Tuesday, February 24, 2026

တောင်ကြီးမြို့ ရှောင်တခင် ဧည့်စာရင်းဝင်စစ်၊ စစ်မှုထမ်းအတွက် ဖမ်းဆီးမှုရှိနေ

သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ ရှောင်တခင် ဧည့်စာရင်း ဝင်ရောက်စစ်ဆေးပြီး ပေါ်တာဆွဲ ဖမ်းဆီးမှုများ ရှိနေကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီလ ဒုတိယပတ်မှ စတင်ပြီး တောင်ကြီးမြို့ပေါ် ရပ်ကွက်များရှိ အမျိုးသားအဆောင်များကို စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ ရှောင်တခင် ဧည့်စာရင်း ဝင်ရောက်စစ်ဆေးပြီး ဖမ်းဆီးမှုများ ရှိနေကြောင်း၊ ညအချိန်တွင်လည်း လမ်းပေါ် မထင်မှတ်ဘဲ ပေါ်တာဆွဲခြင်းများ ရှိနေကြောင်း တောင်ကြီးဒေသခံများက ပြောသည်။

“ညဘက်ဆို ယောကျ်ားလေးတွေ နေတဲ့ အဆောင်ဆို ပိုပြီး ဧည့်စာရင်း ဝင်စစ်တာ များတယ်။ နောက်ပြီး ညဘက်ဆို လမ်းမပေါ်၊ လမ်းကြားတွေမှာလည်း စစ်သားတွေက ကင်းလှည်ပြီး ဖမ်းတာရှိတယ်။ နယ်ဘက်က တက်တာတဲ့သူကို ဉီးတည်ဖမ်းနေတာ” ဟု အသက် ၂၅ နှစ်အရွယ် လူငယ်အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိအချိန်သည် တက္ကသိုလ်တက်နေသည့် အချိန်ဖြစ်ပြီး၊ တောင်ကြီးတက္ကသိုလ် အနီးတဝှိုက်တွင် အမျိုးသားအဆောင် နှစ်ဆယ်ခန့် ရှိခြင်းကြောင့် ထိုအဆောင်များတွင် နေထိုင်သည့် ကျောင်းသားများသည် ညအချိန် စိုးရိမ်စိတ်ဖြင့် အိပ်စက်နေရကြောင်း ၎င်းအမျိုးသားက ပြောသည်။

“သူတို့ (စစ်ကော်မရှင်) က ဝင်စစ်ချင်တဲ့ အဆောင်ကို ဝင်စစ်တာ ဆိုတော့ ကြောက်ရတယ်။ နောက်ပြီး ကိုယ်က ပါသွားရင် မိဘတွေ မသိလိုက်မှာ ကြောက်တာ၊ ညညဆိုရင် ကောင်းကောင်း မအိပ်ရဘူး” ဟု တောင်ကြီးတက္ကသိုလ်အနီး အဆောင်နေ ကျောင်းသားတစ်ဦးက ပြောဆိုသည်။

ထို့အပြင် အခြားမြို့နယ်မှ တောင်ကြီးမြို့ပေါ်သို့ လာရောက် ကျောင်းတက်သူများ အနေဖြင့် အသွားအလာ ဆင်ခြင်ရန် လိုအပ်ကြောင်း၊ လက်ရှိ စစ်ကော်မရှင်တပ်သည် နယ်မှလာသည့် ရွှေ့ပြောင်းလုပ်သားများကိုလည်း ဉီးတည် ဖမ်းဆီးမှုများ ရှိနေကြောင်း တောင်ကြီးမြို့သို့ ကျောင်းလာတက်သည့် ကျောင်းသူတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ကျမတို့က နယ်က ကျောင်းလာတက်တာ၊ ညပိုင်းဆို အပြင်ထွက်တာ မျိုးရှိတယ်။ အခုနောက်ပိုင်းတော့ မထွက်ရဲတော့ဘူး၊ ထွက်လည်း တစ်ယောက်တည်း မထွက်ရဲဘူး။ ကိုယ်ပေါ်တာဆွဲခံရရင် ဘယ်သူမှ သိလိုက်မှာ မဟုတ်လို့၊ အဆွဲခံရရင် နယ်ကဆိုတော့ လိုက်ရခက်တယ်လေ။ မိဘတွေ စိတ်ပူရုံပဲ တတ်နိုင်မှာလေ”ဟု အဆိုပါ ကျောင်းသူက ပြောဆိုသည်။

အလားတူ ညောင်ရွှေမြို့ပေါ် ရပ်ကွက်များတွင်လည်း ပေါ်တာဆွဲ ဖမ်းဆီးခံရသူ အယောက် (၃၀) ကျော် ပါသွားကြောင်း သိရပြီး ပေါ်တာဆွဲခံရသူများကို ရပ်စောက်ဘက်သို့ ပို့ဆောင်နေကြောင်း သတင်းရင်းမြစ်များက ပြောသည်။

