Wednesday, January 28, 2026

မိုးဗြဲစစ်ဘေးရှောင် အတွက် လှူဒါန်မည့် ပစ္စည်းများ စစ်ကောင်စီမှမီးရှို့ဖျက်ဆီး

သျှမ်းတောင် မိုးဗြဲမြို့နယ် အတွင်းရှိ စစ်ဘေးရှောင်များအတွက်သွားရောက်လှူဒါန်းမည့် ပစ္စည်းများကို စစ်ကောင်စီအုပ်စု မှ လမ်းတွင် တိုက်ခိုက်လုယက်ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရသည်။

မိုးဗြဲမြို့နယ် အတွင်းရှိ စစ်ဘေးရှောင်များသည် စစ်ကောင်စီအုပ်စု နှင့် မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်တို့ ကြားတိုက်ပွဲဖြစ်ပွားမှုကြောင်း ထွက်ပြေးတိမ်းရှောင်နေရသည့်သူများဖြစ်ပြီး၊ လက်ရှိမှာ မိုးဗြဲမြို့နယ်တွင် စစ်ရှောင် (၂၀၀၀) ကျော်ရှိပြီး စားဝတ်နေရေး အခက်ကြုံနေရကြောင်း သတင်းရရှိသည်။

ထို့ကြောင့် စစ်ရှောင်များအတွက် စေတနာရှင်များက စုပေါင်းပြီး ဆန်အိတ်ပေါင်း၊ (၈၀)ကျော် နှင့် ဆေးဝါး ပစ္စည်းများကို ကားတစ်စီးနှင့်အတူ ယမန်နေ့ (ဇွန် ၁၀)ရက်တွင် သွားရောက်ပို့ဆောင်စဉ် စစ်ကောင်စီ အုပ်စုက လမ်းတွင် တိုက်ခိုက် လုယက်ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကူညီရေး အဖွဲ့ဝင် တစ်ဦး က သျှမ်းသံတော်ဆင့် ပြောသည်။

“ ကျနော် တို့ မိုးဗြဲစစ်ရှောင် အတွက် ဆန်အိတ်တွေ ဆေးဝါးတွေ သွားပို့တဲ့လမ်းမှာ စစ်ကောင်စီ က ကျနော်တို့အဖွဲ့ကို သေနတ်တွေနဲ့ ပစ်တယ်။ ရွာလမ်းဆိုတော့ ကားက သွားရလာရခက်တယ်။ သူတို့ ထွက်ပြေးလာရတယ်။ အဲ့ပစ္စည်းတွေကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးလိုက်တယ်” ဟု ကူညီရေး အဖွဲ့ဝင် တစ်ဦး က ဆိုသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲများဆက်လက် ဖြစ်ပွားနေပြီး စစ်တပ်မှ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများကြောင့် မိုးဗြဲ၊ လွိုင်ကော်၊ စံပြခြောက်မိုင်ကျေးရွာ၊ ဒီးမော့ဆိုမြို့နယ် အတွင်း စစ်ဘေးရှောင် တစ်သိန်းဝန်းကျင် တိမ်းရှောင်နေရပြီး စားဝတ်နေနေရး ခက်ခဲကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်မြိုနယ်ရှိ ချောင်းကူတံတားတစ်ခု စစ်ကောင်စီ မီးရှို့ဖျက်ဆီး

0
သျှမ်းပြည် ဆီဆိုင်မြို့နယ်အတွင်းရှိ တံတားတစ်စင်းကို စစ်ကောင်စီက မီးရှို့ ဖျက်စီးခဲ့ကြောင်း သိရသည်။ သျှမ်းပြည် ဆီဆိုင်မြို့နယ်အတွင်းရှိ နောင်စကာကျေးရွာ နှင့် ရွှေတဂူဘုရားအနီးတွင် ရှိသည့် သဘက်ချောင်းကူး တံတားကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့က မတ်လ ၁ ရက် နံနက် ၆ နာရီခွဲဝန်းကျင်တွင် မီးရှို့...

မိုးဗြဲမြို့ပေါ် စွန့်ပြီးထွက်ပြေးနေရသည့်စစ်ရှောင်များ စားနပ်ရိက္ခာ နှင့် မိုးကာအရေးပေါ်လိုအပ်

0
သျှမ်းပြည် မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်ဖွဲ့မှ အထူးစစ်ဆင်ရေး ပြုလုပ်မည်ဟုဆိုသောကြောင့် မြို့ပေါ်ရှိ ပြည်သူများအား မြို့ကိုစွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေပေးရန် ကြေညာခဲ့ပြီးနောက် သောင်းနှင့်ချီ ပြည်သူဦးရေများ အလုံးအရင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်တွင် ထွက်ပြေးတိမ်းရှောင်ရသည့် ပြည်သူဦးရေ ၃ သောင်း ဝန်းကျင်အနက် အချို့မှာ...

သျှမ်း – ကရင်နီ နယ်စပ် တိုက်ပွဲပြင်းထန် စစ်ရှောင်များ ဆေးဝါးနှင့် စားနပ်ရိက္ခာ ပိုကြပ်တည်းလာ

0
သျှမ်း - ကရင်နီ နယ်စပ် ဖယ်ခုံမြို့နယ်တွင် တိုက်ပွဲပြင်းထန်မှုကြောင့် ဆေးဝါး နှင့် စားနပ်ရိက္ခာ သယ်ယူရန်ခက်ခဲလာရာ စစ်ရှောင်များ ဆေးဝါး နှင့် စားနပ်ရိက္ခာများ ပိုကြပ်တည်းလာကြောင်း စုံစမ်းသိရသည်။ ဖယ်ခုံမြို့နယ် စစ်ဘေးရှောင်စခန်း ပြီးခဲ့သည့် ဖေဖော်ဝါရီ နောက်ဆုံးပတ်မှစပြီး ပင်လောင်း၊ ဖယ်ခုံ နှင့် မိုးဗြဲ မြို့နယ်တွင်...

မိုးဗြဲမြို့ တိုက်ပွဲဆက်လက်ပြင်းထန်၊ ပြည်သူများ ထပ်မံထွက်ပြေးနေရ

0
သျှမ်းပြည် တောင်ကြီးခရိုင် မိုးဗြဲမြို့အတွင်း စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲ ဆက်လက်ပြင်းထန်နေသည့်အတွက်ကြောင့် ပြည်သူများ ထပ်မံ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ (၅) ရက်မှ စပြီး စစ်ကောင်စီသည် မိုးဗြဲမြို့အတွင်း စစ်ကြောင်းထိုးဝင်လာပြီး တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက်ကြောင့် မြို့တွင်းရှိ ပြည်သူများတစ်ချို့...

မိုးဗြဲမြို့ အရပ်သားတစ်ဦး မြေမြှုပ်မိုင်း နင်းမိ၊ ဒဏ်ရာပြင်းထန်

0
သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ PDF တပ်ဖွဲ့မှ နယ်မြေရှင်းလင်းချိန်တွင် အရပ်သားတစ်ဦး မြေမြှုပ်မိုင်း နင်းမိကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (စက်တင်ဘာ ၁၂) ရက် ည ၄ နာရီခွဲဝန်းကျင်တွင် မိုးဗြဲမြို့ ပွဲကုန်း (၂) ရပ်ကွက် ခရစ်ယာန်ကျောင်း ဘောလုံးကွင်းထဲတွင် PDF တပ်ဖွဲ့တို့က...