သျှမ်း – ကရင်နီ နယ်စပ် တိုက်ပွဲပြင်းထန် စစ်ရှောင်များ ဆေးဝါးနှင့် စားနပ်ရိက္ခာ ပိုကြပ်တည်းလာ

သျှမ်း – ကရင်နီ နယ်စပ် ဖယ်ခုံမြို့နယ်တွင် တိုက်ပွဲပြင်းထန်မှုကြောင့် ဆေးဝါး နှင့် စားနပ်ရိက္ခာ သယ်ယူရန်ခက်ခဲလာရာ စစ်ရှောင်များ ဆေးဝါး နှင့် စားနပ်ရိက္ခာများ ပိုကြပ်တည်းလာကြောင်း စုံစမ်းသိရသည်။

ဖယ်ခုံမြို့နယ် စစ်ဘေးရှောင်စခန်း

ပြီးခဲ့သည့် ဖေဖော်ဝါရီ နောက်ဆုံးပတ်မှစပြီး ပင်လောင်း၊ ဖယ်ခုံ နှင့် မိုးဗြဲ မြို့နယ်တွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့တို့ အကြား တိုက်ပွဲဖြစ်ပွားလာခဲ့ရာ လက်ရှိအချိန်ထိ ၃ လကျော်ကြာ တိုက်ပွဲသည် ဆက်လက် ပြင်းထန်နေဆဲဖြစ်သည်။

အဆိုပါ တိုက်ပွဲပြင်းထန်နေသည့် ဒေသတွင် စစ်ကောင်စီမှ စစ်ကြောင်းထိုးပြီး လမ်းပိတ်ဆို့ စစ်ဆေးရေး တင်းကြပ်ထားခြင်း၊ နေ့စဉ်နီးပါးလိုပင် တိုက်ပွဲဖြစ်နေခြင်းကြောင့် ဆေးဝါး နှင့် စားနပ်ရိက္ခာ သယ်ယူရန်အတွက် ပိုခက်ခဲလာကြောင်း ဖယ်ခုံမြို့ဒေသခံ စစ်ရှောင်ကော်မတီ ခွန်ထွန်း (အမည်လွှဲ) က ပြောသည်။

ဖယ်ခုံမြို့နယ် စစ်ဘေးရှောင်စခန်း

“တချို့တွေက သွားနေကျ မဟုတ်တော့ လမ်းကြောင်းတွေ မဖြတ်ရဲဘူး။ အလှူရှင်ရှိတောင်မှ လမ်းကြောင်းမှာ တိုက်ပွဲဖြစ်တာ၊ သူတို့လမ်းကြောင်း ပိတ်ထားတာတို့ အဲ့လိုမျိုးကျ ကားသမားတွေ သယ်ယူပို့ဆောင်ဖို့ မသွားရဲ၊ မလာရဲတော့ဘူး။ ဆန်ကို အကန့်အသတ်နဲ့ ဝေပေးရတယ်။ မလုံမလောက် ဖြစ်နေတယ် “ ဟု ၎င်းက ပြောသည်။

ဆေးဝါး နှင့် စားနပ်ရိက္ခာ သယ်ယူဖို့အတွက် ခက်ခဲလာသောကြောင့် စစ်ရှောင်များသည် ဆန်ကို အကန့်အသတ်ဖြင့် ဝေခွဲစားသောက်နေရခြင်းမှ စားနပ်ရိက္ခာ မဖူလုံသည့် အခက်ခဲ နှင့် ကြုံတွေ့နေရကြောင်း သိရသည်။

လက်ရှိမှာ တိုက်ပွဲကြောင့် နေရပ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရသည့် ဖယ်ခုံမြို့နယ်ရှိ စစ်ရှောင်များသည် စုစုပေါင်း ကျေးရွာ (၈) ရွာခန့်မှ လူဦးရေ ၇ ထောင်ကျော် ရှိကြောင်း သိရသည်။

“ကျနော်တို့ ဖယ်ခုံ အနောက်ဖက်ခြမ်းကဆိုရင် လောလောဆယ် စစ်ရှောင်ဦးရေ ၇ ထောင်လောက်ရှိတယ်။ ရွာကတော့ ၈ ရွာလောက်ရှိတယ်။ ရွာကြီးတွေပေါ့။ အခုထိ နေရပ်ပြန်လို့ မရသေးဘူး။ မိုးဗြဲ နဲ့ ဖယ်ခုံအရှေ့ဖက်လိုက်ရှောင်တဲ့ စစ်ရှောင်တွေလည်း အဖွဲ့ရှိတယ်။ အဲ့မှာလည်း လူအင်အားလည်း များတယ် “ ဟု ခွန်ထွန်းက ထပ်လောင်းပြောသည်။

ထို့အပြင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည့် ပင်လောင်း၊ ဖယ်ခုံ နှင့် မိုးဗြဲ မြို့နယ်တွင် စစ်ကောင်စီမှ လေကြောင်း အသုံးပြုပြီး အရပ်သားနေအိမ်၊ စစ်ဘေးရှောင်စခန်း နှင့် ဘုန်းကြီးကျောင်းဆောင်များကို ပစ်မှတ် တိုက်ခိုက်နေလျက်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...