စစ်ကော်မရှင်တပ်သည် ၂၀၂၄ ခုနှစ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ပြီးနောက် စစ်မှုထမ်းသင်တန်းအတွက် အသက် (၁၈) နှစ်မှ (၂၇)နှစ် အတွင်း အမျိုးသမီးများနှင့် အသက် (၁၈)နှစ်မှ (၃၅) နှစ်ကြား အမျိုးသားများကို သတ်မှတ်ခေါ်ဆောင်နေကြောင်း သိရှိရသည်။

အလားတူ စစ်ကော်မရှင်၏ ရွေးကောက်ပွဲကာလအတွင်း စစ်မှုထမ်းခေါ်ယူမှု ရပ်နားထားသော်လည်း ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲပြီးနောက် ယခုလ ဖေဖော်ဝါရီလ ပထမပတ်မှ စပြီး စစ်မှုထမ်း အမှတ်စဉ် (၂၀)ကို အင်းလေးဒေသတွင် ထပ်မံခေါ်ယူနေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မောက်မယ်မြို့နယ်တိုက်ပွဲဖြစ်ပြီး၊ PNO က စစ်မှုထမ်းအသည်းအသန် ခေါ်ယူနေ

0
သျှမ်းပြည် တောင်ပိုင်း မောက်မယ်မြို့နယ် အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA/PNLO) နှင့် ပအိုဝ်းပြည်သူ့စစ် (PNA/PNO)တို့ တိုက်ပွဲဖြစ်ပြီးနောက် PNOက စစ်မှုထမ်း အသည်းအသန်း ထပ်မံခေါ်ယူနေကြောင်း သတင်းရရှိသည်။ အဆိုပါ PNA/PNO သည် တောင်ကြီးမြို့နယ်နှင့် ညောင်ရွှေမြို့နယ်အတွင်းနေထိုင်သူများကို အဓိက ပစ်မှတ်ထားခေါ်ယူနေသည်။ “အရင်က PNOထံမှာ စစ်သင်တန်း သွားတက်ထားတဲ့...

နှစ်ထပ်ကွင်း စစ်မှုထမ်းစနစ်နှင့် ငွေညှစ်မှုကြောင့် သျှမ်းတောင်ဒေသခံများ လူမှုဘဝ ပြိုလဲလုနီးဖြစ်နေ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်ကော်မရှင်၏ စစ်မှုထမ်းသာမက ပအိုဝ်းပြည်သူ့စစ် (PNO) ၏ လူသစ်စုဆောင်းမှုနှင့် ဆက်ကြေးကောက်ခံမှုများကြောင့် အခက်အခဲကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။ ဆီဆိုင်မြို့နယ်အတွင်းရှိ ပုံးအင်းကျေးရွာအုပ်စုနှင့် တောင်ကြီးမြို့နယ် နားဟီးကျေးရွာအုပ်စုတို့တွင် ယခု (ဖေဖော်ဝါရီလ) လဆန်းမှ စတင်ပြီး စစ်မှုထမ်းကြေး၊ ဆက်ကြေးနှင့်...

ဆီဆိုင်မြို့တွင် အသက် ၁၈ နှစ်ပြည့် အမျိုးသမီးများကို စစ်မှုထမ်း စတင်ခေါ်နေ

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် အသက် ၁၈ နှစ်ပြည့် အမျိုးသမီးများကို စစ်မှုထမ်းရန် စစ်ကော်မရှင်တပ်က စတင်ခေါ်ယူနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ပထမပတ်မှစပြီး အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများကို စစ်ကော်မရှင်တပ်က စစ်မှုထမ်း စတင်ခေါ်ယူနေပြီး အဆိုပါ စစ်မှုထမ်းစာရင်းထဲတွင် ကျောင်းတက်နေသူများလည်း...

လားရှိုးမြို့နယ်တွင် အသက် ၁၆ နှစ်မှစပြီး လူမျိုးဘာသာမရွေး MNDAA တပ်သားသစ်ခေါ်ယူနေ

0
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာတိုင်းနီးပါးတွင် အသက် ၁၆ နှစ်မှ စပြီး လူမျိုးဘာသာမရွေး တပ်သားသစ် ခေါ်ယူစုဆောင်းနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၃၁ ရက်တွင် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA တာဝန်ရှိသူများသည် လားရှိုးမြို့ပြင် အေတီတံတား တစ်ဖက်ခြမ်းရှိ ကျေးရွာတာဝန်ခံများကို...

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...