မိုးဗြဲမြို့ပေါ် စွန့်ပြီးထွက်ပြေးနေရသည့်စစ်ရှောင်များ စားနပ်ရိက္ခာ နှင့် မိုးကာအရေးပေါ်လိုအပ်

သျှမ်းပြည် မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်ဖွဲ့မှ အထူးစစ်ဆင်ရေး ပြုလုပ်မည်ဟုဆိုသောကြောင့် မြို့ပေါ်ရှိ ပြည်သူများအား မြို့ကိုစွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေပေးရန် ကြေညာခဲ့ပြီးနောက် သောင်းနှင့်ချီ ပြည်သူဦးရေများ အလုံးအရင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း စုံစမ်းသိရသည်။

မိုးဗြဲမြို့နယ် စစ်ရှောင်ပြည်သူများ

ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်တွင် ထွက်ပြေးတိမ်းရှောင်ရသည့် ပြည်သူဦးရေ ၃ သောင်း ဝန်းကျင်အနက် အချို့မှာ ဖယ်ခုံမြို့၊ လွိုင်ကော်မြို့ နှင့် တောင်ကြီးမြို့ စသည်ဖြင့် နေရာအသီးသီးသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြရပြီး အချို့မှာ ထွက်ပြေးနေစဉ်အတွင်း အဆက်အသွယ် ပြတ်သွားသဖြင့် ဆွေမျိုး၊ မိတ်ဆွေ နှင့် ကွဲကွာကာ ထွက်ပြေး တိမ်းရှောင်ရသည့် ပြည်သူအချို့လည်း ရှိနေကြောင်း သိရသည်။

လက်ရှိ ဖယ်ခုံမြို့ အနောက်ဖက်ခြမ်းဒေသသို့ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင်ဦးရေ ၃ ထောင်ကျော်သည် စားနပ်ရိက္ခာနှင့် မိုးကာ အရေးပေါ် လိုအပ်နေကြောင်း စစ်ရှောင်ကူညီသူ ကော်မတီ တစ်ဦးက ပြောသည်။

“ အဓိက သူတို့အရေးပေါ် ထွက်ပြေးတိမ်းရှောင်လာရတယ်ဆိုတော့ ဆန်တွေ၊ ဆီတွေ မသယ်လာနိုင်ဘူး။ အခု ကျနော်တို့ ကြိုးစားပေးပြီး အလှူရှင် ရှာပေးနေတယ်။ ဆန်တွေ၊ မိုးကာတွေပေါ့၊ မိုးတွင်းလည်း ရောက်လာပြီးဆိုတော့မိုးကာတွေ လိုအပ်နေတယ်။ သူတို့က အိမ်ပြန်ပြီး လုံးဝ ရိက္ခာသယ်လို့ မရတော့ဘူး “ ဟု ၎င်း ကော်မတီတစ်ဦးက ပြောသည်။

အဆိုပါ ထွက်ပြေးတိမ်းရှောင်လာရသည့် ပြည်သူများသည် စိတ်ပိုင်းဆိုင်ရာ နှင့် ပတ်သက်ပြီး ခံစားနေရကြောင်း ၎င်းက ဆက်ပြောသည်။

“ ကျနော်တို့ အပါအဝင် စစ်ဘေးရှောင်လာရတာ အိမ်ပြန်ချင်တဲ့စိတ်တွေ အိမ်ပြန်ချင်တောင်မှ ပြန်လမ်း မရှိတော့ဘူး။ နေ့စဉ် လက်နက်ကြီးကျလို့ အိမ်မှာရှိတဲ့ဟာလည်း ကုန်ကုန်ပြီ။ တစ်နေ့ထက်တစ်နေ့ ဒီလိုဘဝ နဲ့ ရှေ့ဆက်ပြီး သွားရမှာကို စိုးရိမ်နေရတယ် “ ဟု ၎င်း အထက်ပါ ပုဂ္ဂိုလ်က ထပ်လောင်းပြောသည်။

ထို့အပြင် စစ်ရှောင်များသည် စားနပ်ရိက္ခာများအတွက် လက်ရှိတွင် ပြည်တွင်း၊ ပြည်ပ မှအလှူရှင်ထံ အားကိုးနေရပြီး အလှူရှင် ထောက်ပံ့မှုမှ ရပ်ဆိုင်းသွားလျှင် စားနပ်ရိက္ခာ ပြတ်လပ်သွားနိုင်ကြောင်း၊ ရေရှည်အတွက် စားနပ်ရိက္ခာ သိုလှောင်ထားခြင်း မရှိသေးကြောင်း သိရသည်။

မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား စစ်ရေးတင်းမာနေလျက်ရှိသဖြင့် မိဘပြည်သူများအနေဖြင့် တိုက်ပွဲဖြစ်ပွားရာနေရာများနှင့် အနီးတဝိုက်၌ ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြရန် ဇွန်လ ၁၆ ရက်က MBPDF ကသတိပေးထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...