Friday, January 30, 2026

လားရှိုးမြို့တွင် ဆရာတော်ကို အငြိုးကြောင့် သဝာ်ဖြတ်ခဲ့သည့် ကျောင်းသားနှစ်ဦးဖမ်းမိ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် သီတင်းသုံးနေထိုင်သည့် ဆရာတော်တစ်ပါးအား သတ်ဖြတ်ခဲ့သည့် သတ္တမတန်း ကျောင်းသားနှစ်ဉီးကို ဖမ်းဆီးရမိခဲ့ကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ ရက်တွင် လားရှိုးမြို့၊ ရပ်ကွက် (၄) ရှိ မဟာဗောဓရုံ ကျောင်းတိုက်အတွင်း၌ သက်တော် (၆၀) ဝန်းကျင်ရှိ ဆရာတော်တစ်ပါးကို လူငယ်နှစ်ဦးက ဝင်ရောက် လုပ်ကြံ သတ်ဖြတ်ခဲ့သည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၇ ရက်တွင် လားရှိုးမြို့ ရပ်ကွက် (၄)ရှိ မဟာဗောဓရုံ ကျောင်းတိုက်အနီးတွင် ကျောင်းသားတစ်စု ရန်ဖြစ်နေခြင်းကြောင့် ဆရာတော်မှ လေးခွဖြင့် ပစ်ကာ တားဆီးခဲ့ကြောင်း လားရှိုးမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျောင်းနှစ်ကျောင်းက (၇) တန်း ကျောင်းသား ကလေးတွေ ဘုန်းကြီးကျောင်း အနီးမှာ ချိန်းပြီး ရန်ဖြစ်ကြတာ။ အဲ့ဒါကို ဘုန်းကြီးက လေးခွနဲ့ ပစ်တာ၊ (၇) တန်းကျောင်းသားနှစ်ဦးရဲ့ လက်မောင်းကို ထိသွားတာ”ဟု ဖြစ်စဉ်သိရှိသူ လားရှိုးမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ထို့နောက် ဇန်နဝါရီလ ၂၈ ရက် နံနက်ပိုင်းတွင် လေးခွထိမှန်ခဲ့သည့် အဆိုပါ ကျောင်းသားနှစ်ဦးသည် အငြိုးအတေးဖြင့် မဟာဗောဓရုံ ကျောင်းတိုက်ထံ ပြန်လာကာ ဆရာတော်ထံ ဆွမ်းလာကပ်သည်ဟု ပြောဆိုပြီး ကိုယ်ထိလက်ရောက် လုပ်ကြံသ၀◌ာ်ဖြတ်ခဲ့ကြောင်း ၎င်းအမျိုးသားက ဆက်ပြောသည်။

“အဲ့ဒီမနက် ၆ နာရီ ဝန်းကျင်လောက်မှာ ကလေးနှစ်ယောက်က ဘုန်းကြီးကျောင်းကို လာပြီး ဘုန်းကြီးကို ဆွမ်းကပ်ဖို့ လာတယ်။ လက်ထဲမှာလည်း မုန့်ဟင်းခါးနဲ့ ကန်တော့ဖို့ ပန်းပါလာတော့ တခြား ဦးဇင်းကလည်း ဘုန်းကြီးကို သွားခေါ်ပေးတာ။ ဘုန်းကြီးက တစ်ပါးတည်း သွားတော့ အဲ့ကလေး နှစ်ယောက်က တူနဲ့ထု ဓားနဲ့ ထိုးသ၀◌ာ်သွားတာ”ဟု လားရှိုးမြို့နယ် ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။

အခင်းဖြစ်ပွားသည့်နေရာတွင် ဆရာတော်အား လုပ်ကြံသ-တ်ဖြတ်ခဲ့သူ ကျောင်းသားနှစ်ဦး၏ ဖုန်း ကျကျန်ခဲ့ရာမှ တာဝန်ရှိသူများက ခြေရာခံ လိုက်လံ ဖမ်းဆီးနိုင်ခဲ့ရာ လားရှိုးမြို့မှ အသက် ၁၈ နှစ်‌အောက် ကျောင်းသား နှစ်ဦး ဖြစ်နေကြောင်း သိရသည်။

ထိုကျောင်းသားနှစ်ဦးသည် အသက် ၁၆ နှစ်ဝန်းကျင်ခန့်သာ ရှိပြီး အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-၆) တွင် ပညာသင်ကြားနေသည့် (၇) တန်းကျောင်းသားများ ဖြစ်ကြကြောင်း သိရသည်။

အဆိုပါ လုပ်ကြံသတ်ဖြတ်ခံရသည့် ဆရာတော်၏ ဝမ်းဗိုက်တွင် ဓားဒဏ်ရာ (၁၂) ချက်အထိ ထိုးနှက်ထားသည့်အပြင် ဦးခေါင်းကိုလည်း တူဖြင့် ထုရိုက်ကာ သွားများကိုပါ ရိုက်ချိုးထားသည့် ဒဏ်ရာများဖြင့် ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ဒေသခံများအကြား တုန်လှုပ်ခြောက်ခြားလျက် ရှိသည်။

လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ မြို့တွင်းလုံခြုံရေး ယူထားသည့်ကြားမှ ယခုကဲ့သို့ သွေးအေးရက်စက်သည့် လူသ-တ်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် မြို့နေပြည်သူများအကြား တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေး အခြေအနေအပေါ် မေးခွန်းထုတ်မှုများ မြင့်တက်လျက်ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

SSPP နှင့် အငြင်းပွားမှုနယ်မြေအတွင်း အုပ်ချုပ်ရေးချမှတ်ခြင်း မပြုလုပ်ရန် MNDAA သဘောတူ

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား နယ်မြေအငြင်းပွားမှု ဒေသအတွင်း MNDAA ဘက်မှ တပ်သားသစ်စုဆောင်းခြင်းနှင့် အုပ်ချုပ်ရေးချမှတ်ခြင်း မပြုလုပ်ရန် သဘောတူခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ (၁၇) ရက်တွင် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအနီး သံလွင်ကျေးရွာတွင် SSPP နှင့် MNDAA...

လားရှိုးမြို့အဝင် MNDAA စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီယာဉ်တန်း အချိန်အတော်ကြာ စစ်ဆေးခံရ

0
သျှမ်းပြည် လားရှိုးမြို့အဝင် မယ်ဟန်ကျေးရွာရှိ ကိုးကန့်တပ်ဖွဲ့ MNDAA စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီယာဉ်တန်းကို ကားပေါ်အထိ တက်ရောက်ကာ အချိန်အတော်ကြာ စစ်ဆေးခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ (၅) ရက် နံနက်ပိုင်းတွင် မိုင်းရယ်ဘက်မှ လာသည့် စစ်ကား (၆) စီးပါ စစ်ကောင်စီယာဉ်တန်းသည် လားရှိုးမြို့အဝင် မယ်ဟန်ကျေးရွာရှိ MNDAA...

လားရှိုးမြို့လို ထပ်အဖြစ်မခံလောက်တော့ဘူး။ အကယ်လို့ ထပ်လက်လွှတ်ခဲ့ရတယ်ဆိုရင်တောင် DPLA ပြန်တိုက်ထုတ်မယ်။

0
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) သည် စစ်အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒများကို ဆန့်ကျင်တိုက်ဖျက်သွားရန် ဆိုသည့် ရည်ရွယ်ချက်ဖြင့် ၂၀၂၂ ခုနှစ် သြဂုတ်လ ၇ ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ လက်ရှိတွင် DPLA အဖွဲ့ဝင် စစ်အင်အား တစ်ထောင်ကျော်ရှိပြီး ဓနုလူမျိုးများနေထိုင်သည့် သျှမ်းပြည်မြောက်ပိုင်းနှင့် သျှမ်းပြည်တောင်ပိုင်း ရွာငံ၊...

တရုတ်“ကျားကွက်”ထဲက လားရှိုးမြို့

0
“ စကစပဲ အုပ်ချုပ်သည်ဖြစ်စေ၊ ကိုးကန့်တပ်ကပဲ အုပ်ချုပ်သည်ဖြစ်စေ ကြိုက်တဲ့လူအုပ်ချုပ်ပါစေ ပြည်သူကတော့ အုပ်ချုပ်တဲ့လူတွေ ပြည်သူတွေအပေါ် မျှမျှတတ ဖြစ်ဖို့ပဲ လိုချင်တယ်။ ဘယ်သူ လာအုပ်ချုပ်ပါ၊ ဘယ်သူ မအုပ်ချုပ်နဲ့ လို့လည်း ပြောပိုင်ခွင့် မရှိဘူး၊ လက်ယက် ခေါ်လို့လည်း မရဘူး”လို့ လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း စစ်ဘေးရှောင်ဖြစ်ခဲ့ရတဲ့...

လားရှိုး မိန်းကလေးငယ်ကို အပြိုင်လိုက်ကြိုက်သည့် ကိုးကန့်တပ်သားနှစ်ဦး အချင်းချင်းပစ်သတ်၊ မိန်းကလေးကို MNDAA ဖမ်းထားပြီး ပြန်မလွှတ်သေး

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာအုပ်စုတွင် ကိုးကန့်တပ်သားနှစ်ဦးသည် အရွယ်မရောက်သေးသည့် မိန်းကလေးငယ်ကို အပြိုင်လိုက်ကြိုက်ရာမှ အချင်းချင်း ပစ်သတ်ခဲ့၍ တစ်ဦးသေဆုံးသွားပြီး စွပ်စွဲခံရသည့် မိန်းကလေးကို MNDAA က ဖမ်းဆီးထားကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ (၇) ရက် နံနက် (၆) နာရီကျော်တွင် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ရှိ...