ်းဆီးအရေးယူနိုင် ခဲ့ပြီး ယခုနှစ် ၂၀၁၉ ခုနှစ်အတွင်းယနေ့အထိမူးယစ် အမှုပေါင်း ၈၆၀ ကျော်နှင့် တရားခံပေါင်း ၁၁၈၆ ဦးကို ဖမ်းဆီးအရေးယူခဲ့ ပြီးဖြစ်ကြောင်း သိရသည် ။

Photo by SHAN-ဇွန်လ ၂၆ ရက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အခမ်းအနားတွင် သျှမ်း+ကယား ပြည်နယ်ရှိ ဖမ်းဆိးရမိသော မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးသည့် အခမ်းအနားတရပ် တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းတွင်ကျင်းပ

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့် ဓါတုပစ္စည်းများ မီးရှို့ဖျက်ဆီးမှုအနေဖြင့် ၂၀၁၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၈၂ သန်းကျော် ၊ ၂၀၁၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၁ သန်းကျော် ၊ ၂၀၁၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၃၄ သန်းကျော် ၊ ၂၀၁၈ ခုနှစ် တွင် အမေရိကန်ဒေါ်လာ ၁၀၉ သန်းကျော် နှင့် ယခုနှစ် မှာလဲ အမေရိကန်ဒေါ်လာ ၁၃၄ သန်းခန့်တန်ဖိုးရှိကြောင်း သျှမ်းပြည်နယ်ရဲတပ်ဖွဲ့၏ စာရင်းများအရသိရှိရသည် ။

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ရောက်တိုင်း သျှမ်း+ကယား ပြည်နယ်ရှိ ဖမ်းဆိးရမိသော မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးသည့် အခမ်းအနားကျင်းပခဲ့သည်မှာ ယခုနှစ်တွင် နဝမအကြိမ်မြောက် ရှိပြီဖြစ်ကြောင်းလည်းသိရပါသည် ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေး UWSA နှင့် NSPNC နေပြည်တော်တွင် ထပ်မံဆွေးနွေး

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရ၏ NSPNC ကိုယ်စားလှယ်တို့ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) နှင့် ယနေ့ (ဩဂုတ်လ ၄ ရက်) တို့တွင် နေပြည်တော်ရှိ Horizon...

အာဏာသိမ်းလက်အောက်က ကျောင်းများ နည်းမျိုးစုံဖြင့် ငွေကြေးကောက်ခံနေ

0
စစ်အာဏာသိမ်း အစိုးရ၏ လက်အောက်တွင် ဖွင့်လှစ်ထားသည့် သျှမ်းပြည် တောင်ကြီးမြို့ရှိ ကျောင်းများတွင် ကျောင်းသားများထံ နည်းမျိုးစုံ ခေါင်းစဉ်တပ်ပြီး ငွေကြေးကောက်ခံမှုများရှိနေကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်းတွင် ကုန်စျေးနှုန်းများ တရိပ်ရိပ်တက်လာပြီး အလုပ်လက်မဲ့များလာခြင်း၊ ဝင်ငွေနှင့်ထွက်ငွေ မကိုက်မှုများဖြစ်လာသည့်ကြား ကလေးငယ်များ၏ ပညာရေး စရိတ်လည်း ကြီးလာပြီး ကျောင်းတွင် လစဉ်ပေးဆောင်နေရသည့်...

တောင်ကြီးမြို့ ရှောင်တခင် ဧည့်စာရင်းဝင်စစ်၊ စစ်မှုထမ်းအတွက် ဖမ်းဆီးမှုရှိနေ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ ရှောင်တခင် ဧည့်စာရင်း ဝင်ရောက်စစ်ဆေးပြီး ပေါ်တာဆွဲ ဖမ်းဆီးမှုများ ရှိနေကြောင်း သတင်းရရှိသည်။ ဖေဖော်ဝါရီလ ဒုတိယပတ်မှ စတင်ပြီး တောင်ကြီးမြို့ပေါ် ရပ်ကွက်များရှိ အမျိုးသားအဆောင်များကို စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ ရှောင်တခင် ဧည့်စာရင်း ဝင်ရောက်စစ်ဆေးပြီး ဖမ်းဆီးမှုများ...