မိုးဗြဲမြို့ တိုက်ပွဲဆက်လက်ပြင်းထန်၊ ပြည်သူများ ထပ်မံထွက်ပြေးနေရ

သျှမ်းပြည် တောင်ကြီးခရိုင် မိုးဗြဲမြို့အတွင်း စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲ ဆက်လက်ပြင်းထန်နေသည့်အတွက်ကြောင့် ပြည်သူများ ထပ်မံ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ် တို့တိုက်ပွဲဖြစ်ပွား

ပြီးခဲ့သည့် ဇွန်လ (၅) ရက်မှ စပြီး စစ်ကောင်စီသည် မိုးဗြဲမြို့အတွင်း စစ်ကြောင်းထိုးဝင်လာပြီး တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက်ကြောင့် မြို့တွင်းရှိ ပြည်သူများတစ်ချို့ တောထဲထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။

ထိုအပြင် စစ်ကောင်စီသည် မိုးဗြဲမြို့အတွင်း Drone ဖြင့် ပျံသန်းသွားနေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

“မြို့ပေါ်မှာ drone နဲ့ ပျံနေတာ။ ၄ ခုလောက်ရှိတယ်။ တိုက်ပွဲကြောင့် ရှောင်နေတဲ့သူတွေကလည်း ရှောင်နေကြပါတယ်။ မရှောင်တဲ့သူတွေလည်းရှိတယ်။ တောထဲပဲ ရှောင်သွားကြတာတွေလည်းရှိပါတယ်။ တချို့က ငွေကြေးအခက်ခဲရှိလို့ မရှောင်နိုင်တဲ့သူတွေလည်းရှိတယ်” ဟု မိုးဗြဲမြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ် တို့တိုက်ပွဲဖြစ်ပွား

ထိုအပြင် စစ်ကောင်စီတပ်ဖွဲ့သည် မိုးဗြဲမြို့အတွင်း စစ်ကောင်စီက အသွားလာ ကန့်သတ်ထားပြီး ပြည်သူများကိုလည်း ပတ်သက်မှုရှိနေကြောင်း ဒေသခံပြောပြချက်အရ သိရသည်။

“ထိခိုက်မှုတွေ ဘယ်လောက်ရှိလဲတော့ လောဆယ် မသိသေးဘူး။ မြို့ထဲမှာက စစ်ရေးတင်းမာနေလို့ သွားလာခွင့်မပြုဘူး။ စစ်တပ်တွေကတော့ အကုန်ပစ်တယ်။ ပြည်သူဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် အကုန်ပစ်တယ်။ ပြည်သူတွေသေတာလည်း ၃ ယောက်လောက်ရှိနေပြီ။ လက်နက်ကြီးတွေနဲ့ကော လက်နက်ငယ်တွေနဲ့ ကောပစ်တယ်” ဟု ၎င်းကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် လွိုင်ကော်ဘက်မှ တစ်ဆင့် မိုးဗြဲမြို့ထဲတွင် စစ်ကြောင်းထိုးဝင် လာခဲ့သည့် အတွက်ကြောင့် တိုက်ပွဲပြင်းထန်လာခဲ့ပြီး ၊ ယနေ့အထိ စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ စစ်ရေးတင်းမာနေလျက်ရှိကြောင်း သိရသည်။

“ စစ်ရေးတော့ တင်းမာနေပါသေးတယ်။ စစ်ကောင်စီက လွိုင်ကော်ဘက်ကနေ စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်ပွားခဲ့တာ” ဟု မိုးဗြဲမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ (၅) ရက်နေ့တွင် မိုးဗြဲမြို့ ပြည်သူ့ကာကွယ်ရေးတပ် Bo 1 ၊ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF နှင့် မြို့ပြတော်လှန်ရေးတပ်ဦး URF ပူးပေါင်းတပ်တို့ နှင့် စစ်ကောင်စီတို့က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၀ ဦး သေဆုံးခဲ့ပြီး ပြည်သူဘက်မှ ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး နေအိမ် ၂ လုံးပျက်စီးသွားခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...