လားရှိုးမြို့လို ထပ်အဖြစ်မခံလောက်တော့ဘူး။ အကယ်လို့ ထပ်လက်လွှတ်ခဲ့ရတယ်ဆိုရင်တောင် DPLA ပြန်တိုက်ထုတ်မယ်။

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) သည် စစ်အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒများကို ဆန့်ကျင်တိုက်ဖျက်သွားရန် ဆိုသည့် ရည်ရွယ်ချက်ဖြင့် ၂၀၂၂ ခုနှစ် သြဂုတ်လ ၇ ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။

လက်ရှိတွင် DPLA အဖွဲ့ဝင် စစ်အင်အား တစ်ထောင်ကျော်ရှိပြီး ဓနုလူမျိုးများနေထိုင်သည့် သျှမ်းပြည်မြောက်ပိုင်းနှင့် သျှမ်းပြည်တောင်ပိုင်း ရွာငံ၊ ရပ်စောက်နှင့် နောင်ချိုမြို့နယ်အတွင်း လှုပ်ရှားနေကြောင်း သိရသည်။

DPLA ၏ စစ်ရေးမဟာမိတ်အနေဖြင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA )နှင့် ပူးပေါင်းပြီး နောင်ချိုမြို့နယ် တောင်းခမ်းဒေသအတွင်း စစ်ကောင်စီတပ်ကို တိုက်ခိုက်နေပြီး၊ ရွာငံနှင့် ရပ်စောက်မြို့နယ်တွင်လည်း စစ်ကောင်စီတပ်နှင့် ၎င်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ ပပျောက်ရန်အတွက် ချေမှုန်းတိုက်ခိုက်နေသည်။

လက်ရှိမှာ တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် မဟာမိတ်တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး (၁၀) လနီးပါး ထိန်းချုပ်ထားခဲ့သည့် လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်လွှဲအပ်သော ကိစ္စသည် TNLA နှင့် DPLA တို့ ပူးတွဲထိုးစစ်ဆင်နေသည့် နောင်ချိုမြို့နယ် တောင်းခမ်းဒေသအပေါ် သက်ရောက်လာနိုင်မှု၊ နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် ပိုမိုတိုက်ခိုက်လာမှု အခြေအနေများကို ရှေ့တန်းစစ်မြေပြင်ရှိ DPLA တပ်ဖွဲ့ဝင် ရဲဘော်တစ်ဉီးကို သျှမ်းသံတော်ဆင့် သတင်းထောက် နန်းခမ်းကူ က ဆက်သွယ်မေးမြန်းထားသည်။

မေး ။ ။ လားရှိုးမြို့ကို စစ်ကောင်စီ ပြန်ဝင်ရောက်လာမှုကြောင့် TNLA သိမ်းပိုက်ထားတဲ့နေရာ နောင်ချို၊ သီပေါ၊ ကျောက်မဲဘက်ကရော လက်ရှိ ဘယ်လိုအခြေအနေ သက်ရောက်မှုရှိလဲ။ DPLA လှုပ်ရှားတဲ့ နောင်ချို ဘက်ရော အခုရက်ပိုင်း ဘာတွေ ထူးခြားမှုရှိလဲ။

ဖြေ ။ ။ အခုလို လားရှိုးကို စစ်ကောင်စီ ဝင်ရောက်လာတော့ စိုးရိမ်စရာတော့ အများကြီးပဲ။ လေကြောင်းနဲ့ရော မြေပြင်ကပါ သူတို့အတွက် အားသာချက် ဖြစ်သွားမယ်။ အဓိက လေကြောင်းနဲ့ ဒရုန်းကိုတော့ အရမ်းစိုးရိမ်ရတယ်။

တခြားမြို့ဖြစ်တဲ့ နောင်ချို၊ သီပေါ၊ ကျောက်မဲတို့က စစ်ကောင်စီရဖို့ မရှိသေးပါဘူး။ မြေပြင်မှာ သူတို့အင်အားများနေလည်း မရနိုင်ပါဘူး။ တရုတ်အကူအညီနဲ နောင်ချိုတို့ သီပေါတို့ကိုလည်း လားရှိုးမြို့လို ထပ်အဖြစ်မခံလောက်တော့ဘူး။ အကယ်လို့ ထပ်လက်လွှတ်ခဲ့ရတယ် ဆိုရင်တောင် DPLA အနေနဲ့ ပြန်တိုက်ထုတ်မယ်။

မေး ။ ။ နောင်ချိုမြို့နယ် တောင်းခမ်းဒေသက ဘယ်လိုအချက်အခြာကျလဲ၊ တိုက်ပွဲက ဘာကြောင့် အချိန်ကြန့်ကြာနေလဲ။

