တိုက်ပွဲဆက်ဖြစ်နေသည့် ဆီဆိုင်မြို့တွင် တည်ငြိမ်းအေးချမ်းသွားပြီဟု သတင်းမှားဖြန့်နေ

တိုက်ပွဲဆက်ဖြစ်ပွားနေသည့် ဆီဆိုင်မြို့တွင် တည်ငြိမ်အေးချမ်းသွားပြီဖြစ်၍ နေရပ်ပြန်သွားသည့် ပြည်သူ ၁ ထောင်ခန့်ရှိနေပြီဖြစ်ကြောင်း ဖြန့်ချိနေလျက်ရှိသည်။

စစ်ကောင်စီ ဝါဒဖြန့်တယ်ရီဂရမ်ချယ်နယ်ဖြစ်သည့် (တိုက်ပွဲသတင်းစုံ) အကောင့်မှ “တည်ငြိမ်အေးချမ်း ပြီဖြစ်တဲ့ ဆီဆိုင်မြို့သို့ နေရပ်ပြန် ပြည်သူ ၁,၀၀၀ ခန့်ရှိပြီလို့ သိရပါတယ်။ မိမိအိမ်ကို ပြန်လည်ဝင်ရောက် နေထိုင်တဲ့ ဒေသခံတွေအနေနဲ့ PNLA/KNDF သကသအဖွဲ့တွေရဲ့ အိမ်ဝန်း၊ ခြံဝန်းထဲမှာ ထောင်းထားတဲ့ မိုင်းတွေကို သတိထားဖို့လိုပါတယ်”ဟု ရေးသားဖြန့်ချိခဲ့ပြီး ကြည်ရှု့သူပေါင်း ၃၉,၀၀၀ ကျော်ထက်မနည်း ရှိသည်။

မူရင်းလင့် – https://archive.ph/am6QR

သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူများအနေဖြင့် အဆိုပါအကြောင်းအရာကို စစ်ဆေးမှု ပြလုပ်ခဲ့သည်။

ဆီဆိုင်မြို့နယ်မှာ လက်ရှိအချိန်ထိ နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်သောကြောင့် ဒေသခံများအနေဖြင့် နေရပ်ပြန်မလာကြရန် PNLA ကတိုက်တွန်းထားကြောင်း RFA သတင်းဌာနက ရေးသားဖော် ပြထားပါသည်။

မူရင်းလင့် – https://www.rfa.org/burmese/news/hsihseng-battle-04022024015053.html

ထို့အတူ စိတ်ချယုံကြည်ရသည့် အခြားသတင်းဌာနာများတွင်လည်း ဆီဆိုင်မြို့တွင်း တိုက်ပွဲဖြစ်ပွားနေ သောကြောင့် နေရပ်မပြန်ကြရန် ရေးသားဖော်ပြထားသည်။

ကန္တာရဝတီတိုင်း (မ်) သတင်းဌာနမှ ဖော်ပြထားသောသတင်းကိုအောက်ကလင့်တစ်ခုကြည့်ပါ။

မူရင်းလင့်- https://www.kantarawaddytimes.org/9r8z

ထို့အပြင် မြို့ပေါ်ရပ်ကွက်တိုင်းမှာ စစ်လက်နက်အကြွင်းအကျန်ဖြစ်သည့် မြေမြုပ်မိုင်း၊ ဗုံးသီးများ ကျန်ရှိနေ သေးသောကြောင့် ဧပြီလ ၁ ရက်နေ့က နေရပ်ပြန်သွားသည့် ဒေသခံအမျိုးသား ၁ ဦး မိုင်းနင်းမိ၍ ခြေထောက် ဖြတ်လိုက်ရကြောင်း ဒေသအတွင်း သတင်းဌာနဖြစ်သည့် ခမ်းသားငေါဝ်းမီဒီယာကလည်း ရေးသားဖော်ပြထားသည်။

မူရင်းလင့်- https://shorturl.at/xAH01

သို့သော် မည်သည့်လက်နက်ကိုင်တပ်ဖွဲ့မှ ထောင်ထားသည့်မိုင်းများဖြစ်ကြောင်း ရေးသားဖော်ပြခြင်းမရှိပေ။

ထိုမိုင်းများအား ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA နှင့် ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF ကထောင်ထားသည်ဟု စစ်ကောင်စီ ဝါဒဖြန်ချယ်နယ်များက စွပ်စွဲရေးသားဖော်ပြနေလျက်ရှိသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA ကလည်း အဆိုပါမိုင်းများအား စစ်ကောင်စီတပ်ဖွဲ့က ထောင်ထားကြောင်း သျှမ်းသံတော်ဆင့်ကို ဧပြီလ ၃ ရက်မှာ ပြောဆိုထားပါသည်။

