Tuesday, January 27, 2026

လားရှိုးမြို့ တစ်ရက်အတွင်း ယာဉ်တိုက်မှု ၃ ကြိမ်ဆက်တိုက်ဖြစ်ပွား

သျှမ်းပြည် လားရှိုးမြို့တွင် တစ်ရက်အတွင်း ယာဉ်တိုက်မှု ၃ ကြိမ်ဆက်တိုက် ဖြစ်ပွားခဲ့ပြီး လူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

.

ယမန်နေ့ (သြဂုတ် ၁၈ ) ရက် ၁၁ နာရီဝန်းကျင်မှစပြီး လားရှိုး – သိန္နီပြည်ထောင်စု ကားလမ်းမကြီး နမ့်တွန်းရွာ ၁၆ မိုင် အဆင်းတွင် ကားနှစ်စီး ခေါင်းချင်းဆိုင် တိုက်မိပြီး အမျိုးသား ၁ ဦး နှင့် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့သည်။

အလားတူ လားရှိုးမြို့ လေယာဉ်ကွင်းလမ်းတွင် ကားတစ်စီး နှင့် ဆိုင်ကယ် ထပ်မံတိုက်မိပြီး ဆိုင်ကယ်ပေါ်မှ အမျိုးသား ၂ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရခဲ့သည့်အပြင် ဆိုင်ကယ်တစ်စီး ထပ်မံတိမ်းမှောက်မှု ဖြစ်ပြီး အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ၎င်းကို သွားရောက်ကူညီခဲ့သည့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။

အဆိုပါ ယာဉ်တိုက်မှု နှင့် ပတ်သက်ပြီး ဒေသခံတစ်ဦးက “လားရှိုးမှာ ကားတွေ၊ ဆိုင်ကယ်တွေ များလာတော့ ဖြစ်သလို မောင်းတယ်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာတော့ နေ့တိုင်းလိုလို ယာဉ်တိုက်မှု ဖြစ်နေတာ “ ဟု ၎င်းက ပြောသည်။

လက်ရှိမှာ ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရသူများကို လားရှိုးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေး၍ ဆေးဝါးကုသမှု ခံယူနေရသလို ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရသူတချို့ကို ခွဲစိတ်ကုသဆောင်သို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

ထို့အပြင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လားရှိုးမြို့တွင် ရွှေ့ပြောင်းအလုပ်သမားများ၊ လူနေမှုများ တိုးမြင့်လာသောကြောင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ခြင်း မရှိတော့ကြောင်း သိရသည်။

ယင်းကဲ့သို့ လိုက်နာဆောင်ရွက်သူ နည်းပါးလာခြင်းကြောင့် ယာဉ်ထိန်းရဲများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့သော်လည်း ထိရောက်စွာမရှိကာ လမ်းမပေါ် ပိုက်ဆံကောက်ခံနေလျက်ရှိကြောင်း ဒေသခံ တစ်ဦးက ထပ်လောင်းပြောသည်။

“ဟောပြောပွဲတော့ လုပ်ခဲ့တယ်။ အခုက စည်းကမ်း မလိုက်နာရင် ဒဏ်ငွေ ရိုက်တာပေါ့။ ယာဉ်တိုက်မှု ဖြစ်လာရင် ယာဉ်ထိန်းရဲတွေက အမှုစစ်ဆေးပြီး ပိုက်ဆံကောက်တယ်။ လမ်းမှာလည်း စစ်ဆေးရေး စောင့်ပြီး ပိုက်ဆံကောက်တယ် “ ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် သြဂုတ် ၁ ရက်မှ ၁၉ ရက်အထိ လားရှိုးမြို့တွင် ယာဉ်တိုက်မှု စုစုပေါင်း ၇ ကြိမ် ဖြစ်ပွားပြီး အမျိုးသား ၁၀ ဦး အမျိုးသမီး ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

SSPP နှင့် အငြင်းပွားမှုနယ်မြေအတွင်း အုပ်ချုပ်ရေးချမှတ်ခြင်း မပြုလုပ်ရန် MNDAA သဘောတူ

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား နယ်မြေအငြင်းပွားမှု ဒေသအတွင်း MNDAA ဘက်မှ တပ်သားသစ်စုဆောင်းခြင်းနှင့် အုပ်ချုပ်ရေးချမှတ်ခြင်း မပြုလုပ်ရန် သဘောတူခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ (၁၇) ရက်တွင် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအနီး သံလွင်ကျေးရွာတွင် SSPP နှင့် MNDAA...

