ကျောက်မဲမြို့နယ် အရပ်သား နေအိမ်(၂)လုံး TNLA မီးရှို့ဖျက်ဆီးဟု သတင်းထွက်ပေါ်

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် ချုံးသစ်ကျေးရွာ ကျောင်းခမ်းရပ်ကွက်ရှိ အရပ်သား နေအိမ် (၂)လုံးကို တအာန်းအမျိုးသား လွှတ်မြောက်ရေးတပ်ဖွဲ့ (TNLA) က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်နေ့တွင် သျှမ်းပြည်တိုးတက်ရေးတပ်ဖွဲ့ (SSPP/SSA) ၊ တအာင်း (ပလောင်) အမျိုးသားလွှတ် မြောက်ရေး တပ်ဖွဲ့ (TNLA)တို့ တပ်ပေါင်းစုတို့နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA )တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ချုံသစ်ကျေးရွာအတွင်းရှိ အရပ်သားနေအိမ် (၂)လုံးကို TNLA စစ်သားများက မီးရှို့ ဖျက်ဆီးခဲကြောင်း မိုင်းငေါ့ဖက်သို့ စစ်ဘေးရှောင်ရောက်ရှိလာသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ (TNLA) တွေက ရွာထဲဝင်ပြီးတော့ အရပ်သားပြည်သူအိမ် (၂)အိမ်ကို မီးရှို့ ဖျက်ဆီးခဲ့ပါတယ်၊ သူတို့ ဘာကြောင့်မီးရှို့လဲဆိုရင် ဒီမတိုင်ခင် အစောပိုင်းက သူတို့စစ်သားတချို့ ဆူးထောင် ချောက်တစ်ခုထဲကျသွားတာကို စိတ်ဆိုးလို့ ရွာသားတွေရဲ့အိမ်ကို မီးလာရှို့တာ” ဟု ၎င်း က သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ TNLA စစ်သားမီးရှို့ဖျက်စီးခဲ့သည့် ချုံးသစ်ကျေးရွာ ကျောင်းခမ်းရပ်မှ နေအိမ်သည် ခြေတန်ရှည် ထရံကာ အိမ်မျိုးဖြစ်ကြပြီး လက်ရှိတွင် TNLA စစ်သားများက ကျေးရွာတွင်း တပ်စွဲ နေထိုင်ထားကြောင်း အဆိုပါရွာအနီး နေထိုင်သူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ မီးရှို့ဖျက်ဆီးသွားတဲ့အိမ်က ထရံကာ သွပ်မိုးနဲ့ ခြေတန်ရှည်အိမ်ပါ၊ အခုလည်းရွာထဲမှာ ပလောင် စစ်သားတွေ တပ်စွဲထားပါတယ်၊ အရင်ကတော့ ဒီရွာနဲ့ ပတ်ပတ်လည်မှာက RCSS /SSA ရဲ့ နေရာဟောင်းပါ၊ တိုက်ပွဲဖြစ်တော့ RCSS/ SSA က ဆုတ်ပေးခဲ့ပါတယ်” ဟု အဆိုပါ အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ TNLA စစ်သားမှ ရွာသားတို့နေအိမ်ကို မီးရှို့ဖျက်ဆီးခြင်းနှင့် ပက်သက်ပြီး TNLA ပြောခွင့်ရ ဗိုလ်မှူးကြီး မိုက်အိုက်ကျော်က အိမ်မီးရှို့တဲ့ ကိစ္စသည် ၎င်းတို့တပ်သားလုပ်ရခြင်းမဟုတ်ကြောင်းနှင့် လုပ်ကြံသည့်သတင်းသာ ဖြစ်ကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် ယခုလို တောင်ယာစိုက်ပျိုးရေး လုပ်ကိုင်ကြရမည့် ရာသီအတွင်း ဖြစ်ပွားသည့် အဆိုပါ တိုက်ပွဲ များကြောင့် (၅၀၀)ကျော်ခန့်က နေရပ်ကို စွန့်ခွာပြီး စစ်ဘေးကိုတိမ်းရှောင်ထွက်ပြေးနေရကြောင်း သိရ သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

ငြိမ်းချမ်းရေးဖိတ်ခေါ်နေချိန် MNDAA နှင့် TNLA နယ်မြေအပါအဝင် မြို့နယ် ၅၀ ကျော်ကို စစ်ကောင်စီ အရေးပေါ်အခြေအနေကြေညာ

0
စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဆွေးနွေးရန် ဖိတ်ခေါ်နေသည့်အချိန်မှာပင် အာဏာသိမ်းစစ်ခေါင်းဆောင်က TNLA နှင့် MNDAA တို့ ထိန်းချုပ်ထားသည့် နယ်မြေများအပါအဝင် တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၅၀ ကျော်ကို ယမန်နေ့ (ဧပြီလ ၂၄ ရက်) တွင် အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။ ထိုသို့...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

သျှမ်းမြောက်ဒေသ KIA ဒုဗိုလ်ချုပ်ကြီးဂွမ်မော်ရောက်စဉ် MNDAA စစ်အင်အားဖြည့်

0
သျှမ်းပြည်မြောက်ပိုင်းသို့ ရောက်ရှိလာသည့် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ဒေသခံ ပြည်သူလူထုအပြင် ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့များမှ ခေါင်းဆောင်များကိုလည်း တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။ ဧပြီလ ပထမပတ်အတွင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာနှင့် နမ့်ခမ်းမြို့သို့ ရောက်ရှိလာသည့် ကချင်လွတ်လပ်ရေးကောင်စီ KIC ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ကချင်လွတ်လပ်ရေးတပ်...