ဖြေ ။ ။ တောင်းခမ်းက နောင်ချို၊ ရပ်စောက်နဲ့ ပြင်ဦးလွင် စတဲ့ မြို့နယ် သုံးနယ်ရဲ့ အချက်အခြာကျတဲ့ နေရာတစ်ခုဖြစ်တယ်။ လားရှိုးကို ဝင်လို့မရခင်က သျှမ်းမြောက်ကို မြေပြင်ထိုးစစ် ပြုလုပ်မယ့်နေရာက တောင်းခမ်းတစ်ခုတည်း ကျန်နေတော့ ဒီတောင်းခမ်းကိုပဲ လာဖိနေတော့ တိုက်ပွဲက ကြန့်ကြာနေရတာ ဖြစ်တယ်။ တောင်ခမ်းကိုသာ စစ်ကောင်စီ ရသွားမယ်ဆိုရင် ကိုယ့်ဓနုဒေသ အပါအဝင် ထိန်းချုပ်နယ်မြေတွေအတွက် အကျိုးသက်ရောက်မှု ပိုများတယ်။

မေး ။ ။ DPLA ရဲ့ တော်လှန်ရေး ရည်မှန်းချက်က ဘာဖြစ်မလဲ။

ဖြေ ။ ။ ကျနော်တို့ ဓနုပြည်နယ် ဖော်ဆောင်ဖို့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရနိုင်ဖို့ ဖြစ်တယ်။ အဓိကတော့ ကိုယ့်ဒေသကို ကိုယ်ပိုင်အုပ်ချုပ်မယ်၊ ကိုယ့်လူမျိုးတွေပဲ ဦးဆောင်နိုင်ဖို့ဖြစ်တယ်။ ကျနော်တို့ ဓနုဒေသမှာ စစ်ပွဲ မဖြစ်လာနိုင်ဘူးလို့ ပြောမရပါဘူး၊ အဓိက စစ်ကောင်စီတွေ အထိုင်ရှိနေတဲ့ နေရာတွေမှာ စိုးရိမ်ရမယ်။ ပြည်သူများအနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားရင်တော့ ကောင်းတာပေါ့။

မေး ။ ။ TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ် တောင်းခမ်းဒေသဘက်မှာ လက်ရှိစစ်ဘေးရှောင် အခြေအနေ ဘယ်လိုရှိနေလဲ။

ဖြေ ။ ။ စစ်ကောင်စီ ရယူထားတဲ့ တောင်းခမ်းနားက ရွာတစ်ချို့မှာတော့ စစ်ရှောင်တွေ အနည်းအကျဉ်းတော့ ပြန်ဝင်နေကြပြီ ကြားတယ်။ ဒီဘက် ကျနော်တို့ဘက်ခြမ်းက ကျေးရွာတွေတော့ ခုထိ ရှောင်နေတုန်းပဲ။ ကြံခင်းတွေလည်း ဒီတိုင်းပဲ ပြန်ခုတ်လို့ မရသေးဘူး။ ခုထိ တိုက်ပွဲဖြစ်နေတုန်း ဆိုတော့ ဘယ်သူမှ ပြန်မလာရဲကြသေးဘူး။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နောင်ချို-မန္တလေးလမ်းတွင် ဂိတ်ကြေး ကျပ်သိန်း (၁,၀၀၀) ကျော်အထိ ပေးဆောင်ရ

0
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှ မန္တလေးသို့ သွားသည့် လမ်းတလျှောက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များတွင် ဂိတ်ကြေးနှင့် လမ်းရှင်းခ တောင်ခံမှုသည် အဆမတန် မြင့်မားနေကြောင်း ကုန်သည်များနှင့် ယာဉ်မောင်းများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလမှစတင်ကာ စစ်ကော်မရှင်၏ "ရက် ၁၀၀ စီမံချက်" ဖြင့် ကုန်သွယ်ရေးလမ်းကြောင်းများကို တင်းကျပ်လိုက်ပြီးနောက် နယ်စပ်မှဝင်လာသည့်...

ရွာငံတွင် စစ်တပ်က အရပ်သားများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်တွင် စစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့်ဝင်ရောက်လာပြီး အရပ်သားများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှစပြီး စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် မြောက်ဘက်ပိုင်းတွင် စစ်အင်အား အလုံးအရင်းဖြင့်နေစဉ် စစ်ကြောင်းထိုးပြီး၊ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA)နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထို့နောက် ရွာငံမြို့ မြောက်ဘက်ကျေးရွာရှိ...

ရွာငံအတွင်း စစ်တပ် အင်းအားဖြည့် ဒေသခံများကို ဖမ်းဆီးရိုက်နှက်မှုရှိ 

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်  အတွင်းသို့ စစ်ကော်မရှင်တပ်သည့် နေ့စဉ် အင်အားဖြည့်တင်းနေပြီး၊ အရပ်သားဖမ်းဆီးရိုက်နှက်မှုများလည်း ဆက်တိုက်ကျူးလွန်နေကြောင်း စုံစမ်းသိရသည်။  နွားဘန်းကြီးကျေးရွာနှင့် ပွေးနဖားကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်က အင်အား အလုံးရင်းဖြင့် စစ်ကြောင်းထိုးနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...