Wednesday, January 28, 2026

မိုးဗြဲမြို့ တိုက်ပွဲဆက်လက်ပြင်းထန်၊ ပြည်သူများ ထပ်မံထွက်ပြေးနေရ

သျှမ်းပြည် တောင်ကြီးခရိုင် မိုးဗြဲမြို့အတွင်း စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲ ဆက်လက်ပြင်းထန်နေသည့်အတွက်ကြောင့် ပြည်သူများ ထပ်မံ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ် တို့တိုက်ပွဲဖြစ်ပွား

ပြီးခဲ့သည့် ဇွန်လ (၅) ရက်မှ စပြီး စစ်ကောင်စီသည် မိုးဗြဲမြို့အတွင်း စစ်ကြောင်းထိုးဝင်လာပြီး တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက်ကြောင့် မြို့တွင်းရှိ ပြည်သူများတစ်ချို့ တောထဲထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။

ထိုအပြင် စစ်ကောင်စီသည် မိုးဗြဲမြို့အတွင်း Drone ဖြင့် ပျံသန်းသွားနေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

“မြို့ပေါ်မှာ drone နဲ့ ပျံနေတာ။ ၄ ခုလောက်ရှိတယ်။ တိုက်ပွဲကြောင့် ရှောင်နေတဲ့သူတွေကလည်း ရှောင်နေကြပါတယ်။ မရှောင်တဲ့သူတွေလည်းရှိတယ်။ တောထဲပဲ ရှောင်သွားကြတာတွေလည်းရှိပါတယ်။ တချို့က ငွေကြေးအခက်ခဲရှိလို့ မရှောင်နိုင်တဲ့သူတွေလည်းရှိတယ်” ဟု မိုးဗြဲမြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ် တို့တိုက်ပွဲဖြစ်ပွား

ထိုအပြင် စစ်ကောင်စီတပ်ဖွဲ့သည် မိုးဗြဲမြို့အတွင်း စစ်ကောင်စီက အသွားလာ ကန့်သတ်ထားပြီး ပြည်သူများကိုလည်း ပတ်သက်မှုရှိနေကြောင်း ဒေသခံပြောပြချက်အရ သိရသည်။

“ထိခိုက်မှုတွေ ဘယ်လောက်ရှိလဲတော့ လောဆယ် မသိသေးဘူး။ မြို့ထဲမှာက စစ်ရေးတင်းမာနေလို့ သွားလာခွင့်မပြုဘူး။ စစ်တပ်တွေကတော့ အကုန်ပစ်တယ်။ ပြည်သူဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် အကုန်ပစ်တယ်။ ပြည်သူတွေသေတာလည်း ၃ ယောက်လောက်ရှိနေပြီ။ လက်နက်ကြီးတွေနဲ့ကော လက်နက်ငယ်တွေနဲ့ ကောပစ်တယ်” ဟု ၎င်းကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် လွိုင်ကော်ဘက်မှ တစ်ဆင့် မိုးဗြဲမြို့ထဲတွင် စစ်ကြောင်းထိုးဝင် လာခဲ့သည့် အတွက်ကြောင့် တိုက်ပွဲပြင်းထန်လာခဲ့ပြီး ၊ ယနေ့အထိ စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ စစ်ရေးတင်းမာနေလျက်ရှိကြောင်း သိရသည်။

“ စစ်ရေးတော့ တင်းမာနေပါသေးတယ်။ စစ်ကောင်စီက လွိုင်ကော်ဘက်ကနေ စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်ပွားခဲ့တာ” ဟု မိုးဗြဲမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ (၅) ရက်နေ့တွင် မိုးဗြဲမြို့ ပြည်သူ့ကာကွယ်ရေးတပ် Bo 1 ၊ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF နှင့် မြို့ပြတော်လှန်ရေးတပ်ဦး URF ပူးပေါင်းတပ်တို့ နှင့် စစ်ကောင်စီတို့က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၀ ဦး သေဆုံးခဲ့ပြီး ပြည်သူဘက်မှ ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး နေအိမ် ၂ လုံးပျက်စီးသွားခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...