“ဟုတ်ကဲ့ပါ။ မြို့ထဲမှာတွေ့နေရတဲ့ ဗုံးသီးတွေက စစ်ကောင်စီဘက်က ပစ်လိုက်တဲ့လက်နက်ကြီးပါ။ ဒီဗုံးသီး တွေကရပ်ကွက်တိုင်းမှာရှိပါတယ်။ ပြီးတော့ စစ်တပ်က မိုင်းထောင်ထားတွေလည်း ရှိတယ်။ မပေါက်ကွဲသေးတဲ့ မိုင်းတွေ အများကြီးရှိတယ်” ဟု PNLA ၏ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။

ပူးပေါင်းတော်လှန်ရေး အင်အားစုတပ်ဖွဲ့များတို့ ထိန်းချုပ်ထားသည့် ဆီဆိုင်မြို့ကို ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့က ပြန်လည်ထိုးစစ်ဆင်သောကြောင့် မြောက်ဘက်ခြမ်းက မြို့တစ်ဝက်ကို ထိန်းချုပ်ထားပြီး ကျန်သည့်တောက်ဘက်ခြမ်းက မြို့တစ်ဝက်ကိုတော့ ပူးပေါင်းတော်လှန်ရေး အင်အားစုတပ်ဖွဲ့များက ထိန်းချုပ်ထားဆဲခြင်းဖြစ်သည်။

ထို့ကြောင့် ဆီဆိုင်မြို့မှာ လက်ရှိအချိန်နှစ်ဖက်တပ်ဖွဲ့ကြား စစ်ရေးတင်းမာနေပြီး အချိန်မရွေးတိုက်ပွဲ ဖြစ်ပွားနိုင်သောကြောင့် ဒေသခံများအနေဖြင့် သတင်းတု၊ သတင်းမှားများ ယုံကြည်မိပြီး နေရပ်မပြန်ကြရန် တိုက်တွန်းထားသည်။

သျှမ်းသံတော်ဆင့် စာဖတ်ပရိတ်သတ်များအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီများတွင် သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းများကိုလည်း သျှမ်းသံတော်ဆင့် လူမှုကွန်ရက်စာမျက်နှာ (SHAN Burmese Vision ) Facebook Chat Boxမှဆစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screen Short ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုင်းလားတပ် (NDAA) က စစ်ကော်မရှင်နှင့် ပူးပေါင်း ပြီး တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်မည်ဆိုသည့် သတင်းမှား

0
သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားတပ်ဖွဲ့ (NDAA) သည် စစ်ကော်မရှင်နှင့် စစ်ရေးအရ ပူးပေါင်းလိုက်ပြီဖြစ်ကြောင်းနှင့် တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်ရန် အင်အားနှစ်သောင်းဖြင့် စစ်ပြင်နေပြီဖြစ်ကြောင်း ဓာတ်ပုံများနှင့်တကွ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း “နောင်ရိုး” အမည်ရှိ လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက NDAA တပ်ဖွဲ့ဝင်များ လက်နက်ကိုင်ဆောင်ထားသည့် ဓာတ်ပုံများနှင့်အတူ...

ဆီဆိုင်မြို့နယ်ရှိ ကျေးရွာများတွင် ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း၊ဆီဆိုင်မြို့နယ် ထမ်ဆိုင်းကျေးရွာနှင့် အနီးနားကျေးရွာများတွင် ဘောင်းဘီဝတ်ခွင့် ပိတ်ပင်ထားပြီး၊ ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလဆန်းပိုင်းမှစကာ ထမ်ဆိုင်းကျေးရွာနှင့် ၎င်းပတ်ဝန်းကျင် အနီးနားရှိကျေးရွာမှ ဒေသခံများ ရိုးရာ ဝတ်စားဆင်ယင်မှု လျော့နည်းလာခြင်း၊ ကျေးရွာ ဂုဏ်သိက္ခာထိခိုက်စေလာမှုကြောင့် ဘောင်းဘီဝတ်ဆင်မှုကို ကျေးရွာသူကြီးများက ကန့်သတ်လိုက်ကြောင်း ၎င်းဒေသခံများက ပြောသည်။ အဆိုပါ ကန့်သတ်ချက်ကို...