လားရှိုးမြို့အဝင် MNDAA စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီယာဉ်တန်း အချိန်အတော်ကြာ စစ်ဆေးခံရ

0
သျှမ်းပြည် လားရှိုးမြို့အဝင် မယ်ဟန်ကျေးရွာရှိ ကိုးကန့်တပ်ဖွဲ့ MNDAA စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီယာဉ်တန်းကို ကားပေါ်အထိ တက်ရောက်ကာ အချိန်အတော်ကြာ စစ်ဆေးခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ (၅) ရက် နံနက်ပိုင်းတွင် မိုင်းရယ်ဘက်မှ လာသည့် စစ်ကား (၆) စီးပါ စစ်ကောင်စီယာဉ်တန်းသည် လားရှိုးမြို့အဝင် မယ်ဟန်ကျေးရွာရှိ MNDAA...

လားရှိုးမြို့လို ထပ်အဖြစ်မခံလောက်တော့ဘူး။ အကယ်လို့ ထပ်လက်လွှတ်ခဲ့ရတယ်ဆိုရင်တောင် DPLA ပြန်တိုက်ထုတ်မယ်။

0
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) သည် စစ်အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒများကို ဆန့်ကျင်တိုက်ဖျက်သွားရန် ဆိုသည့် ရည်ရွယ်ချက်ဖြင့် ၂၀၂၂ ခုနှစ် သြဂုတ်လ ၇ ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ လက်ရှိတွင် DPLA အဖွဲ့ဝင် စစ်အင်အား တစ်ထောင်ကျော်ရှိပြီး ဓနုလူမျိုးများနေထိုင်သည့် သျှမ်းပြည်မြောက်ပိုင်းနှင့် သျှမ်းပြည်တောင်ပိုင်း ရွာငံ၊...

တရုတ်“ကျားကွက်”ထဲက လားရှိုးမြို့

0
“ စကစပဲ အုပ်ချုပ်သည်ဖြစ်စေ၊ ကိုးကန့်တပ်ကပဲ အုပ်ချုပ်သည်ဖြစ်စေ ကြိုက်တဲ့လူအုပ်ချုပ်ပါစေ ပြည်သူကတော့ အုပ်ချုပ်တဲ့လူတွေ ပြည်သူတွေအပေါ် မျှမျှတတ ဖြစ်ဖို့ပဲ လိုချင်တယ်။ ဘယ်သူ လာအုပ်ချုပ်ပါ၊ ဘယ်သူ မအုပ်ချုပ်နဲ့ လို့လည်း ပြောပိုင်ခွင့် မရှိဘူး၊ လက်ယက် ခေါ်လို့လည်း မရဘူး”လို့ လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း စစ်ဘေးရှောင်ဖြစ်ခဲ့ရတဲ့...

လားရှိုး မိန်းကလေးငယ်ကို အပြိုင်လိုက်ကြိုက်သည့် ကိုးကန့်တပ်သားနှစ်ဦး အချင်းချင်းပစ်သတ်၊ မိန်းကလေးကို MNDAA ဖမ်းထားပြီး ပြန်မလွှတ်သေး

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာအုပ်စုတွင် ကိုးကန့်တပ်သားနှစ်ဦးသည် အရွယ်မရောက်သေးသည့် မိန်းကလေးငယ်ကို အပြိုင်လိုက်ကြိုက်ရာမှ အချင်းချင်း ပစ်သတ်ခဲ့၍ တစ်ဦးသေဆုံးသွားပြီး စွပ်စွဲခံရသည့် မိန်းကလေးကို MNDAA က ဖမ်းဆီးထားကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ (၇) ရက် နံနက် (၆) နာရီကျော်တွင် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ရှိ...