လားရှိုးမြို့အဝင် MNDAA စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီယာဉ်တန်း အချိန်အတော်ကြာ စစ်ဆေးခံရ

သျှမ်းပြည် လားရှိုးမြို့အဝင် မယ်ဟန်ကျေးရွာရှိ ကိုးကန့်တပ်ဖွဲ့ MNDAA စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီယာဉ်တန်းကို ကားပေါ်အထိ တက်ရောက်ကာ အချိန်အတော်ကြာ စစ်ဆေးခဲ့ကြောင်း စုံစမ်းသိရသည်။

ဇွန်လ (၅) ရက် နံနက်ပိုင်းတွင် မိုင်းရယ်ဘက်မှ လာသည့် စစ်ကား (၆) စီးပါ စစ်ကောင်စီယာဉ်တန်းသည် လားရှိုးမြို့အဝင် မယ်ဟန်ကျေးရွာရှိ MNDAA စစ်ဆေးရေးဂိတ်တွင် အချိန်အတော်ကြာ စစ်ဆေးခံခဲ့ရပြီး ကိုးကန့်တပ်သားများမှ စစ်ကောင်စီကားပေါ်အထိ တက်ရောက်ခဲ့ကြောင်း လားရှိုးမြို့မှ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“မြို့အဝင် မယ်ဟန်အကျော်နားက ကိုးကန့်ဂိတ်မှာ စစ်ကားတွေပါ ရပ်ထားရတယ်။ စစ်ကောင်စီကားတန်းမှာ ၆ စီးလောက်တော့ ပါမယ်။ အဲ့မှာ စစ်သားတွေလည်း ဗမာလိုတော့ ပြောနေတာပဲ၊ နောက်တော့ ကိုးကန့်ဘက်က စစ်ကား မိုးကာအဖုံးထဲ ဝင်စစ်တယ်။ တော်တော်ကြာလိုက်တယ်”ဟု လားရှိုးမြို့မှ ၎င်းစစ်ရေးသတင်းရင်းမြစ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

MNDAA စစ်ဆေးရေးဂိတ်တွင် အချိန်အတော်ကြာ စစ်ဆေးခံရသည့် စစ်ကောင်စီယာဉ်တန်းသည် လားရှိုးမြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ရုံးဌာနများအတွက် ထောက်ပို့ယာဉ်များဖြစ်ကြောင်း ၎င်းစစ်ရေးသတင်းရင်းမြစ်က ထပ်လောင်းပြောသည်။

လားရှိုးမြို့အဝင် MNDAA စစ်ဆေးရေးဂိတ်တွင် ကောက်ခံသည့် လမ်းတံတားကြေး ဖြတ်ပိုင်း (ဓာတ်ပုံ – ဒေသခံ)

အဆိုပါဂိတ်တွင် MNDAA ဘက်မှ လမ်းတံတားကြေးအဖြစ် ကားသေးတစ်စီးလျှင် တစ်ထောင်ကျပ် ကောက်ခံပြီး ဖြတ်ပိုင်းပြန်ပေးကြောင်း၊ MNDAA ဂိတ်နှင့် စစ်ကောင်စီဂိတ်များမှာ နီးနီးကပ်ကပ် တည်ရှိနေကြောင်း လားရှိုးဒေသခံများက ပြောဆိုသည်။

လက်ရှိတွင် ဧပြီလ (၂၂) ရက်က လားရှိုးမြို့ပေါ်သို့ ဝင်ရောက်လာခဲ့သည့် စစ်ကောင်စီလက်အောက်ခံ အရှေ့မြောက် တိုင်းစစ်ဌာနချုပ် (ရမခ) မှ စစ်ယာဉ်တန်း (၂၀၀) ကျော်သည် လားရှိုးတက္ကသိုလ်၊ အမှတ် (၆၂၆) ထောက်ပို့တပ်၊ (၉၁၂) စစ်အင်ဂျင်နီယာ တပ်ရင်းနှင့် ခလရ (၄၁) တပ်ရင်းတို့တွင် ပြန်လည်နေရာချထားကြောင်း ဒေသခံများထံမှ သိရသည်။

၎င်းနောက်တွင် မေလဆန်းပိုင်းမှ စတင်ကာ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများဖြင့် လားရှိုးမြို့ရှိ ပြည်သူ့ဆေးရုံ၊ မြို့နယ်ပညာရေးမှူးရုံး၊ လဝကရုံးနှင့် မြို့သန့်ရှင်းရေး စည်ပင်သာယာရေးဌာနတို့ လုပ်ငန်းလည်ပတ်ခဲ့သည်။

လားရှိုးမြို့ပေါ်မှ MNDAA တပ်ဆုတ်ပြီး တစ်လမပြည့်မှ မေလအတွင်း၌ စစ်ကောင်စီသုံ့ပန်းများကို အသုတ်လိုက်ခွဲ၍ ပြန်လွှတ်ပေးခဲ့ပြီး မြို့နှင့် ၄ မိုင် ပတ်ပတ်လည်တွင် ကိုးကန့်တပ်များ ဆက်လက်နေရာယူ တပ်စွဲထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...